Apps, News, Review

TaraTalk အကြောင်း

TaraTalk အကြောင်း

TaraTalk ဆက်သွယ်ရေးနှင့် မီဒီယာမိုဘိုင်းလ် အက်ပလီကေးရှင်းဟာ Tara Aung ကုမ္ပဏီမှဖြစ်ပြီး သင်နှစ်သက်ရာအသံ(သီချင်း၊ အင်တာဗျူး၊ မိန့်ခွန်း၊ သတင်း အစရှိရာ) တို့ကို အခြားသူများနှင့်အတူနားထောင်နိုင်စေသည်။ ချက်တင်အခန်းထဲမှအခြားသူများလည်း သင်ဘာနားထောင်နေလဲဆိုတာကိုသိရှိနိုင်ပြီး ကလစ်တစ်ချက်နှိပ်ရုံနှင့် သူတို့လည်း သင်နားထောင်နေတာရော နားထောင်ခဲ့တာကိုပါ နားဆင်နိုင်မှာဖြစ်သည်။ အတူတူနားထောင်ရန် ဖိတ်လို့လည်းရပြီး ဖိတ်ခေါ်ခြင်းကို တစ်ဖက်ကလက်ခံလျှင် နှစ်ဖက်စလုံးတစ်ပြိုင်နက်တည်း နားထောင်နိုင်မှာဖြစ်သည်။ အသံတွေကို SoundCloud® မှ တိုက်ရိုက်ယူထားခြင်း ဖြစ်သည့်အတွက် SoundCloud® တွင်ရှိသည့်အသံအားလုံး TaraTalk နဲ့အလွယ်တကူရနိုင်သည်။ TaraTalk နှင့် အချိန်မရွေးဆက်သွယ်ပြီး အတူတူနားထောင်ကြမယ်။

TaraTalk ၏အင်္ဂါရပ်များ
– အသံရှာ၍ ချက်တင်အခန်းတွင် နားထောင်ခြင်း
– အတူတူနားထောင်ရန်ဖိတ်ခြင်း
– သီးသန့်၊ အဖွဲ့ချက်တင်
– အသံချက်တင် (မကြာမီ)
– ဗီဒီယိုချက်တင် (မကြာမီ)
– ဓာတ်ပုံပို့ခြင်း
– Facebookနှင့်တွဲထားခြင်း။ Facebook နှင့်အကောင့်ဝင်ခြင်း
– သူငယ်ချင်းများကိုအဆက်အသွယ်များ၊ Facebook တို့မှတင်သွင်းခြင်း
– Tara စတိုး
– စာပို့ခြင်း၊ စာဖတ်ခြင်း၊ စာရေးနေခြင်း အခြေအနေပြခြင်း
– ကွန်နက်ရှင်း မရှိပဲနားထောင်ခြင်း
– အသံဖိုင်များ နောက်ဆုံးရှာဖွေခဲ့သော နောက်ဆုံးနားထောင်ခဲ.သော အနှစ်သက်ဆုံးသော အထူးဖြစ်သော ပိုမိုကောင်းမွန်သောအင်္ဂါရပ်များကို နောင်လာမည့်အက်ပလီကေးရှင်းတွင်ထည့်သွင်းပေးပါမည်။ ကျေးဇူးပြု၍ သင်တို့ရဲ့ စိတ်ကူးစိတ်သန်း အကြံအဉာဏ်များကို အသိပေးပါ။ TaraTalk ကို ပြည်တွင်းနည်းပညာရှင်များဖြစ် ရေးဆွဲထားပြီ: အကောင်းဆုံးကြိုးစားပြီး ဆောင်ရွက်သွားပါမည်။ Tara Talk ရဲ့ပထမဆုံး အက်ပလီကေးရှင်းကို Android platform တွင်ဖြန့်ချီပြီး Ice Cream Sandwich(version 4) ထည့်သွင်းထားသော ဖုန်း၊ တက်ဘလက်များဖြင့် သုံးစွဲနိုင်ပါသည်။

Tara Aung Co., Ltd. အကြောင်း

Tara Aung နည်းပညာစတင်မှု ကုမ္ပဏီကို ၂၀၁၅ ဇန်နဝါရီတွင် တည်ထောင်သူ ဦးအောင်ခိုင်ဦးမှ တည်ထောင်ခဲ့သည်။ သူသည် ယူကေနိုင်ငံ Oxford Brookes University မှ BSc, MSc (Hons) Computer Science ဘွဲ့ရ ရှိ ၍ယူကေနိုင်ငံ ဆော့ဖ်ဝဲလ်လုပ်ငန်းရပ်တွင် ၁၃နှစ်ကျော်လုပ်ခဲ့သည့် နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံရှိသည်။ Tara Aung သည်နည်းပညာအသစ်အဆန်းများကို အသုံးပြုကာ အရည်အသွေးမြင့်မားသော ဆော့ဖ်ဝဲလ်ထုတ်ကုန်များ အထူးသဖြင့် မိုဘိုင်းလ်အက်ပလီကေးရှင်းများကို ထက်မြက်သော တီထွင်စွမ်းအားရှိသော အသက်မွေးဝမ်းကျောင်းပညာရှင်များနှင့် ထုတ်လုပ်ထားပါသည်။ Tara Aung သည် လျင်မြန်စွာတိုးချဲ့နေပါသဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များအတွက် ဆက်သွယ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *