How-to

Memory Stickကို သုံးပြီး ကွန်ပျူတာရဲ့ Speedကို မြှင့်တင်မယ်

Memory Stickကို Random Access Memory (RAM)အဖြစ် အသုံးပြုပြီး မိမိကွန်ပျူတာရဲ့ Speedကို မြှင့်တင်တဲ့ နည်းလမ်းကို Netbook အသုံးပြုသူ တော်တော်များများ အသုံးပြုကြပါသည်။ အကြောင်းရင်းကတော့ Netbookတွေ တော်တော်များများဟာ RAM 1GBလောက်ပဲ ပါဝင်လေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။ အသုံးပြုဖို့ နည်းလမ်းကလည်း ရိုးရှင်း လွယ်ကူပါတယ်။ မိမိရဲ့ Systemမှာ တပ်ဆင်မယ့် Flash Driveမှာ နေရာလွတ် (Free Space) 256MBလောက်တော့ အနည်းဆုံး ရှိဖို့ လိုပါတယ်။

ပြုလုပ်ပုံကတော့ ပထမဦးဆုံး Memory Stickကို USB Portမှာ တပ်ဆင်လိုက်ပါ။ AutoPlay တက်လာပြီဆိုရင်တော့ Speed Up My Systemဆိုတာလေးကို ပုံထဲမှာ ပြထားတဲ့ အတိုင်း ရွေးချယ်ပေးပါ။ ရွေးချယ်လိုက်ပြီဆိုရင်တော့ Properties Dialog Boxလေး ကျလာပါလိမ့်မယ်။ Properties Dialog Box ကျလာပြီ ဆိုရင်တော့ ReadyBoost Tabရဲ့အောက်မှာ Use This Deviceဆိုတဲ့ Optionကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Memory Space ဘယ်လောက်များများ ရယူ သုံးစွဲမလဲဆိုတာကို ရွေးချယ်ပေးရပါလိမ့်မယ်။ ဘယ်လောက် ပမာဏ သုံးစွဲသင့်တယ်ဆိုတဲ့ အကြံပြုချက်ကိုလည်း Recommend ပေးထားတာ တွေ့ရပါလိမ့်မယ်။ မိမိတပ်ဆင်ထားတဲ့ Memory Stick, Flash Driveရဲ့ Free Space အပေါ်မှာ မူတည်ပြီး ရွေးချယ်ပြီးရင်တော့ OK Buttomကို နှိပ်ပေးလိုက်ပါ။ ReadyBost Configure လုပ်တာကို ခဏစောင့်လိုက်ပြီးရင်တော့ System Perfermance ပိုမို ကောင်းမွန်လာတာကို တွေ့ရမှာပါ။ My Computer ထဲကို ဝင်ကြည့်ရင်တော့ သုံးစွဲထားတဲ့ ပမာဏကို ဖော်ပြထားမှာ ဖြစ်သလို အသုံးမပြုလိုတော့ဘူးဆိုရင်တော့ ပုံမှန်အတိုင်းပဲ Eject လုပ်ပြီး ဖြုတ်ယူလိုက်ရုံပဲ ဖြစ်ပြီး ReadyBoost Option မပါဘဲ ဆက်လက်လုပ်ဆောင်ဖို့ Continueကို ရွေးချယ်ပြီး ReadyBoostကို ရပ်နားပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ Memory Stickထဲမှာ ReadyBoost File မရှိတော့ဘဲ Data Storage ပြန်လည်လုပ်ဆောင်ဖို့ နေရာလွတ်တွေ ပြန်ရလာမှာပါ။ ReadyBoostကို ရပ်နားဖို့ မလုပ်ဆောင်ခဲ့ဘဲ Memory Stickကို ဖြုတ်ခဲ့မယ် ဆိုရင်တော့ နောက်တစ်ကြိမ် ပြန်လည် တပ်ဆင်တဲ့အခါမှာ အသုံးပြုဖို့အတွက် Stickထဲမှာ နေရာယူထားပြီးသား ဖြစ်နေမှာပါ။

ဒီလိုမျိုး နည်းလမ်းနဲ့ System Performanceကို မြှင့်တင်တာဟာ မူလစွမ်းဆောင်ရည် မြင့်မားပြီးသား Deviceတွေလောက် ကောင်းမွန်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အရင်ကထက် မြန်ဆန်တဲ့ Performanceတွေ ရရှိပြီး Multitasking စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာတာကတော့ အမှန်ပါပဲ။ ယခုခေတ်မှာ Memory Stickတွေကလည်း ဈေးချိုတာမို့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ System Performance မြှင့်တင်နိုင်ဖို့အတွက် တင်ပြလိုက်ရပါတယ်။

Related Posts

One thought on “Memory Stickကို သုံးပြီး ကွန်ပျူတာရဲ့ Speedကို မြှင့်တင်မယ်

  1. Toechit Win says:

    ေက်ဇူးဘဲ

Leave a Reply

Your email address will not be published. Required fields are marked *