News

၂၁ ရာစု ခြိမ်းခြောက် မှုများတန်ပြန်ရန် အမေရိကန် – ဂျပန်စစ်ရေး မဟာမိတ်စာချုပ် ပြန်လည်ပြင်ဆင်

၂၁ရာစု ခြိမ်းခြောက် မှုအသစ်များ ဖြစ်သော မြောက်ကိုရီးယား နျူးကလီးယား အန္တရာယ်၊ ကမ္ဘာ့ အကြမ်းဖက် ါဒ၊ ဆိုက်ဘာလုံခြုံရေး ချိုးဖေါက်မှုစသည့် ခြိမ်းခြောက်မှု များကို တန်ပြန်နိုင်ရန် အမေရိကန် နှင့် ဂျပန်နိုင်ငံအကြား စစ်ရေးမဟာမိတ်စာချုပ်ကို ၁၆ နှစ် အတွင်း ပထမဆုံးအကြိမ်ပြန်လည် ပြင်ဆင်ရန် သဘောတူညီ လိုက်ကြောင်း Reuters တွင် ဖေါ်ပြထားသည်။

အာရှ နှင့် ပစိဖိတ်ဒေသ အတွင်းအမေရိကန် တပ်ဖွဲ့၀င်များကို မဟာဗျူဟာမြောက် ချိန်ညှိတပ်ဖြန့် မှုများ ပြန်လည် ပြုလုပ်မည် ဟုသမ္မတ အိုဘားမား ကကြေညာလိုက်ပြီးနောက် အမေရိကန် – ဂျပန်စစ်ရေး မဟာမိတ် စာချုပ်ပြန်လည် ပြင်ဆင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည် ဟုသိရသည်။

လုံခြုံရေး နယ်ပယ်တွင် ဂျပန်နိုင်ငံ၏ တာ၀န်ယူမှု ပိုမို မြှင့်တင်ရန် ါရှင်တင်တန် ကလိုလားနေသကဲ့ သို့ ဂျပန် အမျိုးသား ရေးါဒီ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ကလည်း တရုတ်နှင့် နယ်မြေအငြင်းပွားမှု၊ မြောက်ကိုရီးယား ခြိမ်းခြောက်မှုစသည့် လုံခြုံရေးရာကိစ္စများတွင် တင်းတင်းမာမာကိုင်တွယ် ဆောင်ရွက် လျက်ရှိသည်။
“ကျွန်တော်တို့ ရည်မှန်းချက်က ဟန်ချက်ညီပြီး ထိရောက် တဲ့မဟာမိတ်ဖွဲ့စည်း ဖို့ပါ” ဟုအမေရိကန်ကာကွယ် ရေး၀န်ကြီး ချပ်ဟေဂယ်လ် ကတိုကျိုမြိုတော်၌ ကျင်းပလျက်ရှိ သော 2+2 အစည်းအဝေးအပြီး တွင်ပြောကြား သည်။

လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင်သတ်မှတ်ချက်များ ကိုပြန်လည်ရေးသားရန်၊ အမေရိကန် ဂလိုဘယ်ဟော့ မောင်းသူမဲ့ ကင်းထောက် လေယာဉ်များကိုဂျပန်နိူင်ငံ ၌ အလှည့်ကျစနစ်ဖြင့် တပ်စွဲ ခွင့်ပြုရန်၊ ဆိုက်ဘာလုံခြုံ ရေးစိန်ခေါ်ချက် များကို ပူးပေါင်းဖြေရှင်းရန် အမေရိကန် နှင့် ဂျပန်နှစ်နိုင်ငံက စာမျက်နှာ ၁၀မျက်နှာရှိ သဘောတူညီ ချက်ထုတ်ပြန် ခဲ့သည်ဟုသိရသည်။ ထို့အပြင် ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ် X-band ရေဒါသစ်တစ်လုံးကို ဂျပန်နိုင်ငံ အနောက်ပိုင်း ကျိုဂါမီဆာကီ လေတပ်စခန်း တွင်ထားရှိရန် ၊ အိုကီနာါ ကျွန်းရှိ အမေရိကန် တပ်ဖွဲ့၀င် ၅၀၀၀ကို ဂူအန်ကျွန်း သို့ပြောင်းရွှေ့ တပ်စွဲစေရေး တရား၀င် ဆုံးဖြတ်ဆောင်ရွက် ရန်လည်း နှစ်နိုင်ငံ ၀န်ကြီးများက သဘောတူညီ ခဲ့ကြသည်။

ဂျပန်နှစ်နိုင်ငံ၏ အိမ်နီးချင်း မြေက်ကိုရီးနိုင်ငံကနျူးကလီးယား စမ်းသပ်မှုများနှင့် တာဝေးပစ် ဒုံးပျံ စမ်းသပ် မှုများ မကြာခဏ ပြုလုပ်နေပြီး အမေရိကန် နိုင်ငံကိုနျူးကလီးယား လက်နက် ဖြင့်တိုက်ခိုက် မည်ဟု ခြိမ်းခြောက်ထား ခြင်းကြောင့်အမေရိကန် နှင့် ဒေသတွင်း မဟာမိတ်မဟာမိတ်နိုင်ငံ များတွင် ခြိမ်းခြောက်မှု များတိုးပွား လျက်ရှိသည်။အသစ်တပ်ဆင် မည့် X-band ရေဒါဖြင့် ဒုံးကျည်သွား လမ်းကြောင်းများ ကိုပိုမိုတိကျ စွာထောက်လှမ်းပေးနိုင် မည်ဖြစ်ပြီး ဂျပန်နှင့်အမေရိကန်နိုင်ငံ တို့ကိုခြိမ်းခြောက် မှုအန္တရာယ် များကာကွယ် ပေးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ဂျပန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့၀င်များ တပ်စွဲထားရှိခြင်း ကိုပြည်သူအများစု လက်ခံနိုင်ရန် အတွက် စစ်စခန်းအဖြစ်အသုံး ပြုထားသော မြေများကို ဂျပန်ပြည်သူများကို ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်ပြီး တပ်ဖြန့်စခန်း ချထားမှုများ ကိုလည်းပြန်လည် ပြင်ဆင်မည် ဖြစ်သည်ဖြစ်သည်ဟုသိရသည်။

အာရှဒေသ အတွင်း စစ်ရေးနိုင်ငံရေး ခြိမ်းခြောက်မှု အမျိုးမျိုး ပေါ်ထွက်နေပြီး တင်းမာမှုများ မြင့်တက်နေချိန် ၌ အမေရိကန် – ဂျပန် စစ်မဟာမိတ် စာချုပ် ပြန်လည်ပြုပြင် သည့်သဘောတူညီ ချက်ပေါ်ထွက် လာခြင်း ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *