News

HP က Phablet စမတ်ဖုန်းတွေဖြစ်တဲ့ Slate 6 VoiceTab နဲ့ Slate 7 VoiceTab တို့ကို အိန္ဒိယမှာ ရောင်းချ

HP က Slate 6 VoiceTab နဲ့ Slate 7 VoiceTab တို့ကို အိန္ဒိယမှာ ရူပီး (၂၂၉၉၀)၊ ရူပီး (၁၆၉၉၀) ဖြင့် အသီးသီးရောင်းချပေး လိုက်ကြောင်းသိရပါတယ်။

Slate 6 VoiceTab မှာ ခြောက်လက်မအရွယ် 1280×720 Pixels Touch Screen IPS Display တပ်ဆင်ထားပြီး Android 4.2.2 Jelly Bean အသုံးပြုထားပါတယ်။ 1.2GHz Quad-Core Processor မောင်းနှင်လည်ပတ်မှာဖြစ်ပြီး SIM Card နှစ်မျိုးအသုံး ပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 5MP Camera တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 2MP Camera တပ်ဆင်ထားပါတယ်။ ၈.၉၈ မီလီမီတာ အထူရှိပြီး အလေးချိန် (၁၆၀) ဂရမ် ရှိပါတယ်။ 1GB RAM, 16GB Internal Storage ပါရှိပြီး 32GB အထိ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။ 3000mAh Battery တပ်ဆင်ထားပါတယ်။

Slate 7 VoiceTab မှာ ခုနစ်လက်မအရွယ် 1280×800 Pixels Touch Screen IPS Display တပ်ဆင်ထားပါတယ်။ Android 4.2.2 Jelly Bean ကို အသုံးပြုထားပြီး 1.2GHz Quad-Core Processor တပ်ဆင်ထားပါတယ်။ SIM Card နှစ်ခု အသုံးပြုနိုင်ပြီး အနောက်ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာ 2MP Camera တပ်ဆင်ထားပါတယ်။ ၉.၅မီလီ မီတာ အထူရှိပြီး (၃၂၅) ဂရမ် အလေးချိန်ရှိပါတယ်။ 1GB RAM ပါရှိပြီး 16GB Storage ပါရှိပါတယ်။ 32GB အထိ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။ 4100mAh Battery တပ်ဆင်ထားပါတယ်။

Phablet နှစ်မျိုးလုံးမှာ SIM Card နှစ်ခု အသုံးပြုနိုင်ပြီး မျက်နှာချင်းဆိုင်မှာ စပီကာ နှစ်ခုစီပါရှိပါတယ်။ Box Cloud Storage မှာ (25)GB အခမဲ့ ရရှိမှာဖြစ်ပါတယ်။ HP ရဲ့ ဆော့ဝဲတွေဖြစ်တဲ့ HP Connected Music, HP e-Print, HP Connected Photo, HP File Manager တို့ ပါရှိပါတယ်။

HP Slate 6 VoiceTab ကို အနက်ရောင် ထုတ်လုပ်ပေးထားပြီး Slate 7 VoiceTab ကိုတော့ အဖြူရောင် ထုတ်လုပ်ပေးထား ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *