Gaming

Sniper Elite

sniper-elite

ဟစ်တလာရဲ့ စစ်တပ်တွေ ပြန်လည် အသက်၀င်လာပါတယ်။ ဟစ်တလာ စစ်တပ်ရဲ့ စစ်သည်တွေက ရုပ်ရှင်၊ ဇာတ်လမ်းတွေ ထဲကလို အသက်၀င် ပြန်လည် နိုးထလာပါတယ်။ စစ်သားတွေ အကုန်လုံး ဇွန်ဘီတွေ ဖြစ်နေပါတယ်။ ၁၉၄၅ ခုနှစ် ဘာလင်မြို့မှာ ဖြစ်ခဲ့တဲ့ ဂျာမနီတို့ ကျရှုံးခဲ့တဲ့ စစ်ပွဲအကြောင်းကို အခြေခံ ထားပါ တယ်။ စစ်သားတွေ အကုန်လုံး ဇွန်ဘီဖြစ်နေပေမယ့် ထုံးစံအတိုင်းပေါ့ ဇာတ်လိုက်ကြီးတစ်ယောက် ကျန်ခဲ့ပါတယ်။ Karl Fairburneက ဇွန်ဘီဖြစ်နေတဲ့ စစ်သားတွေ နှိမ်နှင်းရင်းနဲ့ သူကိုယ်တိုင်လဲ လွတ်မြောက်အောင်် လုပ်ရမှာ ဖြစ်ပါတယ်။ Sniper ပစ်ရတာ ကြိုက်တဲ့ ဂိမ်မာတွေ အတွက်ကတော့ Sniper Eliteက ဂွတ်မှာပါ။ February 28ရက်နေ့မှာ ထွက်ထားတာဆိုတော့ ဆော့လို့ ရနေပါပြီ။ Rebellionအဖွဲ့က Publisherရော Developer အဖြစ်ပါ တာ၀န်ယူ ထုတ်လုပ်ထားတဲ့ Sniper Eliteက Single၊ Multiအပြင် co-op Game Playအဖြစ် ၁ ယောက်ကနေ ၄ယောက်အထိ ဆော့လို့ရမှာ ဖြစ်ပါတယ်။ Open World ပုံစံပါ ဆော့လို့ ရမှာဖြစ်တဲ့အတွက် Snipe Man တွေအတွက် ကျေနပ်နှစ်သိမ့်မှု ရရှိပါလိမ့်မယ်။

ဂိမ်းရဲ့ ဇာတ်လမ်းက ကြမ်းတမ်းလွန်းပါတယ်။ ရက်စက်တဲ့ ဟစ်တလာရဲ့တပ်ကိုမှာ ဇွန်ဘီဖြစ်ခိုင်းထားတဲ့အတွက် မဆော့ဘဲ တွေးကြည့်လို့ ရပါတယ်။ Karl Fairburne တစ်ယောက်ကတော့ ဒီဇွန်ဘီ စစ်သားတွေ လက်ထဲက လွတ်မြောက်အောင် ကြိုးစား နေပါတယ်။ ညအချိန်မှာ Karl Fairburneတစ်ယောက် လွတ်မြောက် အောင် ကြိုးစားရင်း စစ်သားဖုတ်ကောင်တွေ အစုလိုက် အပြုံလိုက် ထိပ်တိုက် ရင်ဆိုင်ရပါတယ်။ တွေ့တဲ့ လက်နက်ကိုယူပြီး တိုက်ခိုက် နိုင်ပါတယ်။ အမြဲတမ်း ပါမယ့်လက်နက်က Sniperနဲ့ Pistolပါ။ လက်နက်ရွေးပြီး တိုက်ခိုက်လို့ ရပါတယ်။ ၁၉၄၅ ခုနှစ် ခေတ်ဟောင်း အပြင်အဆင်နဲ့ ဒီဂိမ်းကို သည်းထိတ်ရင်ဖို ဆော့ရမယ်ဆိုတော့ ခေတ်ဟောင်းစစ်ပွဲ တစ်ခုရဲ့ Feelကို ခံစား စေနိုင်ပါတယ်။ တစ်ခုပဲ သတိထားပါ ဇွန်ဘီတွေက ဆော့နေကြ ဂိမ်းတွေထဲကလို လူတွေက ဇွန်ဘီဖြစ်လာတာမျိူး မဟုတ်ပါဘူး။ ဟစ်တလာရဲ့ စစ်တပ်ကြီး တစ်ခုလုံး ဇွန်ဘီဖြစ်သွားတာဆိုတော့ အနည်းနဲ့အများ ခက်ခဲမှု ရှိပါတယ်။

နာဇီ ဇွန်ဘီတွေကို တိုက်နိုင်ဖို့အတွက် Karl Fairburne တစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ ကစားသူနဲ့ပဲ ဆိုင်ပါတယ်။ ဂိမ်းက PCမှာဘဲ ကစားလို့ ရဦးမှာပါ။ Rebellionက ဖန်တီးထားတဲ့ ဂိမ်းအတွင်းပိုင်း အပြင်အဆင်တွေနဲ့ Game Screen Shotတွေက ကစားသူကို အပြည့်အ၀ ဆွဲဆောင်ပါလိမ့်မယ်။ Snipeနဲ့ ပစ်လို့ ဇွန်ဘီတွေ Head Shotထိသွားရင် Slow ပြကွက်တွေနဲ့ ပြပေးထား ဖြစ်တဲ့အတွက် ကစားသူအတွက် ပိုမိုက်ပါတယ်။ Graphicကလဲ ပြောစရာ မလိုအောင် ကောင်းနေပါတယ်။ ဒါကြောင့် Sniper Eliteကို ဆော့ရင်း ဇွန်ဘီဂိမ်းတွေ အများစုရဲ့ ပုံစံအတိုင်းလား ဒါမှမဟုတ် ဘယ်လိုခံစားမှုတွေ ပေးမလဲဆိုတာ သိရအောင် ဆော့ကြည့် စေချင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *