Apps, News, Review

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး App WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး App WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး app ဖြစ်သော WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ မြန်မာလူငယ်များအနေဖြင့် မိုဘိုင်းလ်ဆက်သွယ်ရေး platform ၏ တီထွင်ဆန်းသစ်သောလုပ်ဆောင်ချက်များအသုံးပြုကာ မိမိတို့၏ အမှတ်တရအချိန်များကို မျှဝေခြင်း၊ မိတ်ဆွေအသစ်များရှာဖွေခြင်းနှင့် စိတ်ခံစားချက်များကို ပျော်ရွှင်ဖွယ်ရာ မြန်မာစတစ်ကာများဖြင့်ဖော်ပြ၍ ကမ္ဘာအနှံ့အပြားရှိ WeChat သုံးစွဲသူသန်းပေါင်းများစွာနှင့် ချိတ်ဆက်ပြောဆိုနိုင်ပါသည်။

၂၀၁၁ ခုနှစ်တွင် WeChat ကို စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း သုံးစွဲမှုလျင်မြန်စွာ ကျယ်ပြန့်လာသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံ၌ တွင်ကျယ်စွာအသုံးပြုသည့် Weixin နှင့် ပေါင်းစပ်လိုက်သော WeChat တွင် ယခုနှစ်၏ ပထမရက်သတ္တပတ်အဆုံး၌ တစ်လလျှင် ပုံမှန်သုံးစွဲသူအရေအတွက် ၅၄၉ သန်းခန့်ရှိပါသည်။ လေ့လာချက်များအရ သုံးစွဲသူသန်း ၁၀ဝ ရရှိနိုင်ရန် Twitter မှ ရက်ပေါင်း ၁၄၀ဝ၊ Facebook မှ ရက်ပေါင်း ၁၆၀ဝ လိုအပ်ခဲ့သော်လည်း WeChat သည် ၄၃၃ ရက်အတွင်း သုံးစွဲသူသန်း ၁၀ဝ ရရှိခဲ့ပါသည်။

“WeChat ကို စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ လူငယ်တွေကြားမှာ အသုံးပြုမှု သိသိသာသာ တိုးတက်လာတာတွေ့ရှိရပါတယ်” ဟု WeChat Myanmar ၏ Country Manager, Oliver Ye က ပြောကြားခဲ့ပါသည်။ “တိုးတက်မှုတွေ စဉ်ဆက်မပြတ်မျှော်လင့်နိုင်တဲ့ မြန်မာ့ဈေးကွက်မှာ ပိုမိုထိရောက်ပြီး သုံးစွဲသူတွေကို ပျော်ရွှင်စေနိုင်တဲ့ platform ကိုယူဆောင်လာနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာတလွှားမှာ လူကြိုက်များပြီးဆန်းသစ်တဲ့ စကားပြောဆို ဆက်သွယ်မှုနည်းသစ်တစ်ခုကို မြန်မာပြည်သူတွေအတွက် ဆောင်ကျဉ်းပေးပြီးတော့ ဘဝရဲ့အချိန်တွေကိုပိုမိုရိုးရှင်း၊ နှစ်ခြိုက်ဖွယ်ကောင်းစေပါလိမ့်မယ်” ဟုလည်း ဆက်လက်ပြောဆိုခဲ့ပါသည်။

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး App WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်

wechat

အွန်လိုင်းသုံးစွဲသူ၏ အပြုအမှုကို အဓိကထားလေ့လာသော ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုဖြစ်သည့် GlobalWeblndex ၏ လတ်တလောလေ့လာမှုအရ ပြိုင်ဘက်လူမှုဆက်သွယ်ချိတ်ဆက်ရေး app များထဲတွင် WeChat ကို အငယ်အရွယ်ဆုံးသောအုပ်စုက အသုံးပြုလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူ ၃ ပုံ ၁ ပုံ သည် အသက် ၁၆ နှစ်မှ ၂၄ နှစ်အတွင်း ရှိပါသည်။ ၂၀၁၃ ခုနှစ်၏ ပထမလပတ်မှ ၂၀၁၄ ခုနှစ်၏ တတိယလပတ်အထိ ကမ္ဘာအနှံ့ အပြား၌ WeChat သုံးစွဲသူအရေအတွက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခုအခါ မြန်မာပြည်ရှိ WeChat သုံးစွဲသူများသည် ၎င်း၏ထူးခြားသော လုပ်ဆောင်ချက်များမှတဆင့် မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ အသံ၊ အဖွဲ့လိုက်နှင့် ဗီဒီယို chat စသည်တို့အသုံးပြု၍ လွတ်လပ်စွာ ပြောဆိုဆက်သွယ်နိုင်ပါသည်။ WeChat app သည် အနုပညာဖန်တီးသူများနှင့် လက်တွဲကာ ပျော်ရွှင်ဖွယ်ကောင်းသည့် မြန်မာစတေကာများ၏ သရုပ်ဖော်မှုများစွာ ဖြင့် မြန်မာ့နည်း၊ မြန်မာ့ဟန်မပျက် ချိတ်ဆက် ပြောဆိုသွားနိုင်မည် ဖြစ်ပါသည်။

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး App WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်

wechat

မိမိတို့၏ အမှတ်တရအချိန်များကို ကိုယ်ပိုင် timeline ပေါ်တွင် မျှဝေမှုပုံစံအသစ် သို့မဟုတ် ပိုမိုလုံခြုံစိတ်ချရသော ကွန်ယက်တစ်ခုကို သုံးစွဲသူများအတွက် WeChat မှ ယူဆောင်လာခဲ့ပါသည်။ App အတွင်းအသင့်ပါရှိသော filter သည် စိတ်ကူးဆန်းသစ်မှု နှင့် ကိုယ်ပိုင်ခံစားချက်ကို ပိုမိုပေါ်လွင်အောင် ဖန်တီးပေးနိုင်ပြီး ဘာသာပြန်ခလုတ် (translate button) ကလည်း မိတ်ဆွေသူငယ်ချင်းများ၏ ပိုစ့် (posts) နှင့် ကောမန့်များ (comments) ကို မိမိတို့ဘာသာစကားအဖြစ် ချက်ခြင်းပြောင်းလဲပေးနိုင်ပါသည်။

မကြာမီတွင် ကုန်အမှတ်တံဆိပ်များနှင့် စားသုံးသူများစွာကလည်း WeChat ၏ တရားဝင်အကောင့်မှတဆင့် ဆက်သွယ်မှုနည်းလမ်းအသစ်ဖြင့် ချိတ်ဆက်လုပ်ကိုင် နိုင်ကြမည်ဖြစ်ပါသည်။ အဆိုပါအကောင့်အား WeChat သုံးစွဲသူ များမှ subscribe လုပ်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး စကားပြောနိုင်သောနေရာမှ တဆင့် စာသား၊ အသံ၊ ဓာတ်ပုံ နှင့် links အစရှိသည်တို့ကိုလည်း ပေးပို့သွားနိုင်မည်ဖြစ်ပါသည်။ ဤတရားဝင်အကောင့်၌ ပါဝင်ထားသောသူများကိုလည်း အမျိုးအစားခွဲ၍ သတ်မှတ်ထားရုံသာမက ကုန်အမှတ်တံဆိပ်များကလည်း ၎င်းတို့၏ လှုပ်ရှားမှုလုပ်ငန်းများအလိုက် အသေးစိတ်သော စာရင်းအချက်အလက်များဖြင့် စောင့်ကြည့်အကောင်အထည် ဖော်နိုင်ပါသည်။

ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် လူမှုဆက်သွယ်ရေး App WeChat ကို မြန်မာဘာသာစကားဖြင့် စတင်အသုံးပြုနိုင်

wechat.com

ABOUT WECHAT

WeChat သည် သုံးစွဲသူများ၏ ဆက်သွယ်ချိတ်ဆက်၊ ပြောဆို၊ မျှဝေမှုများကို အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်းသစ်သော နည်းလမ်းများကို ဖန်တီးလျက်ရှိပါသည်။ Smartphone သုံးစွဲသူများ၏ မိုဘိုင်းလူမှုဆက်သွယ်ရေး app ဖြစ်သော WeChat သည် ကမ္ဘာ့အမြန်ဆန်ဆုံး သုံးစွဲမှုကျယ်ပြန့်လာသည့် app တစ်ခုဖြစ်ပြီး နိုင်ငံတကာရှိ လူသန်းပေါင်းများစွာက အသုံးပြုလျက်ရှိပါသည်။ WeChat သည် မက်ဆေ့(ချ်) ပို့ခြင်း၊ လူမှုဆက်သွယ်ရေး နှင့် ဂိမ်းကစားခြင်း အစရှိသည်တို့အား တစ်နေရာထဲတွင် ချောမွေ့စွာ အသုံးပြုနိုင်ရန် အပြန်အလှန်ပါင်းစပ်ထားပြီး သုံးစွဲသူများ လုပ်ဆောင်နိုင်စွမ်းအား မြှင့်တင်ပေးပါသည်။ လုံခြုံရေးအတွက် ပြည့်စုံလုံလောက်သော လုံခြုံရေး setting များကို မိမိစိတ်ကြိုက်ထိန်းညှိပေးနိုင်ရန် ဖန်တီးထားပါသည်။ WeChat တွင် သုံးစွဲသူများအတွက် ဗဟိုပြုထိန်းချုပ်မှု ထောက်ပံ့ပေးထားပြီး အသံ၊ ဓာတ်ပုံ နှင့် စာသားများကို လူမှုဂေဟစနစ်တစ်ခုလုံး ဖြန့်ကျက်လျက် မျှဝေသွားနိုင်ရန် ပြုလုပ်ပေးထားပါသည်။

ကုန်အမှတ်တံဆိပ်များကလည်း WeChat ၏ တရားဝင်အကောင့်မှတဆင့် ၎င်းတို့၏ ပြည့်စုံကြွယ်ဝသောအကြောင်းအရာ၊ အတွေ့အကြုံများကို လူ့အသိုင်းအဝိုင်းနှင့် လျော်ညီစွာ ဆက်စပ်ကြီးထွားလာရန် ဖြန့်ဝေပေးပို့နိုင်ပါသည်။ WeChat ကို Android, BlackBerry, iOS, Symbian နှင့် Windows operating system များတွင် အခမဲ့ရယူနိုင်ပါသည်။ Wechat အကြောင်းအရာများကို www.wechat.com တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ WeChat ၏ blog ဖြစ်သည့် Chatterbox မှလည်း WeChat အကြောင်း လေ့လာနိုင်ပါသည်။ http://blog. wechat.com စိတ်ဝင်စားဖွယ်ရာ ဗီဒီယိုများကို WeChat တရားဝင် YouTube Channel တွင် ခံစားကြည့်ရှုနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *