Gadgets

Lenovo TM C320

lenovo-tm-c320

Lenovoရဲ့ All-in-one PC အမျိုးအစားသစ် TM C320ဟာ အဆင့်မြင့် စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းသင့်တင့်မှုတွေကြောင့် ဈေးကွက်မှာ လူကြိုက် များနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဈေးကွက်မှာပါ ၀ယ်ယူရရှိနိုင်နေပြီ ဖြစ်တာကြောင့် All-in-one PCတွေကို စိတ်၀င်စားသူတွေအတွက် အကြိုက် ဖြစ်စေမှာပါ။

Central Processing Unit

TM C320မှာ အသုံးပြုထားတဲ့ CPUက Intel အမျိုးအစား Core i3-2120ကို အသုံးပြုထားပြီး အမြန်နှုန်းက 3.3 GHzရှိမှာ ဖြစ်တာကြောင့် ပုံမှန် Desktopတွေ ထက်တောင်မှ ပိုမို မြန်ဆန်အောင် စွမ်းဆောင်နိုင်တာ တွေ့ရမှာပါ။ RAMက 4 GB DDR3ဖြစ်ပြီး Memoryက HDD 500GB ဖြစ်တာမို့ Appအတော်များများနဲ့ Gameတော်တော်များများကို သိမ်းဆည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Graphicအတွက်ကိုတော့ Integrated Graphic DDR3 SDRAMကို အသုံးပြုထားပြီး Optical Diskအတွက် DVD-RWပါရှိမှာ ဖြစ်ပါတယ်။ အသုံးပြုထားမယ့် Windows စနစ်က Windows 7 ဖြစ်ပါတယ်။

Body, Display and Sound

All-in-one PC အမျိုးအစား ဖြစ်တဲ့အတွက် နေရာယူ သက်သာမှု ရှိမှာကိုတော့ ပြောစရာ မလိုတော့ပါဘူး။ နောက်ပြီး Desktop ပုံစံ တည်ဆောက်ထားတာမို့ Standလည်း ပါ၀င်တာ တွေ့ရပြီး Stand အသုံးပြုပြီး စိတ်ကြိုက် နေရာတွေမှာ ထားရှိသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ Built-in Cameraလည်း ပါ၀င်မှာ ဖြစ်တဲ့အတွက် Chattingတွေ အတွက်လည်း သင့်တော် ကောင်းမွန်တာ တွေ့ရမှာပါ။
Screenရဲ့ Aspect Ratioက 16:9ဖြစ်ပြီးတော့ ရုပ်သံတွေကို အကောင်းဆုံး ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။ Display အပိုင်းမှာ ၂၀ လက်မရှိမှာ ဖြစ်ပြီး Screen အမျိူးအစားက WXGA LED Display ဖြစ်တာကြောင့် ရုပ်ထွက်ပိုင်းတော့ ပြောစရာ မရှိ အောင် ကောင်းမွန်မှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ Multi-touchစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်လို့ Smartပစ္စည်းတစ်ခုလို့ ဆိုနိုင်မှာပါ။ Resolutionက 1600×900 Pixel ရှိမှာ ဖြစ်တဲ့အတွက် ကြည်လင် ပြတ်သားမှုတော့ ပြစ်ချက် မရှိတော့ပါဘူး။နောက်ပြီး Speakerတွေလည်း ပါ၀င်တာ ကြောင့် PC Speakerတွေ မလိုအပ်ပဲ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ Speakerတွေက ထုတ်ပေးနိုင် မယ့် အသံစနစ်က SRS Premium Sound ဖြစ် တာမို့ ကောင်းမွန်ပါတယ်။

Connection

C320က Wi-Fiလည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် Wirelessအဖြစ်လည်း သုံးစွဲနိုင်မှာပါ။ Wirelessအတွက် ချိတ်ဆက်ဖို့ အတွက် ထည့်သွင်းထားတဲ့ စနစ်က Wifi 802.11 b/g/nပါ၀င်မှာ ဖြစ်ပါတယ်။ အခြားသော Wireပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေ အတွက်ကို တော့ USB 3.0 Portတစ်ခု၊ USB 2.0 Port ၄ ခု၊ ၃.၅ မီလီမီတာ Head-phone Jackတစ်ခု၊ 6 in 1 Card Readerတစ်ခုနဲ့ Gigabit Enthernet Portတစ်ခုစီ ပါ၀င်မှာ ဖြစ်ပါတယ်။ USB 3.0အစား 2.0တွေပဲ ပါ၀င်တဲ့ အတွက် အားနည်းမှု အနည်းငယ်ရှိပေမယ့် Port ၄ခု ပါ၀င်တာကြောင့် စိတ်ကြိုက် ချိတ်ဆက်မှု လုပ်ဆောင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး HDMI Portလည်း ပါ၀င်တာကြောင့် အခြား Media ပစ္စည်းတွေနဲ့လည်း အလွယ်တကူ ချိ်တ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

Other Features

အရွယ်အစားက အလျား ၅၉.၄ စင်တီမီတာ၊ အမြင့် ၅၃.၁ စင်တီ မီတာနဲ့ ထုထည်က ၃၁.၅ စင်တီမီတာ ရှိမှာ ဖြစ်ပါတယ်။ အလေးချိန် ကလည်း ၁၁ ကီလိုဂရမ်သာ ရှိမှာ ဖြစ်တဲ့အတွက် All-in-one PC တစ်လုံးအတွက် အနေတော်လောက်သာ ဖြစ်မှာပါ။ C320ရဲ့ ဈေးနှုန်းက ဒေါ်လာ ၆၉၉ ဖြစ်ပြီးတော့ ဖုန်း- ၀၉-၈၃၀-၁၀၃-၇မှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: www.amazon.co.uk

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *