Gaming, Review

PlayStation 4 Review

မကြာမီ က ရောင်းချခဲ့တဲ့ PlayStation 4 ရဲ့စွမ်းဆောင်ရည်တွေကို သိချင်လို့ပဲဖြစ်ဖြစ်၊ PS4 ကို ၀ယ်ယူဖို့ စဉ်းစားနေတဲ့ သူတွေပဲဖြစ်ဖြစ်၊ PS4 ရဲ့ပြိုင်ဖက် Xbox One နဲ့ နှိုင်းယှဉ်ချင်လို့ဖြစ်ဖြစ် ဒီဆောင်းပါးကိုဖတ်ကြည့်သင့်ပါတယ်။

ဒီဇိုင်း

PS4 ရဲ့ ဒီဇိုင်းကို စာဖတ်သူပုံမှာမြင်တွေ့နိုင်ပါတယ်။ Xbox One ထက်စာရင် PS4 ရဲ့ အရွယ်အစားဟာ သေးငယ်ပြီး ကျစ်ကျစ်လစ်လစ်ရှိပါတယ်။ အရွယ်အစားအပြည့်အစုံက 305x275x53mm ဖြစ်ပါတယ်။အနက်ရောင်ဖြစ်ပြီး မျက်နှာပြင်မှာ Disc Drive, Ports တွေကို အတွင်းဘက်မှာဖွက်ထားတဲ့ပုံစံဖြစ်လို့ အမြင်ရှင်းစေပါတယ်။ ထိတွေ့မှုကို အာရုံခံနိုင်တဲ့ Power Button , Eject Button တို့ပါရှိပါတယ်။

1

အရှေ့ဖက်မျက်နှာပြင်မှာ USB Sockets နှစ်ခုကို အတွင်းဘက်ကိုလျှိုထားတဲ့ အပိုင်းမှာ တပ်ဆင်ထားပြီး DualShock 4 Controller ကို အားသွင်းနိုင်မှာဖြစ်ပါတယ်။ လက်ကိုင်ကို Laptop ဖြင့်ချိတ်ဆက်ပြီးလည်းအားသွင်းနိုင်ပါတယ်။ အနောက်ဖက်မှာ HDMI, Ethernet, PS4 Camera တို့ကိုချိတ်ဆက်နိုင်မယ့် Ports တွေကို တွေ့မြင်နိုင်ပါတယ်။

2

ဂိမ်းစက်အတွင်းက Hardware တွေ အလုပ်လုပ်ရာမှ ထွက်ပေါ်လာတဲ့ ဆူညံမှု ကို တိုင်းတာရာမှာ PS4 ဟာ PS3 ထက် ဆူညံမှု နည်းပါးတာကို တွေ့ရပါတယ်။

DualShock Controller

PS4 ရဲ့ DualShock 4 Controller ဟာ PS3 ထက်ကြီးမားလာပြီး Xbox One ရဲ့ လက်ကိုင်နီးပါးရှိလာတာကိုတွေ့ရပါတယ်။ Feature အသစ်အနေနဲ့ စပီကာ ပါရှိလာပြီး Headphone , Microphone တို့တပ်ဆင်နိုင်မယ့် Port တစ်ခုပါရှိလာပါတယ်။ ထိတွေ့အသုံးပြုလို့ရတဲ့ Touch Pad လည်းပါရှိလာပါတယ်။ Options, Share တွေကို ခလုတ်တွေနှိပ်ပြီး အလွယ်တကူပြုလုပ်နိုင်ပါတယ်။ PS3 ရဲ့ လက်ကိုင်ထက် ပိုမိုအသုံးပြုရအဆင်ပြေစေတာကိုတွေ့ရပါတယ်။ လက်ကိုင်ကို တစ်ခါအားသွင်းထားရင် ၇ နာရီကြာ ကစားနိုင်ပါတယ်။ Nokia Fatboy လို Wireless အားသွင်းစနစ်မပါရှိတာကတော့ ပြောစရာရှိပါတယ်။ DualShock 4 ကို သီးသန့်၀ယ်ယူချင်ရင် စတာလင်ပေါင် ၅၀ ဈေးသတ်မှတ်ထားတဲ့အတွက် ဈေးကြီးတယ်လို့ပြောလို့ရပါတယ်။

3

User Interface

PS4 ဟာ PS3 ရဲ့ User Interface ထက်ပိုမိုကောင်းမွန်အောင်ပြုပြင်ထားတာတွေ့ရပါတယ်။ PS4 ကို ပထမဆုံးဖွင့်ကြည့်ရင် What’s New, PlayStation Live, TV&Video, Video Unlimited, Music Unlimited, The Playroom, PlayStation Live, Browser စတာတွေကို တွေ့မြင်နိုင်သလို Individual Tabs လို အင်စတောလုပ်ထားတဲ့ ဂိမ်းတွေ၊ ဒေါင်းလုပ်လုပ်ထားတဲ့ အရာ တွေကို စုစည်းထားတဲ့ Library ကိုတွေ့မြင်နိုင်ပါတယ်။ Lovefilm, Netflix, BBC iPlayer, Demand 5, IGN, BBC Sport and BBC News စတဲ့ App တွေကို ဒေါင်းလုပ်လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ Blu-ray Movie တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ 3D Blu-ray တွေကိုတော့ ကြည့်လို့မရသေးပါဘူး။

4

PS4 ရဲ့ User Interface မှာ အဓိက ကျတဲ့ Row နှစ်ခုကို တွေ့မြင်ရပါတယ်။ အပေါ်က Row မှာ Friends, Trophies, Settings စတဲ့ Functions တွေကို အသုံးပြုလို့ရတဲ့ အိုင်ကွန်တွေကို တွေ့ရပါတယ်။ အောက်က Row မှာ နောက်ဆုံးကစားခဲ့တဲ့ ဂိမ်းတွေ၊ Game Recording တွေကို Share လုပ်ထားတာတွေ၊ ဒေါင်းလုပ်ချထားတာတွေ၊ အင်တာနက်အသုံးပြုလို့ရတဲ့ Browser ကိုသုံးနိုင်တာတွေ၊ Media တွေကို အသုံးပြုနိုင်တာတွေ နဲ့ပတ်သက်တဲ့ Recent Activities တွေကို ပြထားပေးပါတယ်။

Remote Play

PS4 ရဲ့ စိတ်၀င်စားစရာကောင်းတဲ့အချက်က PS Vita ဆိုတဲ့ Portable Game စက်ကနေပြီး ကစားနိုင်တာဖြစ်ပါတယ်။ PS Vita မှာ နောက်ဆုံး Update ပေးထားတဲ့ ဆော့ဝဲကို ရယူပြီး PlayStation Network Account ကို အသုံးပြုပြီး ချိတ်ဆက် ကစားနိုင်တာဖြစ်ပါတယ်။ PS4 နဲ့ PS Vita ကို ချိတ်ဆက်ပြီးပြီဆိုရင် PS4 ဂိမ်းတွေကို PS Vita မှ ကစားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်ဖို့အတွက် Same WiFi Network ထဲမှာ ရှိစရာမလိုပါဘူး။ Interface က ပြောင်းလဲသွားခြင်းမရှိဘဲ PS4 မှာလိုပဲမြင်တွေ့ရမှာဖြစ်ပေမယ့် အရွယ်အစားကတော့ သေးငယ်သွားမှာပါ။ စာသားတွေကို ဖတ်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ရုပ်ထွက်အရည်အသွေးကကောင်းမွန်တာကို တွေ့ရပါတယ်။

6

iPhone and Android App

ဒီနေ့ခေတ် မှာ Smartphone App တွေမပါရှိဘဲနဲ့တော့ ပြည့်စုံတဲ့ ဂိမ်းစက်တစ်ခု ဖြစ်မလာပါဘူး။ Android , iPhone တွေအတွက် PS4 App တွေပြုလုပ်ပေးထားပြီး ဂိမ်း၀ယ်တာတွေ၊ ကစားနေတဲ့ ဂိမ်းတွေရဲ့အခြေအနေတွေကို ကြည့်တာတွေပြုလုပ်နိုင်သလို ဂိမ်းကစားနေတဲ့ မြင်ကွင်းတွေကိုတောင် တိုက်ရိုက်ကြည့်နိုင်ပါတယ်။ Same WiFi Network ထဲမှာ ရှိဖို့တော့လိုအပ်ပါတယ်။

7

Pictures, Video တွေကို Share ပြုလုပ်ခြင်း

PS4 ရဲ့ Feature အသစ်တစ်ခုကတော့ Videos , Screenshot တွေကို Share လုပ်နိုင်လာတာဖြစ်ပါတယ်။ ဂိမ်းအခန်းတစ်ခုကို သင် က အောင်မြင်ပြီးတဲ့အခါမှာ သူငယ်ချင်းတွေကို Screenshot, Videos တွေပြပြီး ကူညီနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ Videos တွေကို Share မလုပ်ခင်မှာ Edit လုပ်နိုင်ဖို့ အခြေခံ Editing Tools တွေထည့်ပေးထားပါသေးတယ်။

8

Games တွေကို ကြည့်ခြင်း

PlayStation Network မှာ ကစားနေကြတဲ့ သူတွေရဲ့ ဂိမ်းတွေကို လည်းကြည့်နိုင်ပါသေးတယ်။ ဂိမ်းတစ်ခုကို မ၀ယ်ယူမီ ကြည့်နိုင်တဲ့အတွက် စဉ်းစားရွေးချယ်နိုင်တဲ့ အခွင့်အရေးတစ်ခုရလာတာဖြစ်ပါတယ်။

Camera

Motion Sensor ဖြစ်တဲ့ PS4 ရဲ့ ကင်မရာ ကတော့ Xbox One ရဲ့ Kinect လိုမဟုတ်ဘဲ ထပ်မံ၀ယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ စတာလင်ပေါင် ၄၅ သတ်မှတ်ထားပြီး PS3 မှာ ပါတဲ့ ကင်မရာ အတိုင်းပဲစွမ်းဆောင်နိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပါရှိလာပါတယ်။ ကင်မရာ နှစ်လုံးတပ်ဆင်ထားပြီး Lens တွေကလည်း ကြီးမားပါတယ်။ ကင်မရာ က အသုံးပြုသူရဲက မျက်နှာကို မှတ်သားထားနိုင်ပြီး အလိုလို Login လုပ်ပေးနိုင်ပါတယ်။ ခန္တာကိုယ် ကို လှုပ်ရှားကစားရတဲ့ ဂိမ်းတွေကို ကစားနိုင်မှာဖြစ်ပါတယ်။

9

အနှစ်ချုပ်

PS4 ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဂိမ်းစက်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ Graphic ပိုင်းကကောင်းမွန်ပြီး ဂိမ်းတွေကို ကြည်လင်ပြတ်သားစွာ မြင်တွေ့ရပါတယ်။ Controller ကလည်း အရင်ကထက်ပိုမိုကောင်းမွန်လာပါတယ်။ သူ့ရဲ့ပြိုင်ဖက် Xbox One ထက်သေးငယ်ပေါ့ပါးသလို ဈေးနှုန်းကလည်း ဒေါ်လာ ၁၀၀ သက်သာပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *