Gadgets, News, Review

Transcend OTG 340 & 380G/S

Transcend OTG 340 & 380G/S

သုံးစွဲသူများအံ့သြသွားလောက်တဲ့ ဒီဇိုင်းနှင့် ထပ်မံရောက်ရှိလာတဲ့ Transcend OTG Jet Flash လေးနှင့် မိတ်ဆက်ပေးပါရစေ။ ဒီ Transcend Jet Flash 340/380G/S လေးမှာဆိုရင် USB ခေါင်း (၂) မျိုးနှင့်ပွဲထွက်လာပါတယ်။ Smart Phone, Tablet တို့အတွက် Mini USB နှင့် Desktop & Laptop တို့အတွက် Full USB တို့ဖြင့် ဆင်ယင်ထားတဲ့အတွက် Data ပြောင်းရွေ့မှုတွင် ပိုမိုလွယ်ကူစေမှာအမှန်ပါ။ အရောင်နှစ်မျိုးနှင့် ဆင်ယင်ထားပြီး Mini USB ခေါင်းလေးကို အနက်ရောင် ဖိုင်ဘာအဖုံးနှင့် ဖုံးအုပ်ထားတဲ့အတွက် တစ်မျိုး ဆန်းသစ်နေမှာပါ။ Transcend Products များဟာဆိုရင် ဒီဇိုင်းလှပရုံတင်မကဘဲ အရည်အသွေး၊ အကြမ်းခံမှုမှာပါ ပြောစရာမလိုလောက်အောင် အဖက်ဖက်ကပြည့်စုံစေပါတယ်။ Transcend Jet Flash 380G/S ဟာ ရေစိုခံ Products ဖြစ်ပြီး Data ပြောင်းရွေ့ရာတွင် အဆင်ပြေစေအောင် Super Speed USB 2.0 ကိုထည့်သွင်းပေးထားပါတယ်။ Transcend Jet Flash 340/ 380G/S မှာပျောက်ဆုံးသွားတဲ့ သင့်ရဲ့တန်ဖိုးရှိလှတဲ့ Data တွေကို Recover ပြုလုပ်ဖို့အတွက် Recover Software ပါဝင်သည့်အပြင် Transcend Elite data management Software ပါဝင်ပါသည်။ ဒီ Jet Flash လေးဟာ OTG  Device ဖြစ်တဲ့အတွက် လမ်းပေါ်မှာတင်ပဲသင့်ရဲ့ Data တွေကို အလွယ်တကူ ရွေ့ပြောင်းပေးနိုင်တဲ့အပြင် Android Devices များနှင့်လည်း အဆင်ပြေပါတယ်။ Warranty ကိုလည်း Lifetime ပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ Capacity အားဖြင့်လည်း 8GB မှ 16GB, 32GB ထိ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဝယ်ယူချင်တဲ့ Customer များအနေနဲ့ ရွှေလမင်းနဂါးကုမ္ပဏီ (ဝ၁-၂၃၀-၁၇၉-၇၊ ဝ၁-၂၃၀-၁၇၉-၈) နှင့် အမြို့မြို့အနယ်နယ်ရှိ ရွှေလမင်းနဂါးကုမ္ပဏီ၏ Dealer / Reseller ဆိုင်များတွင်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *