Mobile

Screen Position ကို စိတ်ကြိုက်ချိန်ညှိနိုင်မယ့် Lenovo IdeaPad Yoga

lenovo-ideapad-yoga

Lenovoရဲ့ ထုတ်ကုန်သစ် IdeaPad Yogaကတော့ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဈေးကွက်အတွင်း ၀င်ရောက်လာပြီး အချိန်တို အတွင်းမှာပဲ အောင်မြင်မှု ရရှိနေပါတယ်။ အုပ်စုဖွဲ့ လုပ်ဆောင်ရတဲ့ အလုပ်မျိုးတွေနဲ့ ကျောင်းသား လူငယ်တွေ ကြိုက်နှစ်သက်လောက်တဲ့ ပုံစံတွေကြောင့် အောင်မြင်မှု ရနေတာဖြစ်ပါတယ်။

Pros
အလွန်ကို ပါးလွှာတဲ့ဒီဇိုင်းနဲ့ Screen Positionကို စိတ်ကြိုက် ပြင်ဆင် ပြောင်းလဲနိုင်ခြင်းတွေက အဓိက အားသာချက် ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ Keyboard စနစ်နဲ့ Touch Screen စနစ် နှစ်မျိုးစလုံးကိုပါ သုံးစွဲနိုင်ပါလိမ့်မယ်။ Battery ပိုင်းမှာလည်း အခြားသော Window 8 စနစ်သုံး Padတွေထက် သာလွန် ကောင်းမွန်တာ တွေ့ရပါတယ်။

Cons
Power ခလုတ်ဟာ အလွန်သေးငယ်ပြီး ဖန်တီး တည်ဆောက်ထားတဲ့ နေရာက အဖွင့်၊ အပိတ် လုပ်ဖို့ရာအတွက် ခက်ခဲပါတယ်။ ဒါ့အပြင် အလေးချိန် အနည်းငယ် များနေပြီး Tabletတွေနဲ့ အရမ်းဆင်တူ လွန်းနေပါတယ်။

Compare
ဈေးကွက်အတွင်းမှာ အပြိုင်ဖြစ်နေတဲ့ အခြားသော Padတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် Yogaက 3D Mark11 အပိုင်းမှာ အားအနည်းဆုံး ဖြစ်နေပါတယ်။ Boot Time မှာတော့ မြန်ဆန်လွန်းနေပြီး Cyberlink Mediashow Espresso အပိုင်းမှာတော့ အသင့်အတင့်သာ ရှိပါတယ်။ Display Brightnessမှာတော့ အလယ်အလတ်မှာ ရှိနေပြီး Systemပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေနဲ့ လျင်မြန်မှုအပိုင်း စမ်းသပ်မှုတွေမှာ အားနည်းပါတယ်။ Systemအပိုင်း အပူချိန် ထုတ်လွှတ်မှုက တခြား Padတွေနဲ့ ကွာဟမှု မရှိလှပဲ Touchအပိုင်း ထုတ်လွှတ်မှုမှာတော့ အနည်းဆုံး ဖြစ်နေပါတယ်။ Battery Lifeမှာက ASUS Zenbookနောက်က အမှီလိုက်နိုင်လောက်အောင် ကောင်းမွန်တာ တွေ့ရပါတယ်။ File Transferနှုန်းက အမြန်ဆုံး နှုန်းလောက်နဲ့ ဆောင်ရွက်ပေးနိုင်ပါတယ်။

Design
အလေးချိန် ၃.၄ပေါင်ရှိပြီး၊ အလျား ၁၃.၁ လက်မ၊ အနံ ၈.၉ လက်မနဲ့ အထူက ၀.၆၇ လက်မပဲ ရှိပါတယ်။ Screen Positionကို ၃၆၀ ဒီဂရီ ပြည့်အောင် ပြင်ဆင် ပြောင်းလဲနိုင်အောင် ဖန်တီးထားပါတယ်။

Display and Audio
Resolutionအပိုင်းမှာ ၁၆၀၀ × ၉၀၀ Pixel ပြသပေးနိုင်မှာ ဖြစ်ပြီး တစောင်း အနေအထားက ကြည်ရှုတဲ့ အချိန်တွေမှာ ပါးလွှာတဲ့ အရောင်တချို့ ပျောက်ကွယ် သွားခြင်းတွေ မဖြစ်အောင် ဖန်တီးထားပါတယ်။ Speakerများကို Albeit Tinny Audio စနစ်နဲ့ တပ်ဆင်ထားပြီး Dolby Home Theater v4 Systemကို အသုံးပြုထားလို့ Bass အသံတွေနဲ့ Stereo အသံတွေကို ခွဲခြား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ports and Webcam
USB 2.0 Port, 2-in-1 Card Reader, Proprietary Charge Portတွေကို Padရဲ့ ညာဖက်ခြမ်းမှာ ထည့်သွင်း ထားပြီး၊ USB 3.0 Port, HDMI, Microphone/ Headphone Jackတွေကိုတော့ ဘယ်ဖက်ခြမ်းမှာ ထည့်သွင်း ထားပါတယ်။ 720 Pixelsအားရှိတဲ့ Webcamကို ထည့်သွင်း ပေးထားပြီး YouCam Softwareကို အသုံးပြုထားပါတယ်။

Performance, Battery and Price
CPUက 1.7 GHz မြန်နှုန်းရှိပြီး Intelရဲ့ Core i5-3317Uကို အသုံးပြုထားပါတယ်။ RAMက 8GBရှိပြီး Solid State Driveက 128 GBရှိမှာ ဖြစ်ပါတယ်။ Graphicကိုတော့ Intel HD Graphics 4000 Cardကို အသုံးပြုထားလို့ Gameတွေနဲ့ Media Playingတွေကို အကောင်းဆုံး အသုံးချနိုင်ပါလိမ့်မယ်။ Battery Life ကတော့ ၆ နာရီနဲ့ ၁၈ မိနစ်ကြာ အထိအောင် သုံးစွဲနိုင်ပါလိမ့်မယ်။ အာမခံကိုတော့ Lenovoက တစ်နှစ်ပေးထားတာ တွေ့ရပါတယ်။ Lenovo IdealPad Yogaရဲ့ ဈေးနှုန်းက တစ်လုံးကို ပေါင် ၁,၀၀၀ ဖြစ်ပါတယ်။
Ref: www.laptopmag.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *