Mobile

AvaDirect P570WM စွမ်းရည်ပြည့် Gaming Laptop

AvaDirect-P570WM-Gaming-Laptop

အားသာချက်
Laptopရဲ့ Performance ကောင်းမွန်ပြီး Graphicsပိုင်းကိုလည်း အကောင်းမွန်ဆုံး အသုံးပြုထားတာ တွေ့ရပါတယ်။ Displayပိုင်းမှာဆိုရင်လည်း Resolution မြင့်မားပြီး ရုပ်ထွက် ကြည်လင်မှုကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ Laptop Keyboardကိုလည်း အရည်အသွေး ကောင်းကောင်း ပြုလုပ်ထားတာ တွေ့ရပါတယ်။

အားနည်းချက်
Battery သက်တမ်း တော်တော်လေး ညံ့တာ တွေ့ရပါတယ်။ Audioပိုင်းမှာဆိုရင် သာမန် အဆင့်လောက်သာ ရှိပါတယ်။ ကိုယ်ထည် Size တော်တော် ထူတဲ့အတွက် ပေါ့ပေါ့ပါးပါး အသုံးပြုချင်သူတွေ အတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

အသေးစိတ် ဖော်ပြချက်
AvaDirect P570wm Laptopကို အသေးစိတ် ဖော်ပြရမယ်ဆိုရင်တော့ Gaming Notebook အမျိုးအစားဖြစ်ပြီး Chipset အနေနဲ့ X79 Chipsetကို အသုံးပြုပေး ထားပါတယ်။ Processorပိုင်းမှာဆိုရင်လည်း 3.3 GHz အမြန်နှုန်းရှိတဲ့ Intel Core i7 -3960X CPUကို အသုံးပြု ပေးထားတဲ့အတွက် Processorပိုင်းကို အခြား Gaming Laptopတွေထက် မြှင့်တင်ပေးထားတာ တွေ့ရပါတယ်။ Laptopရဲ့ Memoryပိုင်းမှာဆိုရင်လည်း RAM ပမာဏကို 32 GBထိ ဖြည့်တင်း ပေးထားတဲ့အတွက် Gamerတွေအတွက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ Graphicsပိုင်းကိုတော့ Dual Nvidia Geforce GTX 680Mကို 4GBအထိ ထည့်သွင်းပေးထားပြီး 3D Version ဖြစ်တဲ့အတွက် 3D Gamesတွေကို ကောင်းကောင်း ကစားနိုင်မှာ ဖြစ်ပါတယ်။ Laptop Graphicsပိုင်းလည်း လုံလောက်မှု ရှိတဲ့အတွက် သာမန်ရုံးသုံး Softwareတွေနဲ့ HD Videoတွေလောက်တော့ ပြောစရာ မလိုလောက်အောင် ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ Operation Systemအတွက်ကိုတော့ Microsoft Windows 8 Proကို အသုံးပြုပေးထားပါတယ်။ Data သိမ်းဆည်းဖို့ အတွက် Storage ပမာဏကတော့ 7200 rpm ရှိတဲ့ 750 GB Hard Diskတစ်လုံးနှင့် အတူ 8GB SSD ပါရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Secondary Hard Drive တစ်လုံး ပါရှိမှာ ဖြစ်ပြီး SSD 240GB ရရှိမှာ ဖြစ်တဲ့အတွက် Data သိမ်းဆည်းဖို့အတွက် လုံလောက်မှု ရှိမှာ ဖြစ်ပါတယ်။ Optical Drive အနေနဲ့ Data အကူးအဖတ် 8x အမြန်နှုန်းရှိတဲ့ Dual Layer Super Multi DVD RW တစ်လုံး တပ်ဆင်ပေးထားပါတယ်။ Laptopရဲ့ Wireless ချိတ်ဆက်ဖို့ အတွက်ဆိုရင်တော့ Killer Wireless-N High-Performance Wi-Fi Adapterကို အသုံးပြုပေးထားပြီး Online Gamesအတွက် Wireless Performanceကို ကောင်းကောင်း ရရှိမှာ ဖြစ်ပါတယ်။ အခြား Devicesတွေနဲ့ ချိတ်ဆက်ဖို့အတွက် ဆိုရင်တော့ Display Port, DVI, Firewire, Gigabit Ethernet, HDMI, Headphone, Line-in, Microphone, S/PDIF, Security Lock Slot, USB 2.0, USB 3.0, USB 3.0/ eSata စတဲ့ Portတွေကို ထည့်သွင်း ပေးထားပါတယ်။ USB Port စုစုပေါင်း 4 Port ပါဝင်ပြီး 9-1 Card Reader တစ်ခုပါ ထည့်သွင်း ပေးထားပါတယ်။

ဒီဇိုင်း
Laptopရဲ့ Displayပိုင်းမှာ ဆိုရင်လည်း Screen Size 17.3လက်မ အကျယ်နှင့်အတူ 1920×1080 Resolution ရှိတဲ့အတွက် ရုပ်ထွက် ကြည်လင်မှုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည် Sizeကတော့ အလျား 16.5 x အနံ 11.26နှင့် အထူ 2.28ပေါင်ရှိပြီး Laptop အလေးချိန် 13ပေါင် ရှိပါတယ်။ Built in Webcam ပါရှိပြီး 2.1 Megapixel ရရှိမှာ ဖြစ်ပါတယ်။

Battery Life
Battery သက်တမ်းကတော့ ပုံမှန် အသုံးပြုမယ်ဆိုရင်တော့ 2နာရီ 5မိနစ် အသုံးပြုနိုင်မှာဖြစ်ပြီး Wi-Fi ဖမ်းယူ အသုံးပြုနေမယ်ဆိုရင်တော့ 1နာရီ 22မိနစ် ရရှိမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်
Gamerတွေ အတွက်တော့ အကြိုက်တွေ့စေမယ့် Gaming Laptop အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အခြား Laptopတွေထက် CPU Performace, Graphics Performanceတွေ မြှင့်တင် ပေးထားတဲ့ Laptop တစ်လုံး ဖြစ်ပြီး Resolutionလည်း ကောင်းကောင်း ရရှိမှာ ဖြစ်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *