မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် Mac OS Xမှာ အသုံးပြုနိုင်မယ့် MacMaintenanceဆိုတဲ့ ဆော့ဖ်၀ဲလ်တစ်ခု တင်ဆက်ပေးလိုက် ပါတယ်။ ဒီဆော့ဖ်၀ဲလ်ဟာ “MacMaintenance”ကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ ဗားရှင်းကတော့ 3.3.5ဖြစ်ပြီး ဖိုင်အရွယ်အစား 515KBရှိပါတယ်။ အဆိုပါ MacMaintenance Appဟာ သင့်ရဲ့ Macကွန်ပျူတာအတွက် အသုံးမလိုတဲ့ ဖိုင်တွေကို ရှင်းလင်းပေးမှာ ဖြစ်သလို System Settingsတွေကိုလည်း ထိန်းညှိပေးသွား မှာပါ။ Cacheဖိုင်တွေကို ဖျက်ခြင်း၊ ပုံမှန် Maintenanceလုပ်ခြင်းနဲ့ Dock Styleအပါအ၀င် အခြားသော ကောင်းမွန်တဲ့ Featureတွေ များစွာ ပါ၀င်တာကြောင့် Mac OSသုံးသူတိုင်း ထည့်သွင်းထားရမယ့် Softwareလေး တစ်ခုပါ။ ဒါ့အပြင် အဆိုပါ MacMaintenanceဟာ UI(User Interface)ကနေ ပြင်ဆင်ပြောင်းလဲလို့ မရတဲ့ System Settingsတွေကိုပါ ပြင်ဆင်နိုင်အောင် ကူညီပေးတယ်လို့ သိရပါတယ်။
Mac OSအတွက် “MacMaintenance”

31
Aug