News

၂၀၁၃ ခုနှစ်အတွက် ရွေှကလောင်ဆု မြန်မာဂျာနယ်လစ် တစ်ဦး ရရှိ

golden-pen

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (World Assoeiation of Newspapers and News Publishers-WAN-IFRA)မှ ချီးမြှင့်သော ၂၀၁၃ခုနှစ်အတွက် ရွေှကလောင်ဆု (Golden Pen of Freedom)ဆုပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၃ရက်နေ့က ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီ လာခံဖွင့်ပွဲနှင့် ကမ္ဘာ့အယ်ဒီတာများ ဖိုရမ်ဖွင့် ပွဲတို့နှင့်အတူ တွဲဖက်ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ အခမ်းအနားသို့ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Kittirat Na Ranong WAN-FRA ဥက္ကဋ္ဌ Jacob Mathewနှင့် ကမ္ဘာ့အယ် ဒီတာများ ဖိုရမ်ဥက္ကဋ္ဌ Krik Bjeraerတို့ ဦး ဆောင်တက်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ အယ်ဒီတာချုပ်များ၊ ထုတ်ဝေသူများ နှင့် အမှုဆောင်အရာရှိများ အပါအဝင် လူဦး ရေ ၁၅၀၀ခန့် တက်ရောက်ခဲ့ကြပြီး၊ ကမ္ဘာ့ နိုင်ငံ အသီးသီး၌ နှစ်စဉ်လှည့်လှည်ပြုလုပ် နေသော ကမ္ဘာ့သတင်းစာများ ညီလာခံများ အနက် ယခုတစ်ကြိမ် ပြုလုပ်သော ညီလာခံ သည် ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ် ခြင်းဖြစ်ပြီး၊ အရှေ့တောင်အာရှ၌လည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ရွေှကလောင်ဆုကို မြန်မာနိုင်ငံမှ Eleven Media Group၏ CEOဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က လက်ခံရရှိခဲ့ပြီး အဆိုပါရရှိသည့် မြန်မာနို်င်ငံ သားများ အနေဖြင့် လေးဦးမြောက် ချီးမြှင့်ခံ ရခြင်း ဖြစ်ပါသည်။ WAN-IFRAဥက္ကဋ္ဌ Jacob Methewက ဇွန် ၃ရက်နေ့ အခမ်း အနားဖွင့်ပွဲတွင် “ဒီဒေသဟာ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် ကြားမှာရှိနေပြီး ပွင့်လင်း မြင်သာမှုတွေ မရှိခဲ့ဘူး။ အခုဆိုရင် ထိုင်း နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာ နို်င်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပုဂ္ဂလိကသတင်းစာတွင် စတင် ထုတ်ဝေခွင့်ရရှိခဲ့ပါပြီ။ စာပေ စိစစ် ရေးလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေ၊ ထုတ်ဝေသူတွေကို ဂုဏ်ပြုမိပါတယ်။ သူတို့ အနေနဲ့ အင်မတန်မှ ထုထည်ပမာဏကြီးမား တဲ့ အခက်အခဲတွေကို သူရသတိ္တအပြည့်နဲ့ ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်”ဟု ပြော ကြားခဲ့သည်။ထို့အတူ ကမ္ဘာ့အယ်ဒီတာများ ဖိုရမ် ဥက္ကဋ္ဌ Erik Bjeragerက ရွေှကလောင်ဆု ပေးရခြင်းအကြောင်းနှင့် ရွေှကလောင်ဆုကို အဘယ်ကြောင့် ပေးအပ်ရသည်ဆိုခြင်းတို့ ကို ရှင်းလင်းပြောကြားရာတွင် လွန်ခဲ့သည့် ၁၃နှစ်ကစ၍ Eleven Media Groupကို ဦး ဆောင်သူ ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာအဖွဲ့ဟာ မြန်မာအစိုးရကို ပွင့် လင်းမြင်သာမှုရှိဖို့နှင့် တာဝန်ယူဖို့ကို မနား မနေကြိုးပမ်းခဲ့ကြကြောင်း၊ သူဟာ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပိတ် ပင်တားဆီးမှုတွေကို ဖယ်ရှားရန် အမြဲ တစ်စေ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ မျှော်လင့်ချက်များ၊ သတင်းစာလွတ်လပ်ခွင့်များအတွက် တိုက် ပွဲဝင်ခဲ့သော ဒေါက်တာသန်းထွဋ်အောင်နှင့် အခြားသူများအပေါ်တင်ရှိနေသော အကြေွး များကို အသိအမှတ်ပြုကြောင်း၊ အနှောင် အဖွဲ့ကင်းသော ပုံနှိပ်မီဒီယာများ ပြန်ပေါ်လာ သည့်အတွက် ချီးကျူးရပါကြောင်း ပြော ကြားခဲ့သည်။

WAN-IFRAကို ၁၉၄၈ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့သတင်းစာများ အဖွဲ့အစည်း (WAN)အနေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ခုနှစ်တွင် သတင်းစာ ထုတ်ဝေသူများနှင့် ပူးပေါင်းပြီး WAN-IFRA အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှားထုတ်ဝေ နေသော သတင်းစာပေါင်း ၁၈,၀၀၀ကို ကိုယ်စားပြုထားသည့် WAN-IFRAအဖွဲ့တွင် နိုင်ငံပေါင်း ၇၆နိုင်ငံမှ သတင်းစာအဖွဲ့အစည်း များ သတင်းအေဂျင်စီ ၁၂ဖွဲ့ နိုင်ငံပေါင်း ၁၀၀ကျော်မှ ဒေသတွင်းအလိုက် ဖွဲ့စည်း ထားသော သတင်းစာ အဖွဲ့အစည်း ၁၀ဖွဲ့တို့ က အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပါသည်။ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့် ရှောက်ရေးနှင့် တိုးမြှင့်လုပ်ဆောင်ရေး၊ သတင်းစာထုတ်ဝေမှု တိုးတက်စေရန် အထောက်အကူပေးရေးနှင့် ကမ္ဘာလုံးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်ရေးတို့အား ရည် ရွယ်ချက်ထား လုပ်ဆောင်သော WAN-IFRAအနေဖြင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး နှစ်စဉ်ဆုများ ပေးအပ်လျက်ရှိ ကာ ရွေှကလောင်ဆုမှာ ထင်ရှားသော ဆုတစ်ဆု ဖြစ်ပါသည်။ ယင်းရွေှကလောင် ဆု ကို ၁၉၆၃ခုနှစ်တွင် သတင်းစာဆရာကြီး ဂါး ဒီးယန်းဦးစိန်ဝင်းက မြန်မာနို်င်ငံသားများ ထဲမှ ပထမဆုံး ရရှိသူဖြစ်ပြီး ရွေှကလောင်ဆု သမိုင်း၌ ဒုတိယမြောက်ဆု ရရှိခဲ့သူ ဖြစ်ပါ သည်။ ၂၀၀၁ခုနှစ်တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် စမ်းစမ်းနွဲ့ (သာယာဝတီ)တို့မှ ပူးတွဲရရှိခဲ့ပါသည်။ ယနေ့အချိန်အထိ အဆိုပါဆုရရှိသူ နိုင်ငံတကာ ဂျာနယ်လစ် ၄၈ဦးရှိပြီး၊ တရုတ်နိုင်ငံက လေးကြိမ်၊ မြန်မာနိုင်ငံက သုံးကြိမ်နှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တစ်ကြိမ်စီ ရရှိထားသည်။ ရွေှကလောင်ဆုကို ၂၀၁၂ ခုနှစ်တွင် နောက်ဆုံး ရရှိထားသူမှာ မက္ကဆီကန် အမျိုးသမီး ဂျာနယ်လစ် Anabel Hemandez ဖြစ်သည်။ Eleven Media Groupသည် ၂၀၁၁ခုနှစ်က ပြင်သစ် အခြေစိုက် နယ်စည်း မခြား သတင်းထောက် များ အဖွဲ့ (RSF)က ပေးအပ်သော တစ်နှစ် တာအတွက် အကောင်းဆုံး သတင်း မီဒီယာ ဆုကို ရရှိထားပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *