News

ဆယ်ကျော်သက်တွေ အသုံးအများဆုံး လူမှုကွန်ရက်များ

အမေရိကန် ဆယ်ကျော်သက်တွေ ကြားမှာတော့ လူမှုကွန်ရက် Facebookဟာ နံပါတ်တစ် အအောင်မြင်ဆုံး အဖြစ် ရပ်တည်နေဆဲပါ။ ၂၀၁၁နဲ့ ၂၀၁၂ခုနှစ်တွေမှာ ဆယ်ကျော်သက်တွေရဲ့ ၉၃ရာနှုန်းကနေ ၉၄ရာနှုန်းအထိ Facebookအသုံးပြုမှု တိုးတက်လာခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ Twitterက ပြီးခဲ့တဲ့နှစ် စစ်တမ်းအရ ဆယ်ကျော်သက်တွေရဲ့ ၂၆ရာခိုင်နှုန်းသာ အသုံးပြုကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားတာ တစ်ခုကတော့ ၂၀၁၁ခုနှစ်မှာ သုံးစွဲသူ ၂၄ရာခိုင်နှုန်းရှိခဲ့တဲ့ Myspace လူမှုကွန်ရက်ဟာ ၂၀၁၂ခုနှစ် အရောက်မှာတော့ ၇ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ ပါပဲ။

အမေရိက ဆယ်ကျော်သက်တွေ အသုံးပြုကြတဲ့ လူမှုကွန်ရက်ကတော့ (၇)ခုရှိပြီး ၎င်းတို့မှာ Facebook, Twitter, Instagram, MySpace, YouTube, Tumblr, Google+နဲ့ Pinterestတို့ပဲ ဖြစ်ပါတယ်။ ဗီဒီယိုတွေ တင်တဲ့ YouTube Websiteကိုလည်း လူမှုကွန်ရက်လို အသုံးပြုကြတာကတော့ ထူးခြားတဲ့အချက်ပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် ပြီးခဲ့တဲ့ ၂၀၁၂ကအထိ စစ်တမ်းကောက်ယူခဲ့တဲ့ ဆယ်ကျော်သက်တွေ အသုံးအများဆုံး လူမှုကွန်ရက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါနဲ့ မြန်မာအိုင်စီတီ ပရိသတ်ကြီးကရော ဘယ်လူမှုကွန်ရက်တွေကို အသုံးအများဆုံးလဲ ဆိုတာ ပြောပြပါဦး…

Most Used Social Sites By Teens

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *