News

Nexus 7 ကို Verizon မှ ရောင်းပြီ

Google ရဲ့ Nexus 7 Tablet ကို Verizon Wireless မှ ၀ယ်ယူနိုင်ပြီ ဖြစ်ပြီး LTE Network ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၇လက်မ Android Tablet ကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး 32GB Model ကို ဒေါ်လာ 350 နဲ့ ၀ယ်ယူနိုင်ပြီး ၂ နှစ်စာချုပ်နဲ့ ဆိုရင်တော့ ဒေါ်လာ 250 ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ထုတ် Nexus 7 Tablet ကို ၀ယ်ယူထားတဲ့သူဆိုရင်တော့ Verizon’s LTE Network ကို အသုံးပြုဖို့ နောက်ဆုံးထုတ် Android Software Update ကို Download လုပ်ရမှာ ဖြစ်ပါတယ်။ Share Everything Plan ကို အသုံးပြုမယ် ဆိုရင်တော့ တစ်လလျှင် ၁၀ ဒေါ်လာ ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။

Nexus 7 မှာ ခုနစ်လက်မအရွယ် 1200×1920 Pixels Display တပ်ဆင်ထားပြီး တစ်လက်မတွင် Pixel သိပ်သည်းဆ (၃၂၃)ပါရှိ ပါတယ်။ Quad-Core 1.5GHz Krait Processor, Android 4.3 Jelly Bean တို့ကို အသုံးပြုထားပါတယ်။ 2GB RAM ပါရှိပြီး 16GB or 32GB ရွေးချယ်နိုင်ပါတယ်။ အတိုင်းအတာ အပြည့်အစုံမှာ 7.87 x 4.49 x 0.34 လက်မ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 5MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.2MP Camera တပ်ဆင်ထားပါတယ်။ 3950mAh Battery တပ်ဆင်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *