News

ကမ္ဘာ့အကောင်းဆုံး အစစ်မှန်ဆုံး Android ဖုန်းများ

Pure Android: Samsung Galaxy S4

စမတ်ဖုန်းတွေကို နှိုင်းယှဉ်တဲ့အခါမှာ စမတ်ဖုန်းလောကထဲမှာ အကောင်းဆုံးဟုဆိုရမည့် Android ဖုန်းကို ဖော်ပြလိုက်ပါသည်။ Android ဖုန်းတွေ နှိုင်းယှဉ်တဲ့ နေရာမှာ Googleမှ Update ကျတဲ့ Softwareတွေ ဘယ်လောက်လက်ခံနိုင်သလဲ ဆိုတာကလည်း အချက်အချာကျပါတယ်၊ Android ဖုန်းတစ်လုံးမှာ ပါ၀င်နေတဲ့ Softwareတွေ ၊Third Party App တွေက တစ်ခုနှင့်တစ်ခု မတူညီအောင် ပိုမိုကောင်းမွန်တဲ့ ခံစားချက်တွေကို ပေးစွမ်းနေကျပါတယ်။ မည်သို့ပင်ဖြစ်စေ Android ဖုန်းတွေဟာ ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ၀င်လာနေပြီ ဖြစ်ပါတယ်။

HTC One Google Play Edition

HTC Oneဟာ အရောင်းရဆုံး ဖုန်းဖြစ်နေတဲ့အတွက် Android ဖုန်းဈေးကွက်ထဲမှာ လက်ရှိအချိန်တွင် ဘုရင်တစ်ပါး ဖြစ်နေပါတယ်။ Google Nexus နည်းပညာကို လက်ဆင့်ကမ်း သယ်လာသူလည်း ဖြစ်သည်။ HTC One မှာဆိုရင် Google Playမှ ပေါင်းစပ်မှုတွေပါ၀င်ပြီး အလူမီနီယံဖြင့် ပြုလုပ်ထားသည့် ဒီဇိုင်းဖြစ်သည်။ Android 4.2.2 Jelly Bean ဖြစ်ပြီး Processor 1.7GHz quad-core ၊ 2 GB Ramဖြင့် အလုပ်လုပ်သည်၊ အရွယ်အစား 4.7 လက်မရှိပြီး စပီကာအထူး ကောင်းမွန်ပါသည်။

Samsung Galaxy S 4

S 4ဟာဆိုရင် အခြားသော Android Phoneများထက် စွမ်းဆောင်ရည်ပြည့်၀တဲ့ Hardware များ ထည့်သွင်းရန် နေရာကျယ်ပြန့်သည်။ Jelly Bean လုပ်ဆောင်ချက် ပါ၀င်ပြီး ဖြုတ်တပ်ရ လွယ်ကူသည့် ဘတ္ထရီ အမျိုးအစားမျိုးဖြစ်ပြီး SD Card ကတ်အပိုပေါက် ပါ၀င်ပါသည်။

LG Nexus 4

LG Nexusမှာ အသုံးပြုထားတဲ့ ချစ်စရာ မှန်ဒီဇိုင်းနှင့် Android 4.2.2 Jelly Beanတို့က စမတ်ဖုန်းချစ်သူတွေကို ဆွဲဆောင်နိုင်စေခဲ့ပါသည်။ Nexus 4ဟာ 1.5 GZ quad-core Snap Dragon CPU စနစ်ကို အသုံးပြုထားပြီး Android သုံး Update ကျတဲ့ နည်းပညာတွေကို အစဉ်မပြတ် ရရှိနေမှာပဲ ဖြစ်ပါသည်။ Nesxs 4ဟာ 4G LTE ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

Samsung Galaxy Nexus

Samsung Galaxy Nexusကတော့ လက်မလွှတ်ချင်လောက်အောင် ကောင်းမွန်တဲ့ Android ဖုန်းတစ်မျိုးပဲ ဖြစ်ပါသည်။ ၂၀၁၁ခုနှစ်က ထုတ်လုပ်ခဲ့ပြီး စမတ်ဖုန်းတွေထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့ပါသည်။ Ice Cream Sandwich OSဖြင့် ထုတ်လုပ်ခဲ့ပြီး သူရဲ့မူရင်းဈေးနီးပါး ရောင်းချခဲ့မှုကြောင့် ၀ယ်သူများခဲ့ခြင်း ဖြစ်ပါသည်။

Ref: www.cnet.com

 

Related Posts

One thought on “ကမ္ဘာ့အကောင်းဆုံး အစစ်မှန်ဆုံး Android ဖုန်းများ

  1. may thu kyaw says:

    samsung 4ဘဲၾကိဳက္တယ္…

Leave a Reply

Your email address will not be published. Required fields are marked *