News

အင်တာနက် အသုံးပြုသူများက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ကို ကူညီရှာဖွေပေးနိုင်

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ကို နိုင်ငံအများအပြား က ကူညီရှာဖွေပေးနေပေမယ့် ရှာမတွေ့သေးပါဘူး။ အမေရိကန် အခြေစိုက် Satellite အဖွဲ့အစည်း တစ်ခုက တော့ လူအများအပြား ရှာဖွေရင် တွေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကော်လိုရာဒို အခြေစိုက် DigitalGlobe က အခြား Satellite များ လက်လှမ်းမမီသည့် ထိုင်းပင်လယ်ကွေ့ နဲ့ တောင်တရုတ်ပင်လယ်များ ကို အဓိက ထား ရှာဖွေပေးနိုင်တဲ့ Satellite နှစ်ခု ကို လွှတ်တင်ခဲ့ပါတယ်။ မကြာမီ က ထွက်ပေါ်ခဲ့တဲ့သတင်းများအရ လေယာဉ် ဟာ မလက္ကာ ရေလက်ကြား ဘက် ရောက်ရှိတယ်လို့ သိရတဲ့အတွက် အဲဒီနေရာ မှာလည်း ရှာဖွေမှာ ဖြစ်ပါတယ်။ Satellite က ရိုက်ကူးထားတဲ့ ဓာတ်ပုံများ ကို အွန်လိုင်းပေါ်တင်ပေးမှာ ဖြစ်ပြီး အင်တာနက် အသုံးပြုသူများ က ကူညီရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံတွေကို Tomnod ၀က်ဆိုက်မှာ တင်ပေးထားမှာဖြစ်ပါတယ်။ Tomnod ၀က်ဆိုက်ဟာ သဘာ၀ဘေးအန္တရာယ် နဲ့ အခြား အကြောင်းအရာများအတွက် လူအများ က ကူညီရှာဖွေပေးနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ DigitalGlobe က တနင်္လာနေ့မှာ ပထမဆုံး ဓာတ်ပုံ ကို တင်ပေးအပြီး နှစ်ဆယ့်လေးနာရီအတွင်းမှာ လူပေါင်း ငါးသိန်း က ကူညီရှာဖွေပေးခဲ့ပါတယ်။ လူများပြားလွန်းတဲ့အတွက် ဆာဗာ တွေ ဒေါင်းခဲ့ပြီး အခုတော့ ပြန်လည် အလုပ်လုပ်နေပြီဖြစ်ပါတယ်။

DigitalGlobe က ပြီးခဲ့တဲ့နှစ် က သြစတျေးလျ ကမ်းရိုးတန်း မှာ ပျောက်ဆုံးသွားတဲ့ Nina သင်္ဘော ကို ရှာဖွေရာမှာလည်း သူတို့ရဲ့နည်းပညာ ကို အသုံးပြုခဲ့ပါတယ်။ ကွန်ဂို က The Lord’s Resistance Army ကို ခြေရာခံရာမှာလည်း အသုံးပြုခဲ့ဖူးပါတယ်။ DigitalGlobe က အဆိုပါ ၀န်ဆောင်မှုများ ကို အခမဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ် ကို ရှာဖွေဖို့ အောက်က လင့် ကနေ Tomnod ၀က်ဆိုက်ကို သွားပြီး ညာဘက်အပေါ်ထောင့် က Sign In ခလုတ် ကို နှိပ်ပြီး အီးမေး ဖြည့်ပေးရပါမယ်။ ပြီးရင် မြေပုံ ကနေ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။ ဆီကွက်တွေ့ရင် ဘယ်ဘက် က Oil Slick ကို တစ်ချက်နှိပ်ပြီး မြေပုံပေါ်မှာ တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်။ အပျက်အဆီးတွေ့ရင် Wreckage ကို အသုံးပြုရမှာဖြစ်ပါတယ်။

Tomnod

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *