News

ကမ္ဘာ့အမြန်ဆုံး အိမ်သုံး အင်တာနက် ဝန်ဆောင်မှု ဂျပန်တွင်စတင်

Home-network

ကမ္ဘာ့အမြန်ဆုံး အိမ်သုံး အင်တာနက်ဟုဆိုသော 2Gbps (တစ်စက္ကန့်လျှင် နှစ်ဂစ်ဂါဘစ် နှုန်းဖြင့် Download ပြုလုပ်နိုင်သော) အင်တာနက် ဝန်ဆောင်မှု တစ်ခုကို နည်းပညာကုမ္ပဏီ ဆိုနီ၏ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း Sonet Entertainmentက စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသည် ဂျပန်၌ လက်ရှိ အသုံးပြုနေသော မြန်နှုန်းမြင့် အင်တာနက်ထက် နှစ်ဆပိုမို မြန်ဆန်ပြီး Upload တင်နိုင်သော နှုန်းမှာ 1Gbps (တစ်စက္ကန့်လျှင် တစ်ဂစ်ဂါဘစ်) ဖြစ်သည်။

Nuro အမည်အရ အဆိုပါ ဖိုင်ဘာ အခြေပြု ဝန်ဆောင်မှုကို တိုကျိုနှင့် အနီးရှိ စီရင်စုခြောက်ခုရှိ နေအိမ်များ၊ တိုက်ခန်းများနှင့် အသေးစား လုပ်ငန်းများသို့ ဧပြီ ၁၅ရက်နေ့တွင် စတင် ဝန်ဆောင်မှု ပေးခဲ့ခြင်း ဖြစ်သည်။ အသုံးပြုလိုသူများသည် တစ်လလျှင် အသုံးပြုခ အမေရိကန် ဒေါ်လာ ၅၁ဒေါ်လာဖြင့် နှစ်နှစ်စာ ဝယ်ယူရမည်ဖြစ်ကာ အွန်လိုင်းမှ ဝယ်ယူသူများအတွက် ကနဦး တပ်ဆင်ခအား လက်ရှိတွင် အခမဲ့ တပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *