ရွေှတောင်မြို့သို့ ရောက်သောအခါ ရွေှနတ်တောင်ဘုရားကို ၀င်ရောက် ဖူးမြှော်ကြပါတယ်။ ရွေှနတ်တောင် ဘုရားကြီး အကြောင်းကတော့ ပြည်ခရိုင် ရွေှတောင်မြို့နယ်ရှိ ရွေှနတ်တောင်ဘုရားသည် မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူ အပါအ၀င် ဖြစ်တယ်။ ရွေှနတ်တောင် ဘုရားသည် ရွေှတောင်မြို့တောင်ဖက် လေးမိုင်အကွာ ဒေဝါ ဂီရီခေါ်ရွေှနတ် တောင် ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှား ရှိပါသည်။
သမိုင်းအဆိုအရ မြတ်စွာဘုရား သခင်သည် သဗ္ဗညုတ ရွေှဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်ေ၀ဠု၀န်ကျောင်းတိုက်မှ ယခု ရွေှနတ်တောင် ဘုရား တည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော် တစ်ပါးတည်းသာလျှင် တောင့်စောင့်ကြီးနတ်ကြီးအသွင်ဖြင့် ကြွရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွေှတောင်မြို့ နေရာဖြစ်သော ကဉ္စန ဂီရိ နိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ နတ်ကိုးကွယ်ကြရာ ထိုတောင်ကြီးပေါ်၌ နတ်ကွန်းဆောက်၍ တပေါင်းလတိုင်း ထိုတောင်စောင့်နတ်ကြီးကို ဆည်းကပ် ပသတင်မြှောက် ပူဇော်ကြသည်။ ဒေဝါဂီရိတောင်ထိပ်ပေါ်သို့ ဘုရားရှင်ကြွချီတော်မူသည့်ကာလ နတ်ဗြဟ္မာတို့လည်း ပူဇော်ရန် အသီးသီး ရောက်ရှိလာကြကုန်သည်။
ထိုအခါတောင်အလုံးသည် ဘုရားရှင်၏ ရောင်ခြည်တော်တို့ဖြင့် တလျှပ်လျှပ် ထွန်းပ၍ နေလေသည်။ ယင်းသို့ အလျှံအဝါ တောက်ပပုံကို မြင်ရသောနိဂုံးသူ နိဂုံးသားတို့သည် တအံ့တသြဖြစ်ကာ နောက်တစ်နေ့ နံနက်တွင် တောင်သို့တက်၍ ကြည့်ကြရာ သိကြားမင်းခင်းအပ်သော ပလ္လင်ညောင်စောင်း၌ နတ်သားအသွင် ဘုရားရှင်ကို ဖူးတွေ့ရသောအခါ သူတို့ ကိုးကွယ်သော နတ်မင်း ကိုယ်ထင်ပြသည်ဟု ယူဆကြကုန်သည်။ ဘုရားသခင်အား နတ်ကြီးအမှတ်ဖြင့် ရှိခိုးပူဇော်ကြ၍ ဘုရားသခင် ဟောတော်မူသော တရားကို နာယူကြသည်တွင် အချို့သော ပရိသတ်သည် သရဏဂုံ သုံးပါးနှင့် တကွ ငါးပါးသီလ မြဲကြကုန်သည်။ ဘုရားသခင်သည် ခုနှစ်ရက်ပါတ်လုံး တရားဒေသနာများ ဟောတော်မူပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ နိဂုံးသူ နိဂုံးသားတို့ ကိုးကွယ်ဆည်းကပ်ရန်
ဘုရားရှင် ကိုယ်စား နတ်သားအသွင်ဖြင့် နိမ္မိတရုပ်ပွားတော်ကို ထားတော်မူခဲ့ကာ ရာဇဂြိုဟ်သို့ ပြန်ကြွတော်မူသည်။
နိဂုံးသူ နိဂုံးသားတို့သည် ရုပ်ပွားတော်ကို ပျက်ပြားဆုတ်ယုတ်ခြင်း မရှိစေရန် အင်္ဂတေအုတ်ရိုးတို့ဖြင့် ပုထိုးစေတီငုံ၍ တည်လေသည်။ စေတီတည်ကြရာတွင် နေ့တွင် လူတို့က တစ်ရစ်တည်၍ ညဥ့်တွင် နတ်တို့က တစ်ရစ်တက်တည်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် သမိုင်းရင်း၌ `လူနတ် နှစ်လီ၊ တရစ်စီ၊ စေတီရွေှနတ်တောင်´ ဟုဆိုသည်။ စေတီတော်ဘုရားပွဲကိုလည်း နိဂုံးသူနိဂုံးသားတို့သည် ရှေးဦးမဆွ ကျ်းပပြုလုပ်မြဲဖြစ်သည့် အတိုင်း နှစ်စဉ် တပေါင်းလ၌ ကျင်းပကြရာ ယခုခေတ်တိုင်ပင် ဖြစ်သည်။ နတ်ကြိးနေရာတောင်တွင် ရွေှတောင်၊ ရွေှတုံးကြီးကဲ့သို့ အရောင်အဝါများ တဖိတ်ဖိတ် တောက်သည်ကို အစွဲပြု၍ရွေှနတ်တောင်ဟု တွင်ရာမှ ယင်းတောင်ပေါ်တွင် တည်ထားသော ဘုရားသည် ရွေှနတ်တောင်ဘုရားဟု ကျော်ကြားခဲ့လေသည်။ ရွေှနတ်တောင်ဘုရားကို ဒွတ္ထပေါင် မင်းကြီးမှ အစ မင်းအပေါင်းတို့သည် ဆက်လက် ပြုပြင်ကိုးကွယ်ကြသည်။
ဒွတ္ထပေါင်မင်းကြီး လက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ဗိဿနိုးနှင့် စန္ဒာဒေ၀ီ တို့သည် ပျက်စီးယိုယွင်းနေသော ရွေှနတ်တောင် ဘုရားကို အုတ်အင်္ဂတေများ ရှင်းလင်းပြီးနောက် ဘုရားရှင်၏ ဓါတ်တော်ပေါင်း ၁၈၂ဆူကို ရတနာကြုတ်ဖြင့် ထည့်ကာ ဌာပနာ၍ ရွေှစေတီတစ်ထပ် ငွေစေတီတစ်ထပ် မွမ်းမံပြီးလျှင် အုတ်ရိုးစေတီ ၁၅တောင်အမြင့် တည်သည်။ ဒွတ္တပေါင် မင်းကြီးက လည်း စေတီတော်ပြိးစီးသော အခါ နေထွက်နေ၀င်အခါတွင် စေတီတော်အရိပ်ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ အခွန်ကို စေတီတော်၌ ဆွမ်းတော်၀တ်၊ ဆီမီး၀တ် ဖြစ်စေ ဟု လှူ၍ တပေါငး်လတိုင်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ ပူဇော်သည်။
ထို့နောက် ပုဂံပြည် တရုတ်ပြေးမင်း၏ သားတော် ပြည်စားသီဟသူသည် ခမည်းတော် မှာထားချက်အရ ခမည်းတော် လက်စွပ်ကို ရောင်းချ၍ ရွေှနတ်တောင်စေတီတော်ကို ထပ်မံပြုပြင်ရာ ဉာဏ်တော် ၄၄တောင် မြင့်လေသည်။ တောင်ငူဘုရင် တပင်ရွေှထီး လက်ထက်တွင်လည်း ကိုယ်တော် လုံးပတ်ပြည့် ရွေှသင်္ကန်း ကပ်လှူတော်မူသည်။ ထို့နောက် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် သားတော်အိမ်ရှေ့မင်းသည် ရခိုင်ကို အောင်၍ ပြန်လာ သည်တွင် ရွေှနတ်တောင်ဘုရားအား ဖူးမြော်၍ ကိုယ်လုံးပြည့်ရွေှသင်္ကန်း ကပ်ခဲ့သည်။ ကုန်းတော်ရင်ပြင်၀ယ် တင့်တယ် ထူးဆန်း ခြူးပန်းခြူးနွယ် အသွယ်သွယ်သော ရတနာတို့ဖြင့် ချယ်လှယ် အပ်သော ရွေှပြဿဒ်တော်ကို လည်းကောင်း၊ စောင်းတန်းလှေကားများစွာသော အရုဏ်ခံ တန်ဆောင်း တု့ိကိုလည်းကောင်း ဆောက်လုပ် လှူဒါန်းတော်မူသည်။
ယင်းသို့ မင်းအဆက်ဆက် ပြုပြင်ပူဇော်ခဲ့ရာ ယခုအခါ စေတီတော်သည် ထီးတော်မပါ ဉာဏ်တော် ၆၄တောင်ရှိသည်။ ထီးတော်ပါမူ အတောင်၈၀မြင့်သည်။ စေတီတော်၏ ၀န်းကျင်ပတ်လည်တွင် စေတီရံ ၁၇ဆူနှင့် ရွေှပန်းခိုင်ကြီး ၁၅ခိုင်ရှိသည်။ ဘုရား ကုန်းတော်ပေါ်၌ ကြေးခေါင်းလောင်းပေါင်း ၂၁လုံး၊ ထီးတိုင်ပေါင်း ၁၄ခုနှင့်ဘုရားဖူး ပရိသတ်တို့ နားနေရန် သုံးထပ် ဇရပ်ကြီးနှင့် တကွ ဇရပ် စုစုပေါင်း ၁၅ခုရှိသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်၌ ရှိစဉ် အိနိ္ဒယနိုင်ငံ နှင့် ခွဲရေးတွဲရေးပြဿနာ ပေါ်ပေါက်လာရာ ၁၉၃၇ခုနှစ် ဧပြီလ၁ရက်နေ့တွင် ခွဲရေးအောင်မြင် သည်ကို အမှတ်ရစိမ့်သောငှာ ဘုရားကုန်းတော်ပေါ်၌ပင် ကျောက်စာတိုင် စိုက်ထူ ထားသည်ကို တွေ့ရ သည်။ စေတီတော်ကုန်း၏ တောင်ဖက်တွင် နှစ်ကျိပ် ရှစ်ဆူ ရုပ်ပွားတော်များ တန်ဆောင်းရှိ၍ ယင်းသို့ သွားရာလမ်းတွင် ၀င်္ကပါတောင်လမ်း ရှိသည်။ ထို့ပြင် ဒွတ္တပေါင်မင်းကြီး လက်ထက် အလယ်နန်း ဗိဿနိုးမိဖုရားသည် ရှင်မဟာယသ မထေရ် ဟောကြားတော်မူသောတေမိဇာတ်တော်ကို ကြည်ညိုလှသဖြင့် တေမိဇာတ်၌ ပါရှိသည့် ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်သို့ သွား၍ တေမိမင်းသား ရဟန်းပြုလုပ်သည့်တိုင်အောင်သော အဖြစ်အပျက် နေရာထိုင်ခင်းတို့ကို ရှုမြင်လိုသည့် ချင်ခြင်း ပြင်းပြစွာ ဖြစ်၏။ မိဖုရား၏ ဆန္ဒကို ပြည့်၀စေရန် ကဉ္စနာဂီရိခေါ်ရွေှတောင်မြို့ကို ဗာရာဏသီမြို့၊ ယင်းမြို့၏ အနီး၀န်းကျင်ကို ကာသိတိုင်းအဖြစ် စီရင်၍ မိဖုရားအား လိုက်လံ ပြသသည်ဟု ဆိုလေသည်။
ထို့ကြောင့် ရွေှနတ်တောင်၏ အနီး၀န်းကျင်တွင် မိဖုရားကြီးလှည့်လည်ကြည့်ရှုစဉ်က တေမိမင်းသားအား မြေမြှုပ်ရန် တွင်းတူး သည့်နေရာဟု ပြသရာ ဖြစ်သော တွင်းတောင်အရပ်၊ ရထားရပ်ရာအရပ်ဖြစ်သော ရပ်တော်မူအရပ် (ယခု မှတ်တော်မူအရပ်)၊ မင်းသားရထားမှ ဆင်း၍ အားစမ်းအံ့သောငှာ ရထားကို မွှေ့၍ လည်စေသော ဌာနဟု ပြသည့်အရပ်ဖြစ်သော ယခုအခေါ် မွေလယ်ရပ်၊ တေမိမင်း၏ ခမည်းတော် မယ်တော်တို့လိုက်လာ၍ ရသေ့ ရဟန်းပြုကာ နေထိုင်ရာ ဌာနဟု ပြသသည့် အရပ်ကို ခမည်းတော် သင်္ခမ်း၊ မယ်တော် သင်္ခမ်းဟုတွင်သော သင်္ခမ်းကြီးတောင် စသည်တို့သည် ယခုတိုင်ရှိသေးသည်။ သင်္ခမ်းကြီးတောင်တွင်လည်း ဒွတ္တပေါင်မင်းကြီး မိဖုရား ပိဿနိုးနှင့် စန္ဒာဒေ၀ီတို့က ဓာတ်တော်ဌာပနာ၍ တည်ထားသော သင်္ခမ်းကြီးစေတီလည်း တွေ့ခဲ့ရပါတယ်။
ရွေှနတ်တောင်မှာ ဘုရားအတွက် ပြုပြင်မွမ်းမံများကို လုပ်အားပေးကြသော အနီးအနားမှ ရွာများက လူများအား သာကူကြိုပြီး တိုက်နေကြတာကို တွေ့ရှိရပြီးဂေါပကမှ အတင်းဖိတ်သဖြင့် ၀င်ပြီး ငတ်တီးကျ အဲ ၀င်ရောက် အားနာ ပါးနာနဲ့ ခေါင်းမဖော်တမ်း သောက်ကြသေးတယ်။ ကျွန်မတော့ သိပ်မသောက်နိုင်ဘူး ထန်းလျက်များပြီး အတော်ချိုလို့ တစ်ဇွန်းနှစ်ဇွန်းပဲ သောက်ခဲ့လိုက်တော့တယ်။ ရွေှနတ်တောင်ဘုရားမှအပြန် လမ်းခရီးတွင် ခဏအနားယူ အပန်းဖြေခဲ့ကြပါသေးတယ်။