Apps

PDF ဖိုင်တွေကို တစ်ခြား Word Document တွေအဖြစ် အလွယ်တကူ ပြောင်းပေးမယ့် Cometdocs

သင့်အလုပ်တွေမှာ PDF ဖိုင်ကနေ Microsoft Word Document ကိုပြောင်းဖို့လိုအပ်တဲ့အချိန်တွေရှိမှာပါ။ အဲဒီလိုပြောင်းပေးနိုင်တဲ့ PDF Converter  တွေအများကြီးရှိပါတယ်။ Cometdocs က Web Application တစ်ခုဖြစ်သလို Cloud Storage လည်းဖြစ်ပါတယ်။ဒါ့အပြင် သိမ်းထားတဲ့ PDF ဖိုင်တွေကိုလည်း ဖော်မက်ပြောင်းပေးနိုင်ပါတယ်။ အခုတော့ Cometdocs Desktop App ကိုပြုလုပ်ပေးလိုက်ပြီဖြစ်ပြီး PDF ဖိုင်တွေကို Context Menu ကနေ အလွယ်တကူပြောင်းလို့ ရလာပြီဖြစ်ပါတယ်။ တစ်ခြားဖိုင်တွေကနေလည်း PDF ဖိုင်ကိုပြောင်းလို့ရပါသေးတယ်။

Desktop App ကို အသုံးပြုဖို့အတွက် Cometdocs အကောင့်တစ်ခုပြုလုပ်ဖို့လိုပါတယ်။ Desktop App ကို Download လုပ်ပြီး အင်စတောလုပ်ပါ။ ပြီးရင် အကောင့် ရဲ့  Email, Password ဖြည့်ပေးပါ။ App က Background မှာ Run နေမှာဖြစ်ပါတယ်။

Sign-in-to-Cometdocs

PDF ဖိုင်တွေကို တစ်ခြား ဖော်မက်တွေအဖြစ်ပြောင်းဖို့ က အလွန်လွယ်ကူပါတယ်။ PDF ဖိုင်တွေအတွက် Context Menu မှာ  “Convert To” ဆိုတဲ့ Submenu တစ်ခုပြုလုပ်ပေးထားပါတယ်။PDF ဖိုင်အပေါ် Right Click နှိပ်ပြီး Convert To ပေါ်ကို Mouse Cursor ချလိုက်ပါ။  Submenu တစ်ခုပေါ်လာမှာဖြစ်ပြီး ပြောင်းနိုင်တဲ့ ဖော်မက်တွေကို တွေ့မြင်ရမှာပါ။ Microsoft Office Documents တွေဖြစ်တဲ့  Word, Excel, PowerPoint စတာတွေအပြင် TXT, LibreOffice Files, AutoCad(DWG,DXF) , Images ဖိုင်တွေဖြစ်တဲ့ (JPEG, PNG, GIF, TIF ) စတာတွေကိုလည်းပြောင်းနိုင်ပါတယ်။

Convert-To

တစ်ခြားဖိုင်ဖော်မက်တွေ ကနေလည်း PDF ဖိုင်တွေကိုပြောင်းနိုင်ပါတယ်။  ဖိုင်အပေါ်ကို Right Click နှိပ်ပြီး Create PDF ကိုနှိပ်ပါ။

 

Create1

ဖိုင်တွေကို Convert လုပ်တဲ့အချိန်ဟာသိပ်မကြာမြင့်ဘဲ မြန်ဆန်တာတွေ့ရပါတယ်။ တစ်ခုမှတ်ထားရမှာက Cometdocs ကိုသုံးဖို့ အတွက် အင်တာနက်ကွန်နက်ရှင်လိုအပ်ပါတယ်။ သူ့ရဲ့   Web Application ကနေ Convert လုပ်ပေးတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဖိုင်တွေကို Convert လုပ်ပြီးရင် အလိုလို Download လုပ်ပေးပြီး သိမ်းပေးထားမှာဖြစ်ပါတယ်။ သိမ်းပေးမယ့် နေရာကလည်း နဂိုမူလဖိုင်ရှိတဲ့နေရာမှာဖြစ်ပါတယ်။ System Tray က Cometdocs ကိုနှိပ်ကြည့်ပြီး Convert လုပ်ပြီးတဲ့ဖိုင်တွေ၊ လုပ်နေဆဲဖိုင်တွေကို သိနိုင်ပါတယ်။

Recent-conversions

Cometdocs က Freeware ဖြစ်ပြီး Windows XP, Windows Vista, Windows 7 နဲ့  Windows 8 တို့မှာသုံးနိုင်ပါတယ်။

 

 

Download Cometdocs

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *