News

PlayStation 4 ရောင်းပြီ

အမေရိကန် က Gamer တွေအတွက်တော့ Sony PlayStation 4 ကို ၀ယ်ယူကစားနိုင်ပါပြီ။ ဇွန်လ က E3 Conference မှာ ထုတ်ဖော်ပြသခဲ့တဲ့ PS 4 ကို New York မှာ စတင်ရောင်းချပေးလိုက်ပါပြီ။

Standard Version ကို ဒေါ်လာ ၃၉၉ နဲ့ ရောင်း ချပေးနေပါတယ်။ PS 4 ကို 8-core x86 processor နဲ့ လည်ပတ်မောင်းနှင်မှာဖြစ်ပြီး 500 GB Hard Drive , Blu-Ray/DVD Drive , 8 GB GDDR5 Memory တို့ပါရှိပါတယ်။ Touchpad ပါရှိတဲ့ DualShock 4 Controller ပါရှိပါတယ်။

Online/Multiplayer Features အသုံးပြုချင်ရင်တော့ PS Plus Membership ကို ဒေါ်လာ ၄၉.၉၅ နဲ့ တစ်နှစ်စာ၀ယ်နိုင်ပါတယ်။ Automatic System, Game Updates, 3GB Cloud Storage တွေနဲ့ Game Trials တွေကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

Online Feature ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ အချက်ကတော့ ဂိမ်းတွေကို ဒေါင်းလုပ်မလုပ်ခင် ကစားနိုင်တာဖြစ်ပါတယ်။

PS 3 လိုပဲ Apps တွေသုံးလို့ ရမှာဖြစ်ပြီး ရုပ်ရှင် နဲ့ ပတ်သက်တဲ့ Apps တွေဖြစ်တဲ့ LoveFilm, Netflix, Amazon, Hulu Plus, iPlayer, Demand5 စတာတွေ ပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *