Mobile

Dellရဲ့ Ultrabookအသစ်

Ultrabookတွေဟာ အလွန်တရာပါးလွှာတဲ့ ဒီဇိုင်း၊ မြန်ဆန်သွက်လက်တဲ့ စက်အတွင်းပိုင်း စနစ်တွေနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ ကီးဘုတ်ခလုတ် စတဲ့အချက်တွေကြောင့် ၀ယ်ယူသုံးစွဲမယ့် သူတွေကို ဆွဲဆောင်နေဆဲပါ။ ဒါတင်မက စီးပွားရေးလုပ်ငန်းတွေ ဟာလည်းလုံခြုံစိတ်ချ ရပြီးထိန်းသိမ်းပြုပြင်ရ လွယ်ကူတဲ့ ဈေးချိုတဲ့ ကွန်ပျူတာ၊ လက်ပ်တော့တွေများစွာကို အလိုရှိနေကြတယ် ဆိုတာကတော့ အထူးတလည် ပြောစရာမလိုတော့ပါဘူး။

ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ နည်းပညာကုမ္ပဏီ Dellအနေနဲ့ Latitude 7000ဆိုတဲ့ Ultrabookအသစ် တစ်မျိုးကို မိတ်ဆက်ပြသ လိုက်ပါတယ်။ အဆိုပါ Ultrabookဟာ ကမ္ဘာ့လုံခြုံမှု အရှိဆုံး Ultrabookလို့တောင် ညွှန်းခံနေရပြီး စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ တကယ်ပဲ နှစ်သက်ကြလိမ့်မယ်လို့ Dellအနေနဲ့ မျှော်လင့်ထားပါတယ်။ ၃ပေါင်တောင် မပြည့်တဲ့ အလေးချိန်နဲ့ ပေါ့ပါးလှပြီး ၀.၇၉လက်မ အထူသာ ရှိတဲ့အတွက် ပါးလွှာတဲ့ Ultrabookတစ်လုံး ဖြစ်ပါတယ်။ Ultrabookရဲ့ Batteryဟာလည်း အလွယ်တကူ ဖြုတ်တပ်လို့ ရတဲ့ အမျိုးအစား မို့လို့ တကယ်ပဲ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အဆိုပါ Ultrabookဟာ Dellရဲ့ Data Protectionဆိုတဲ့ လုံခြုံရေးစနစ် အပါအ၀င် အခြားသော လုံခြုံရေး Featureတွေလည်း အများအပြားပဲ ပါ၀င်လာတာကို တွေ့ရပါတယ်။ ဈေးနှုန်းကတော့ ၁၀၄၉ဒေါ်လာ သတ်မှတ်ထားပြီး မျက်နှာပြင်အကျယ် ၁၂.၅လက်မနဲ့ ၁၄လက်မဆိုပြီး နှစ်မျိုးရှိပါတယ်။ RAM 8GBတပ်ဆင် ထားပြီး Screen Resolutionဟာလည်း full HD(1920×1080) ဖြစ်ပါတယ်။ ဒါ့အပြင် Processorကိုလည်း Intel Core i7အသုံးပြု ထားပြီး Display Touchနဲ့ Non-Touchဆိုပြီး နှစ်မျိုးနှစ်စား လာမှာ ဖြစ်ပါတယ်။ Laptopအမျိုးအစား နှစ်ခုလုံးအတွက် အချက်အလက် ထားသိုဖို့ 256GB Storageပေးထား ပေမယ့် 14inchesလက်ပ်တော့ အတွက်တော့ 500GB Hard Diskကိုလည်း ထောက်ပံ့ပေးထားမယ် လို့သိရပါတယ်။

Dellက အခုထုတ်လုပ်လိုက်တဲ့ Ultrabookဟာ Businessကို အဓိကရည်ရွယ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ အဆိုပါ Ultrabookရဲ့ ပုံလေးတွေကို တင်ဆက်ပေး လိုက်ပါတယ်။ Latitude 7000ဟာ ပေါ့ပါးပြီး စမတ်ကျတဲ့ Ultrabookတစ်လုံး ဖြစ်ရုံသာမက မည်သည့် Workstationနဲ့မဆို အလုပ်လုပ်နိုင်ဖို့ Dellရဲ့ E-portsတွေ တပ်ဆင်ထားပြီး ဖြစ်ကာ အဆင်မြင့် Encryptionတွေလည်း အသုံးပြု ထားတယ်လို့ သိရပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *