News

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ နှင့်ပတ်သက်၍ သိစရာများ

လိုဂို
အောင်ပွဲခံ နေတဲ့လက်သုံးချောင်းပုံစံ နဲ့ကမ္ဘာ့ဖလားဆုတံဆိပ်ပုံ နဲ့လှပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားရဲ့ လိုဂိုကို Inspiration လို့ခေါ် ပါတယ်။ ဒီ Logo ကိုဘရာဇီးလ် အေဂျင်စီ အယ်ရီကာ ကဖန်တီးခဲ့တာ ဖြစ်ပါတယ်။

football-logo

ပိုစတာ
ကမ္ဘာဖလား သံတမန်တွေဖြစ်တဲ့ ရော်နယ်ဒို၊ ဘီဘီတို၊ ဇယ်ကားလို့၊ အာမာရယ်လို၊ ကားလို့စ်အယ်ဘာတို၊ တောရက်စ် တို့ဟာ ဒီကမ္ဘာ့ဖလားပိုစတာကို ၂၀၁၃ ခုဇန်န၀ါရီ ၃၀ရက်နေ့ မှာပြသခဲ့ပါတယ်။ ဘရားဇီးလ် နိုင်ငံရဲ့ အလှအပနဲ့ါသနာ အမျိုးမျိုးတို့ကို ကိုယ်စားပြုတဲ့ အရောင်တွေကိုသုံးစွဲထားပါတယ်။

football-poster

လာဘ်ကောင်အရုပ် ဖူလီကို(Fuleco)
ဖူလီကိုလို့ အမည်ရတဲ့လာဘ်ကောင် ရုပ်ကိုပရိတ်သတ်နဲ့ မိတ်ဆက်ပေးတဲ့ အခါမှာလူဦးရေ (၁.၇)သန်း ကလက်ခံခဲ့ ကြလို့ (၄၈)ရာခိုင်နှုန်း အထိရ ရှိပြီးပြိုင်ဘက် အရုပ်တွေကို ဖြတ်ကျော်ပြီး ရွေးချယ်ခံခဲ့ ရခြင်းဖြစ် ပါတယ်။ ဖူလီကိုရဲ့ အဓိပ္ပါယ်ကတော့ ဘရာဇီးလ်လို့ ဆိုရင် ဘောလုံးနှင့် စီးပွားရေးလို့ အဓိပ္ပါယ်ရပါတယ်။

footbal-fuleco

၂၀၁၄ ကမ္ဘာ့ ဖလားတရား၀င်သီချင်း
အဆိုတော်ဒေးဗစ်ကော်ရေး သီဆိုတဲ့ “ကျွန်တော် တို့ရဲ့ကမ္ဘာ” သီချင်းနဲ့ ဘရာဇီးလ် ပက်ကာရှင်း အဆိုတော် မိုနိဘလိုကိုရဲ့ “ကိုကာကိုလာ၏ ကမ္ဘာ့လုံးဆိုင်ရာ (၂၀၁၄) ကမ္ဘာဖလား” ဆိုတဲ့သီချင်း တွေဟာ ၂၀၁၄ ကမ္ဘာ့ရဲ့ တရား၀င် သီချင်းတွေပါ။ ဒီသီချင်းတွေ ကိုအဓိက စပွန်ဆာဖြစ်တဲ့ ဆိုနီ(SONY) က၂၀၁၃ခုနစ်၊စက်တင်ဘာ ၁၀ရက်နေ့ မှာရွေးချယ်ခဲ့ တာဖြစ်ပါတယ်။

http://www.youtube.com/watch?v=1h22SfQZl70&feature=player_detailpage

ဘရာဇူကာဘောလုံး
၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက်အသုံးပြုမယ့် ဘောလုံးကတော့ အက်ဒီးဒက်စ် ကထုတ်လုပ်တဲ့ ဘရာဇူကာ (brazuca) အမည်ရ​ေဘာလုံးပဲ ဖြစ်ပါတယ်။ ဒီဘောလုံး ဘရာဇူကာ ဟာဘရာဇီးလ် ဘောလုံးပရိတ်သတ် (၇၀)ရာခိုင်နှုန်း အထိထောက်ခံမဲ ရရှိခဲ့တဲ့ ဘောလုံးလည်းဖြစ်ပါတယ်။

football-brazuca

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *