Gaming

Torchlight II

Torchlight II

World Of Warcraft လို ဂိမ်းမျိုးတွေ နာမည်ကြီးလာတဲ့အခါ ပုံစံတူ ဂိမ်းတွေလဲ အများအပြား ထွက်လာခဲ့ကြပါတယ်။ စွဲဆောင်မှုအပြည့်နဲ့ ဂိမ်းမာတွေကို အကောင်းဆုံး ထိန်းချုပ်ထားတဲ့ ဂိမ်းတစ်ခုပါဘဲ။ ဘယ်အချိန် ဆော့ဆော့ မရိုးသွားတဲ့အပြင် မြေပုံအသစ်တွေ ဟီးရိုးအသစ်တွေကို ထိန်းချူပ်ရတဲ့အတွက် ဆော့လေဆော့လေ အရှိန်တက်နေတဲဲ့ ဂိမ်းမျိုးတွေ ဖြစ်ပါတယ်။ အခုလဲ Torchlight II ထွက်ရှိလို့ လာပါပြီ။ September 20, 2012ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Microsoft Studios က ထုတ်လုပ်ခဲ့တာပါ။ Action RPG ဂိမ်းအမျိုးအစား ဖြစ်သလို MMORPG ဂိမ်းအမျိုးအစားလဲ ဖြစ်ပါတယ်။ Diablo III ထွက်တုန်းကလဲ ထင်သလောက် မဟုတ်ခဲ့တဲ့အတွက် ဂိမ်းမာတွေ အကြိုက်တွေ့ခဲ့ကြတာ နည်းပါတယ်။ အခု Torchlight II ကတော့ MMORPG ကြိုက်တဲ့ ဂိမ်းမာတွေပါ အကြိုက်တေ့ွစေနိုင်ပါတယ်။

အခု လက်ရှိတော့ Official ထွက်ထားပေမဲ့ ဒီမှာဆော့ဖို့ အခက်အခဲ ဖြစ်နိုင်ပေမဲ့ Online မှာ Demo တွေယူပြီး ဆော့လို့ ရနေပါပြီ။Torchlight II ရဲ့ ပုံစံက DOTA လို ဟီးရိုးတွေကို ထိန်းချူပ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်ကြတဲ့ ပုံစံမျိုးပါဘဲ။ Torchlight ကို 2009 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Microsoft Studios ရဲ့ II မှာတော့ အပြောင်းလဲ အနည်းငယ် လုပ်ထားပါတယ်။ အရင်တုန်းက ဟီးရိုး(၃)ယောက် ပေးထားပေမဲ့ အခု ဟီးရိုး(၄)ယောက် ဖြစ်သွားပါပြီ။ ဟီးရိုး တစ်ယောက်ချင်းဆီမှာ စွမ်းရည်တစ်မျိုးစီ ရှိပါတယ်။ လက်နက်တွေလဲ ပေးထားတာဖြစ်ပြီး ကိုယ်ကစားတဲ့ပေါ်မှာ မူတည်ပြီး ဟီးရိုးတွေရဲ့ စွမ်းရည်တွေ မြှင့်တက်လာမှာပါ။ ပေးထားတဲ့ လက်နက်တွေထဲမှာ တစ်ချိူ့လက်နက်တွေက သတ်မှတ်ထားတဲ့ Level၊ Manner စတဲ့ ဟီးရိုးတစ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေ ပြည့်မှ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

Torchlight II အနေနဲ့ ထွက်လာတာဖြစ်တဲ့အတွက် Torchlight ရဲ့ဇာတ်လမ်းအဆက်လို့လဲ ပြောလို့ရပါတယ်။ အရင် ဇာတ်ကောင်တွေကတော့ ဒီဘက်မှာ ပြန်ပါမလာတော့ပါဘူး။ ဇာတ်လမ်းက နောက်ဆက်တွဲ ဇာတ်ကောင်က အသစ်တွေနဲ့ Torchlight II မှာ အသစ်ပြန်မြင်ရမဲ့ ရုပ်ထွက်တွေက ကောင်းသလို အသံတွေကလဲ စုံပါတယ်။ Torchlight IIမှာ ဆော့ရမဲ့ အခန်းတိုင်းရဲ့လုပ်ဆောင်ချက်တွေကို မသိပေမဲ့လဲ ဆော့ရတာ အခက်အခဲ မရှိပါဘူး။ Open-World ပုံစံမျိုး ဖြစ်နေပြန်တော့ ဘယ်လို ဆော့ရမှန်း မသိရင်တောင် မြေပုံပေါ်မှာ လျှောက်သွားလို့ ရပါသေးတယ်။ Torchlight II မှာ ပြင်ဆင်ထားတဲ့ ပြောင်းလဲမှုတွေကို လေ့လာရင်း Action RPG ဂိမ်းကောင်းတစ်ခုကို လက်မလွတ်ရစေဖို့ review တင်ပြ ပေးလိုက်ရပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *