Apps

ခေါင်းဆောင်မှု စွမ်းရည်

mindtools

လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကျွမ်းကျင်စွာ လုပ်ကိုင်လိုသူတွေ အတွက် ခေါင်းဆောင်မှု စွမ်းရည်နဲ့ စီမံခန့်ခွဲမှု ပညာရပ်တွေကို အွန်လိုင်းမှ လေ့လာ သင်ယူနိုင်မယ့် ဝက်ဘ်ဆိုက်ပါ။ လုပ်ငန်းတစ်ခုမှာ ဦးစီး လုပ်ကိုင်ဖို့အတွက် မိမိကိုယ်ကို စေ့ဆော်နိုင်စွမ်း ဘယ်လောက် ရှိပြီလဲစတဲ့ Leadership Skill၊ လုပ်ဆောင်မှု စွမ်းရည်ကို မြှင့်တင်ဖို့ လိုတဲ့ Team Management၊ လုပ်ငန်းတစ်ခုရဲ့ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုစတဲ့ SWOT Analysis၊ အခက်အခဲ ပြဿနာတွေ ဖြေရှင်းဖို့ရာ နားလည်ဖို့လိုတဲ့ လုပ်ငန်း သဘောတရားနဲ့ ဆက်သွယ်မှုစနစ်၊ မတူညီတဲ့အမြင်တွေမှ ထောင့်စုံ သုံးသပ် ဆုံးဖြတ်နည်း၊ ရှုပ်ထွေးလှတဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်တစ်ခုအတွင်း ပြီးစီးစေမယ့် Project Management၊ တီထွင် ဖန်တီးမှု၊ ဘယ်လို ဘယ်ပုံ နေထိုင်ကျင့်သုံးမလဲဆိုတဲ့ Time Management၊ ယုံကြည်မှုရှိဖို့ ဖိစီးမှုတွေ လျော့ချနည်း၊ စာဖတ် မြန်ဆန်ပြီး ထိရောက်စွာ မှတ်သားနိုင်ခြင်း၊ လူမှုဆက်ဆံရေးနဲ့ ကိုယ်ပိုင် အရည်အချင်း တိုးမြှင့်နည်းတွေကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

www.mindtools.com/index.html

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *