News, Review

ASUS MAXIMUS VII HERO (ROG) Gaming Motherboard

ASUS MAXIMUS VII HERO (ROG) Gaming Motherboard

Royal Smart Trading မှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အားသာချက်
ဒီ motherboard ကတော့ ဂိမ်းဝါသနာပါသူတွေအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုလို့ပြောလို့ရပါတယ်။
Intel Socket 1150 ရဲ့နောက်ဆုံး chipset Z97 ကိုအသုံးပြုထားသည့်အတွက် CPU 5th Generation
Core i7 အထိ စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မှာပါ။ 22nm CPU ကိုအသုံးပြုထားသည့်
အတွက် ပါဝါစားအလွန် သက်သာစေမှာပါ။

အားနည်းချက်
Motherboard size ကတော့ normal case တွေမှာ တတ်ရတာအဆင်မပြေပါဘူး။ ဈေးနှုန်းကလည်း နည်းနည်းလေးများနေသေးပါတယ်။

စွမ်းဆောင်ရည်
MAXIMUS VII HERO motherboard ကတော့ memory ကို 32GB အထိထောက်ပံ့ပေးမှာဖြစ်ပြီး
DDR3 3200(OC) အထိအသုံးပြုလို့ရမှာပါ။ Graphics Support ကတော့ resolution 4096×2160
အထိ ရုပ်ထွက်ကို အကောင်းဆုံး စွမ်းဆောင်ပေးမှာပါ။ Multi-GPU Support အနေနဲ့ကတော့
NVIDIA® Quad-GPU SLI™ Technology & AMD Quad-GPU CrossFireX™ Technology တွေကို
အဆင့်မြင့်နိုင်ပါတယ်။ Data transfer အတွက်ကတော့ USB 3.0 ကိုအသုံးပြုထားမှာဖြစ်ပြီး SATA 6GB
အထိစွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ Back I/O ports တွေကတော့ DVI, D-sub, HDMI, LAN, USB, USB
BIOS Flashback Button ကို ထည့်သွင်းအသုံးပြုထားပါသည်။ Special Feature အနေနဲ့ကတော့ Dual
Intelligent Processors 5-Way Optimization, Gamer’s Guardian, EZ DIY, Q-Design တွေဖြစ်ပြီး
Window 8.1 အထိ support ပေးမှာဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *