Featured, Gadgets, Review

Satellite အထောက်အကူ ယူရန် မလိုသော GPS စနစ် တီထွင်နိုင်တော့မည်

Satellite အထောက်အကူ ယူရန်မလိုသော GPS စနစ် တီထွင်နိုင်တော့မည်

ကျွန်တော်တို့ အသုံးပြုနေကြတဲ့ စမတ်ဖုန်းများမှာ GPS Chipများပါရှိကြပြီး အာကာသထဲမှ Satelliteရဲ့ အကူအညီနဲ့ တည်နေရာကို မြေပုံမှာ သိရှိနိုင်ပါတယ်။ ကားများမှာပါတဲ့ GPSစနစ်ကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ ပြောချင်တာက GPS Deviceများဟာ အာကာသထဲမှ Satelliteများကို မှီခိုနေရတာဖြစ်ပါတယ်။

အဲဒီ အာကာသာ အခြေပြု GPS စနစ်ကို ရေအောက်မှာသုံးလို့မရပါဘူး။ ရေငုပ်သင်္ဘောများမှာ တည်နေရာကို သိဖို့အတွက် Accelerometersများကို အသုံးပြုနေကြရတာပါ။ အဲဒီနည်းလမ်းက တိကျမှုသိပ်မရှိဘူးလို့ သိရပါတယ်။ အခုတစ်ခါမှာတော့ Quantum Compassလို့ အမည်ရတဲ့ Deviceကို ဗြိတိန်စစ်တပ်က တီထွင်နေပြီး Satelliteရဲ့ အထောက်အကူကို ယူရန်မလိုဘဲ ရေငုပ်သင်္ဘောများမှာ GPSပုံစံ တည်နေရာညွှန်ပြမှုကို သုံးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါနည်းစနစ်ဟာ ရေငုပ်သင်္ဘောများမှာ လက်ရှိသုံးနေတဲ့ Accelerometers စနစ်ထက်တိကျမှုရှိပါတယ်။ Quantum Compassကို အသုံးပြုပြီးတည်နေရာကို တိုင်းတာရင် သုံးပေလောက်သာ လွဲချော်ပြီး Accelerometerသုံးရင် တစ်မိုင်လောက် လွဲချော်တယ်လို့ ဆိုပါတယ်။

Quantum Compassက ကမ္ဘာမြေကြီးရဲ့ သံလိုက်ဆွဲအားနဲ့ ချိတ်ဆက်အလုပ်လုပ်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာကာသအခြေပြု GPSစနစ်မဟုတ်ဘဲ ကမ္ဘာမြေအခြေပြု GPSစနစ်ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ဗြိတိန်စစ်တပ်က စမ်းသပ်နေတဲ့ Quantum Compassဟာ တစ်မီတာရှည်တဲ့ ဖိနပ်ဘူးခွံတစ်ခုနဲ့ ဆင်တူပါတယ်။ အဲဒီအတွက် ဒီထက်သေးငယ်အောင် ပြုလုပ်ရအုံးမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ ဒါမှသာ စစ်သားများ ခန္ဓာကိုယ်မှာ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်သလို သင်္ဘောများနဲ့ ရေငုပ်သင်္ဘောများမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Quantum Compassကို စမတ်ဖုန်းများမှာလည်း သုံးလို့ရမယ်လို့ ပြောပါတယ်။

အမေရိကန်က GPS စနစ်ဟာ ဖောက်ထွင်းလို့ ရပြီး လုံးခြုံမှုမရှိဘူးလို့ မကြာခဏ သတိပေးနေပါတယ်။ Quantum Compassကတော့ လုံခြုံမှုရှိတယ်လို့ ပညာရှင်များက ပြောပါတယ်။

ဗြိတိန် သိပ္ပံပညာရှင်များက Quantum Compassကို တီထွင်အောင်မြင်ဖို့ သုံးနှစ်မှ ငါးနှစ်ကြာမြင့်အုံးမယ်လို့ ပြောပါတယ်။

ဗြိတိန်ဟာ Quantum Scienceကို ခေတ်သစ် ထုတ်ကုန်များနဲ့ ၀န်ဆောင်မှုများမှာ အသုံးပြုနိုင်မယ့် နည်းလမ်းများကို ငါးနှစ်ကြာ သုတေသနပြုလုပ်ဖို့ စတာလင်ပေါင် သန်း ၂၇၀ ရင်းနှီးမြှပ်နှံခဲ့ကြောင်း ၂၀၁၃ ခုနှစ်မှာ ကြေညာခဲ့ပါတယ်လို့ Financial Timesက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Nokia, Hitachi, Toshibaအပါအ၀င် အခြား ကုမ္ပဏီများဟာ ဗြိတိန်မှာ Quantum သုတေသနဓါတ်ခွဲခန်းများကို တည်ဆောက်ထားကြတယ်လို့ Financial Timesက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *