Laptops, Review

သီးသန့်ဂရပ်ဖစ်ကတ်ပါဝင်တဲ့ စွမ်းရည်မြင့် Laptop Lenovo V330-14IKB Laptop (i7-8th Gen)

သီးသန့်ဂရပ်ဖစ်ကတ်ပါဝင်တဲ့ စွမ်းရည်မြင့် Laptop တစ်လုံးကို ရှာနေတယ်ဆိုရင် ဒီ Lenovo V330-14IKB Laptop (i7-8th Gen) ကို ထည့် စဉ်းစားသင့်ပါတယ်နော်…

မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်ဖို့ i7–8thGen ကို အသုံးပြုထားပြီး၊ ဆော့ဖ်ဝဲတွေကို တပြိုင်နက်အသုံးပြုနိုင်ဖို့ 2400MHz အမြန်နှုန်းရှိတဲ့ DDR4 RAM 4GB ကို ထည့်သွင်းပေးထားပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် တပ်ဆင်ထားတဲ့ AMD RADEON 530 2GB ဂရပ်ဖစ်ကတ်က NVIDIA GeForce MX130 နဲ့ စွမ်းဆောင်ရည်တူညီတဲ့ ‘Entry Level’ ဂရပ်ဖစ်ကောင်းဖြစ်ပြီး ဓာတ်ပုံ/ဗီဒီယို Editing ဆော့ဖ်ဝဲတွေနဲ့ ဂိမ်းတွေကို ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်အောင် ဖြည့်ဆည်းပေးမှာပါ။

သွားလေရာကို လွယ်လွယ်ကူကူ သယ်ဆောင်အသုံးပြုနိုင်ဖို့ 14” မျက်နှာပြင် အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပါတယ်။ Resolution က Full HD ဖြစ်ပြီး Anti-glare နည်းပညာလည်း ပါဝင်တဲ့အတွက် ကြည်လင်တောက်ပတဲ့ မျက်နှာပြင်ကိုမှ အလင်းမပြန်ဘဲ အသုံးပြုနိုင်မှာပါ။ Web Cam အတွက်ကိုတော့ 0.3 Mega Pixel သာရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

HDD 1TB ထဲမှာတော့ မိမိစိတ်ကြိုက် ဒေတာတွေကို သိမ်းဆည်းနိုင်ပါတယ်။ ကီးဘုတ်က Backlit ကီးဘုတ်အမိုက်စားကို တပ်ဆင်ပေးထားတာဖြစ်ပြီး အချိန်အကြာကြီး Password ရိုက်နေစရာမလိုဘဲ မိမိရဲ့လက်ဗွေနဲ့ Login ပြုလုပ်နိုင်စေမဲ့ Fingerprint Reader လည်း ပါဝင်ပါတယ်။

ပေါ့ပါးသပ်ရပ်တဲ့ ကိုယ်ထည်ဒီဇိုင်းပုံစံသစ်နဲ့ ထုတ်လုပ်ပေးထားပြီး ‘Iron Gray’ အရောင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ OS မပါဝင်တဲ့အတွက် မိမိနှစ်သက်ရာ Windows, Linux နဲ့ Ubuntu OS တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်နော်။

အာမခံ သက်တမ်း တစ်နှစ် ပါတာမို့၊ ပစ္စည်းမကုန်ခင် Lenovo V330-14IKB Laptop Iron Gray (i7-8th Gen) ကို ICT.com.mm မှာ K830,280 တည်းနဲ့ မြန်မြန်ဝယ်ထားမှ စိတ်ချရမယ်နော်။

Specification အတိအကျဖတ်ပြီး၊ မှာယူချင်တယ်ဆိုရင်တော့ ဒီအောက်က လင့်ခ်လေးကို နှိပ်ပြီး ဝယ်ယူနိုင်ပါပြီရှင်…

https://bit.ly/3m8Oz83

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *