News

India ၀န်ကြီးချုပ် မှာ Email နဲ့ Cell Phone မရှိတဲ့အတွက် အမေရိကန် ရဲ့ Spy ပြုလုပ်ခြင်းမှ လွတ်ကင်း

မကြာသေးမီက သတင်းတွေမှာ အမေရိကန် ရဲ့  National Security Agency (NSA) ရဲ့  အမည်မဖော်ပြတဲ့ ကမ္ဘာ့ခေါင်းဆောင် (၃၅) ဦးအပေါ်မှာ လျှို့၀ှက် စုံစမ်းမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် India ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ကတော့ Email နဲ့ Cell Phone မရှိတဲ့အတွက် အမေရိကန် ရဲ့ လျှို့၀ှက်စုံစမ်းမှု တွေကနေ လွတ်ကင်းခဲ့ပါတယ်။

၀န်ကြီးချုပ် မှာ Mobile Phone မရှိသလို Email လည်းမရှိပါဘူး။ သူ့ရဲ့  ရုံးကတော့ Email ရှိပေမယ့် ၀န်ကြီးချုပ်မှာ ကိုယ်ပိုင် Email မရှိပါဘူး လို့ သူ့ရဲ့  ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဲဒီအတွက် စိုးရိမ်စရာမရှိပါဘူး လို့ ဆက်လက်ပြောဆိုပါတယ်။

NSA ရဲ့ လျှို့၀ှက်စုံစမ်းတဲ့ ကိစ္စရပ်တွေဟာ ဂျာမန် မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ Der Spiegel က  အမေရိကန် တွေက ဂျာမန် ၀န်ကြီးချုပ် Angela Merkel ရဲ့  Cellphone ကို လျှို့၀ှက်ထောက်လှမ်းနေတယ်ဆိုတာကို သိရှိပြီးနောက် ပိုင်းရက်တွေမှာပေါ်ထွက်လာတာဖြစ်ပါတယ်။

Merkel က ဥရောပ သမဂ္ဂ ကို  အမေရိကန် ရဲ့  လျှို့၀ှက်ထောက်လှမ်းနေတဲ့ ကိစ္စရပ်တွေဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီ Spy Agencies တွေနဲ့ပတ်သက်ပြီး သဘောတူညီမှု အသစ်တွေကို ပြုလုပ်ရမယ်လို့  ဂျာမန် ၀န်ကြီးချုပ် ကပြောဆိုပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

3 thoughts on “India ၀န်ကြီးချုပ် မှာ Email နဲ့ Cell Phone မရှိတဲ့အတွက် အမေရိကန် ရဲ့ Spy ပြုလုပ်ခြင်းမှ လွတ်ကင်း

  1. Aung Gyi says:

    Line ph တော့သုံးရမှာဘဲလေ။

  2. သနားစရာပါလား

  3. Russia ko tot American ka ma lote ya bar buu

Leave a Reply

Your email address will not be published. Required fields are marked *