Mobile

Ultrabook NEC (VersaPro UltraLite VG)

NEC အမှတ်တံဆိပ် Ultrabookတစ်မျိုး ဈေးကွက်၀င်လာပြီး အဆိုပါ Ultrabookရဲ့ အထူးပေါ့ပါး ကောင်းမွန်မှုကြောင့် လူအများရဲ့ စိတ်၀င်စားမှု ကို ရနေပါတယ်။

CPU

VGမှာ အသုံးပြုထားတဲ့ CPUမှာ Intel အမျိုးအစား Core i7-3517U ဖြစ်တာကြောင့် စွမ်းအင်သုံးစွဲမှု အပိုင်းမှာတော့ သက်သာကောင်းမွန်ပါလိမ့်မယ်။
ဒါပေမယ့် နောက်ဆုံးထွက် Haswellလောက်တော့ မြန်နှုန်း မြင့်မားမှုနဲ့ စွမ်းအင် အသုံးချမှု သက်သာတဲ့ နေရာတွေ မမီပါဘူး။ နောက်ပြီး အမြန်နှုန်းက 1.9 GHzရှိမှာ ဖြစ်တာကြောင့် အရမ်းကြီးတော့လည်း အပြစ် ပြောစရာမရှိပါဘူး။ ထူးခြားတာ တစ်ချက်က Turbo Boost 2.0 နည်းပညာကို သုံးပြီး အမြန်နှုန်းကို 3.0 GHzထိအောင် ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်တာကြောင့် Extendလုပ်နိုင်တဲ့ Ultrabookကောင်း တစ်ခု ဖြစ်ပါတယ်။ Gaphicအပိုင်းမှာတော့ Intel HD 4000ကို အသုံးပြုထားလို့ Gamerတွေ အတွက် အဆင်ပြေစေမှာပါ။

Display
VGဟာ အထူအနေနဲ့ ၀.၅၉ လက်မသာ ရှိမှာ ဖြစ်လို့ တကယ်ကို ပါးလွှာတဲ့ ပစ္စည်းသစ်ဖြစ်ပြီးတော့ Displayလုပ်ပေးနိုင်မယ့် အကျယ်အ၀န်းက ၁၃.၃ လက်မဖြစ်ကာ LED-backlitစနစ်နဲ့ ရုပ်ထွက်တွေကို အကောင်းဆုံး ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Resolutionက 1600×900 Pixelအဖြစ်နဲ့မို့ Ultrabookတစ်လုံး အတွက်တော့ တကယ့်ကို ကောင်းမွန် တဲ့ Screen အရည်အသွေးကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
အခြေခံပြီး တပ်ဆင်ထားတဲ့ Chip အမျိုးအစားက Intel UM77 Express Chipsetဖြစ်ပြီး DDR3 RAMက 4GBထိအောင် ပါရှိမှာဖြစ်လို့ တကယ့်ကို အဆင့်မြင့်တဲ့ Ultrabookဆိုတာ ပေါ်လွင်စေပါတယ်။

Connection
နောက်ပြီး Dataတွေ Savingလုပ်ဖို့ အတွက်ကိုတော့ SSDမှာ 128 GBရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Wirelessအတွက်တော့ LANချိတ်ဆက်မှု အတွက် LAN 802.11 a/b/g/n တပ်ဆင်ထားတာ တွေ့ရသလို Blurtooth v4.0ကိုလည်း သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် နောက်ဆုံးပေါ် နည်းစနစ်တွေ ပေါင်းစည်း ထုတ်လုပ်ထားတဲ့ Ultrabookတစ်လုံးလို့ ခေါ်ရမှာပါ။
ဒါ့အပြင် Portနဲ့ ချိတ်ဆက် သုံးစွဲနိုင်ဖို့ အတွက်လည်း USB 3.0 Port တစ်ခု၊ HDMI Portတစ်ခုနဲ့ Cardreader Slotတွေ ထည့်သွင်း ပါ၀င်ပါတယ်။ ဒါ့အပြင် Internetသုံးစွဲရာမှာ လွယ်ကူကောင်းမွန်စေမယ့် HD Webcamလည်း ပါရှိတာကြောင့် Chattingထိုင်တတ်သူတွေ အတွက် အရမ်းကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Other Features

VGရဲ့ ကိုယ်ထည်ကို မဂ္ဂနီဆီယမ် ဦးစားပေးပြီး တည်ဆောက်ထားတာ တွေ့ရပြီးတော့ အလေးချိန်က ၁.၉၃ ပေါင်သာ ရှိတဲ့ အတွက် ကမ္ဘာ့အပေါ့ဆုံး Ultrabookအဖြစ် ပြောနိုင်ပါတယ်။
အသုံးပြုထားတဲ့ Windowsစနစ်က Windows 7ဖြစ်ပြီး Batteryအပိုင်းမှာလည်း Lifeရှည်ကြာအောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Battery Lifeကို အနည်းဆုံး အချိန် ၈ နာရီကနေ စပြီး သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် ကောင်းမွန်တာ တွေ့နိုင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၈၇၉ ဖြစ်ပြီးတော့ KMDဖုန်း ၀၁-၃၈၅-၁၇၇မှာ ဆက်သွယ် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: www.notebookchecj.net

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *