Gadgets, News, Review

Transcend Jet Flash V90C

Transcend Jet Flash V90C

ခေတ်မှီဆန်းသစ်သော Design ကို ကြိုက်နှစ်သက်သူများအတွက် Transcend Flash Drive V90C ဟာ သင့်အတွက်ရှိနေမှာပါ။ V90C ဟာဆိုရင်အခြားသော Flash Drive များနှင့် မတူညီသော Design နှင့် နည်းပညာများ ပါဝင်ပါတယ်။ V90C design ဟာဆိုရင် တောက်ပသော သတ္တုမျက်နှာပြင်ကို အသုံးပြုထားပြီး Metal Window Shape ဒီဇိုင်းဖြင့် သူ့ရဲ့ထူးခြားဆန်းသစ်ပြီး ပြိုင်ဘက်ကင်းသောပုံသဏ္ဍန်က ဆွဲဆောင်ရှိစေပါတယ်။ ထူးခြားသော သတ္တုမျက်နှာပြင်ကြောင့် Smart ကျသော V90C ကို Keys Chain, Cell Phone Chain Wallet နှင့် Purse တို့တွင်လည်း သော့ချိတ်ပုံသဏ္ဍန်အနေဖြင့် Smart ကျစွာအသုံးပြုနိုင်ပါသည်။ ၄င်း V90C ဟာရေစိုခံနိုင်တဲ့အပြင် Transcend Elite data management software ကိုအသုံးပြုထားပြီး ပျောက်ဆုံးသွားသော Photo, Video များကိုလည်း recover ပြုလုပ်၍ရသည့် Transcend Flash drive ဖြစ်ပါတယ်။ ၄င်း V90C Transcend memory stick 4GB ကို (7500) ကျပ်ဖြင့် လည်ကောင်း, 8GB ကို (8600) ကျပ်ဖြင့်လည်းကောင်း, 16GB ကို (11800) ကျပ်ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်ပါတယ်။ ၄င်း V90C Transcend Memory stick များကို ရွှေလမင်းနဂါးမှ တရားဝင်တင်သွင်းဖြန့်ချီနေပြီး မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများနှင့် ဖုန်းဆိုင်များတွင် ရရှိနိုင်ပါသည်။

ဆက်သွယ်ရန်။ ။ ဝ၁-၂၃၀-၁၇၉-၇၊ ဝ၁-၂၃၀-၁၇၉-၈

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *