News

နား၏ ပုံပန်းသွင်ပြင်ကို စစ်ဆေးပြီး ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ App

လူတွေမှာမတူညီတဲ့ လက်ဗွေရာတွေရှိတဲ့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ လက်ဗွေရာတွေကို စစ်ဆေးပြီး ဖုန်းကို Unlock လုပ်နိုင်တဲ့ စွမ်းရည်ကို ဖုန်းတွေမှာ တီထွင်ထည့်သွင်းနေကြပါတယ်။ Apple က iPhone 5S မှာ စတင်မိတ်ဆက်ခဲ့ပြီး HTC ကလည်း Fingerprint Scanner ပါတဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေပါတယ်။ လက်ဗွေရာ နဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့အတွက် Pin Code တွေရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုကို ကင်းဝေးစေပါတယ်။ ဒါ့အပြင် App Store က Apps တွေ ၀ယ်ယူတဲ့အခါမှာလည်း လက်ဗွေရာကို အသုံးပြုနိုင်တဲ့အတွက် အကောင့် Password တွေ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုမှ ကင်းဝေးစေပါတယ်။ Samsung ကလည်း Galaxy S5 မှာ မျက်စိကို စစ်ဆေးနိုင်တဲ့ Eye Scanner ထည့်သွင်းမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခုတစ်ခါကတော့ နားရွက် ရဲ့ ပုံပန်းသွင်ပြင်ကို စစ်ဆေးပေးနိုင်တဲ့ App ဖြစ်ပါတယ်။ အဲဒီအတွက် လူတွေရဲ့ နားဟာလည်း တစ်ယောက် နဲ့ တစ်ယောက် မတူညီဘူးလို့ ယူဆလို့ရပါတယ်။ နားကို ဖုန်းရဲ့မျက်နှာပြင် နဲ့ ကပ်ပြီး Unlock လုပ်ရမှာဖြစ်ပါတယ်။ Descartes Biometrics မှ တီထွင်လိုက်တာဖြစ်ပြီး PIN or Swipe Pattern တွေ အသုံးပြုစရာမလိုဘဲ ဖုန်းကို Unlock လုပ်နိုင်ပါတယ်။

App ကို Ergo လို့ အမည်ပေးထားပြီး Biometric Authentication နည်းပညာကို အသုံးပြုထားပါတယ်။ App ကို အသုံးပြုဖို့ အခြား Device တွေ မလိုအပ်တာက ဂုဏ်ယူစရာ ကောင်းပါတယ် လို့ Company က ပြောပါတယ်။ နောက်ပြီး Ergo ဟာ ဒီလိုစွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံး App ဖြစ်ပါတယ်။ App ဟာ နားက ဖုန်းမျက်နှာပြင်ကို ထိခတ်တဲ့ပုံစံ နဲ့ မေးရိုးပုံစံ ၊ ထိခတ်တဲ့ အမြန်နှုန်း တွေကို ပေါင်းစပ်ပြီးမှတ်သားပေးနိုင်ပါတယ်။

App ကို စမ်းသပ်ကြည့်တဲ့အခါမှာ အချို့ အချိန်တွေမှာ နားကို သိရှိပေမယ့် အချို့အချိန်တွေမှာ နားကို မမှတ်မိဘူးလို့ Popular Science မှ ဆောင်းပါးရှင်က ရေးသားထားပါတယ်။ Ergo ဟာ စမ်းသပ်တီထွင်နေတဲ့ အဆင့်ပဲရှိသေးတာဖြစ်တဲ့အတွက် အမှားအယွင်းလေးတွေတော့ ရှိနေပါသေးတယ်။

Device တွေက မိမိပိုင်ရှင်ရဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေကို သိရှိပြီး ခွင့်ပြုချက်ပေးတဲ့ နည်းပညာ ဟာ နောင်တစ်ချိန်မှာ PIN Code , Password ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုတွေကို အမြစ်ပြတ်ခြေမှုန်းနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ယုံကြည်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *