News

HP Deskjet Ink-Advantage 2645 All-in-One Printer Series

HP Deskjet Ink-Advantage 2645 All-in-One Printer Series

HP ရဲ့ Inkjet Printer Series တွေထဲမှာပါတဲ့ HP Deskjet Printer Series တွေကိုကုန်ကျစရိတ် သက်သာစွာနဲ့ အရည်အသွေး အလွန်ကောင်းမွန်တဲ့ ပုံရိပ်တွေဖန်းတီးနိုင်ပြီး လုပ်ငန်းဆောင်တာ အားလုံးကိုစက် အများကြီးဝယ်ယူ စရာမလိုပဲ စက်တလုံးထဲကနေ ကောင်းမွန်စွာလုပ်ပေးနိုင်တဲ့ Printer အမျိုးအစားကို လူကြီးမင်းတို့ ဝယ်ယူအသုံး ပြုချင်သလား? ယခုအခါ HP မှ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် Deskjet IA Printer Series ထဲက HP Deskjet IA 2645 AiO Printer Series ကိုထုတ်လုပ်ပေးထားပြီဖြစ်ပါသည်။ HP Deskjet IA အမျိုးအစားများမှာ အသုံးပြုသူများအနေဖြင့် ဝယ်ယူပြီးချက်ခြင်း အသုံးပြုလို့ရအောင် ထုတ်လုပ်ပေးထားသော Printer အမျိုးအစားဖြစ်ပါသည်။ All in One Printer Series ဖြစ်ခြင်းကြောင့် Print/Scan/Copy/Fax လုပ်ငန်းစဉ်အားလုံးကို စက် ၁ လုံးထဲမှ လုပ်ဆောင်ပေးနိုင်ပါတဲ့အတွက် စက်ပစ္စည်းအများကြီး ဝယ်ယူရခြင်းအတွက် ကုန်ကျစရိတ်များစွာ ကုန်ကျနေခြင်းမှ သက်သာနိုင်မည်ဖြစ်ပါသည်။

သိပ်သည်းကျစ်လစ်သော ဒီဇိုင်းပုံစံဖြစ်ပြီး IA Series ဖြစ်သည်နှင့်အညီ အသုံးပြုသော မှင်ဘူးထဲတွင်မှင်အရည်အသွေး အထူးကောင်းမွန်သော မှင်အပြည့်ပါရှိပါသည်။ အရောင်မှန်ကန်ပြီး အရည်အသွေး ကောင်းမွန်သော ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်သော လုပ်ငန်းသုံး Printer အမျိုးအစား ဖြစ်ပါသည်။ အသုံးပြုသော မှင်ဘူးမှာ HP 678 Black Ink Cartridge နှင့် HP 678 Tri-Color Ink Cartridge ဖြစ်ပြီး Black Cartridge မှာ စုစုပေါင်းစာရွက် ၄၈၀ မျက်နှာထုတ်လို့ရမည်ဖြစ်ပြီး Tri-Color Cartridge မှာ စုစုပေါင်း စာရွက် ၁၅၀ မျက်နှာ Print out ထုတ်လို့ ရမည်ဖြစ်ပါသည်။ ပုံထွက်ကောင်းကောင်းနှင့် အဖြူအမည်းစာရွက် တစ်မိနစ်လျှင် ၇ မျက်နှာ Print out ထွက်ရှိပြီး၊ ကာလာဖြင့် တစ်မိနစ်လျှင် ၄ မျက်နှာ Print out ထွက်နိုင်မည်ဖြစ်ပါသည်။ Print Resolution မှာ Black & White 600 x 600 dpi ဖြစ်ပြီး၊ Color 4800 x 1200 dpi ဖြစ်ပါသည်။ စာရွက်အရွယ်အစား A4/ A5/ A6 / B5 / Letter / Envelope နှင့် Legal အရွယ်အစားရှိသော Brochure, Inkjet, Plain, Photo, Envelopes, Label နှင့် Greeting Card Paper စသည့် စာရွက်အမျိုးအစားများဖြင့် Print Out ထုတ်လို့ရမည်ဖြစ်ပါသည်။

ပါရှိသော Scan အမျိုးအစားမှာ Flatbed/ADF အမျိုးအစားဖြစ်ပြီး စာရွက်အရွယ်အစား အနေဖြင့် A4(Both Flatbed & ADF) နှင့် Legal (ADF only) Size ဖြင့် Resolution 1200 ရှိသော ပုံရိပ်များအဖြစ် Scan ဖတ်နိုင်မည်ဖြစ်ပါသည်။ Scan Result အနေဖြင့် JPEG Format အပြင် PDF Format အနေဖြင့်လဲ ပုံရိပ်များကို မှတ်တမ်းတင် နိုင်မည်ဖြစ်ပါသည်။ Copy Resolution 600 x 300 dpi ရှိသော စာသားနှင့်ပုံရိပ်များကို တစ်မိနစ်လျှင် အဖြူအမည်း ၄ မျက်နှာခွဲအထိ နှင့်တစ်မိနစ်လျှင် ကာလာ ၃ မျက်နှာအထိ ကော်ပီကူးနိုင်မည်ဖြစ်ပါသည်။ စာရွက်ရေ အရွက် ၅၀ အထိတပြိုင်တည်း ကော်ပီကူးလို့ရမည်ဖြစ်ပါသည်။ Copy Setting အနေဖြင့် Copier resize 25 to 400% အချုံ့/ အချဲ့ ပြုလုပ်ပြီး ကော်ပီကူးလို့ ရမည်ဖြစ်ပါသည်။ (မှတ်ချက်။ ။ Setting changed ပြုလုပ်နိုင်သော LCD Control Panel ပါရှိပါသည်။) Fax ပို့ရာတွင် အဖြူအမည်းအပြင် Color Fax အနေဖြင့်လည်း Fax ပို့နိုင်မည်ဖြစ်ပါသည်။ Fax ပိုင်းဆိုင်ရာ Resolutionမှာ 208 x 98 dpi (Standard); 208 x 196 dpi (Fine) ဖြစ်ပါသည်။ Fax ပိုင်းဆိုင်ရာ Quick Dialing မှာ Up to 99 numbers ဖြစ်ပါသည်။

တလလျှင် A4 အမျိုးအစား စာမျက်နှာ ၁၀ဝ၀ အထိ Print out လုပ်နိုင်စွမ်းရှိသော Printer အမျိုးအ စားဖြစ်ပါသည်။ Printer Memory အနေဖြင့် 32MB SDRAM ပါရှိခြင်းကြောင့် Print out Job Loading များများ ပြုလုပ် နိုင်မည်ဖြစ်ပါသည်။ Microsoft Operating System များကို အသုံးပြုထားသော ကွန်ပြူတာများအပြင် Apple ၏ Mac OS Version v10.6, Lion, Mountain Lion အခြေခံသော ကွန်ပြူတာတိုင်းတွင်လည်းချိတ်ဆက်အသုံးပြုနိုင်သော Printer အမျိုးအစားဖြစ်ပါသည်။ Printer Power ပိုင်းမှာအမြင့်ဆုံး 9.3 Watt သာရှိခြင်းကြောင့် Power Consumption နည်းသော၊ Power စားသက်သာသော Printer အမျိုးအစားဖြစ်ခြင်း စသည့် အထက်ပါ အချက်အလက်များကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ချမ်းသာစွာ လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းလုပ်ဆောင် နိုင်မည်ဖြစ် သော HP Deskjet IA 2645 AiO Series Printer ဖြစ်ပါသည်။
အာမခံသက်တမ်း ( ၁ ) နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ….
ဈေးနှုန်း – 125 USD

Leave a Reply

Your email address will not be published. Required fields are marked *