Cameras

Panasonic Lumix DMC-FT 20

lumix

မိုးရာသီ ၀င်ရောက်လာပြီဆိုတော့ ကင်မရာ ဈေးကွက်လည်း စတင် ငြိမ်သက်စ ပြုလာပါပြီ။ အကြောင်းကတော့ မှတ်တမ်းတင် သမားတွေ အတွက်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးသမားတွေ အတွက်ပဲ ဖြစ်ဖြစ် ကင်မရာနဲ့ဆိုင်တဲ့ အလုပ်တချို့တော့ မိုးတွင်းဆို အနားရ သွားတတ်လို့ပါပဲ။ ဒါကြောင့် တန်ကြေးကြီး ကင်မရာတွေကို မိတ် ဆက်နေမယ့်အစား မိုးတွင်းပိုင်းမှာလည်း ရေစိုခံနိုင်မယ်၊ ဈေးနှုန်း လည်း သက်သာပြီး အရည်အသွေးလည်း ကောင်းမွန်မယ့် ကင်မရာ တစ်လုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Pros
အားသာချက်အဖြစ်နဲ့တော့ ပေါ့ပါးသေးငယ်ပြီး ချစ်စရာကောင်း တဲ့ ကိုယ်ထည်ပုံစံလေးက သုံးစွဲသူကို နှစ်ခြိုက် သဘောကျစေမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ထည်ပိုင်းက မာကျောအောင် ဖန်တီး ထုတ်လုပ်ထားတဲ့အပြင် အကြမ်းခံနိုင် မှုလည်း ရှိတာကြောင့် ကောင်းမွန်ပါတယ်။ နောက်ပြီး ဈေးနှုန်းကလည်း အထူးသက်သာတာမို့ အားလုံးလက်ခံ သဘောကျမှာ ဖြစ်ပါတယ်။

Cons
အားနည်းချက်ကတော့ Displayအပိုင်းမှာ Viewing Angle နည်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာ တစ်လုံးအတွက်ကတော့ Viewing Angleက အရေးမကြီး လှတာကြောင့် အားနည်းချက်လို့ မပြောလည်း ရပါ တယ်။ နောက်ပြီး အသေးစား မှတ်တမ်းတင် ကင်မရာ ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်းမှာတော့ ကင်မရာကြီးတွေလောက် စွမ်းဆောင်ရည် မရနိုင် တာပါပဲ။ ဒါကလည်း သူ့အရွယ်၊ သူ့ဈေးနဲ့ လိုက်ဖက်အောင် စွမ်းဆောင် နိုင်တာနဲ့တင် သင့်တော်နေပြီမို့ အရေးမကြီးလှပါဘူး။ နောက်ဆုံး တစ်ခုကတော့ Videoအပိုင်းမှာ 720p နှုန်းနဲ့့ပဲ ရိုက်ကူးနိုင်မှာကြောင့် အားနည်းမှု ရှိတာပဲ ဖြစ်ပါတယ်။

Design and Features
ဒီဇိုင်းပိုင်းမှာတော့ အရင်ထွက်ခဲ့တဲ့ FT4 လောက် အကြမ်းခံနိုင်မှုနဲ့ အလှအပပိုင်းမှာ သိသာမှု မရှိလှတာ တွေ့ရပါတယ်။ ဒါပေမယ့် ထူးခြား လာတာ တစ်ခုက သင့်အနေနဲ့ အပြင်မှာ အဲဒီ ကင်မရာကို တွေ့လိုက်တာနဲ့ ဘယ်လောက် ပါးလွှာတယ်ဆိုတာကို သတိပြုမိပါလိမ့်မယ်။ တကယ်တမ်း မှာလည်း ၂ စင်တီမီတာပဲ ထူထဲပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုက FT20က ရေအနက် ၅ မီတာအထိအောင် ရေစိုခံနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ရေအနက် ၁.၅ မိတာနဲ့ အပူချိန် (-၁၀) ဒီဂရီ စင်တီဂရိတ် အနေအထားထိအောင် ပုံရိပ်တွေ ဖမ်းယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Maximum Aperture Rangeက f 3.9ကနေ 5.7အတွင်းပဲ ရှိမှာဖြစ်ပြီး Optical Zoom Rangeက 4x အထိရအောင် အသုံးပြုနိုင်မှာပါ။ Displayအပိုင်းမှာ Screenက ၂.၇ လက်မ အရွယ် LCD အမျိုးအစား ဖြစ်ပြီး Resolutionတော့ နည်းပါတယ်။ စုစုပေါင်း ပါရှိတဲ့ Dots ပေါင်းက ၂၃၀,၀၀၀ပဲ ပါရှိပါလိမ့်မယ်။ Connectionအပိုင်းမှာ HDMI Port ပါ၀င်တာ မတွေ့ရပဲ mini-USB Port(USB 2.0 High Speed)ပဲ ပါ၀င်တာ တွေ့ရပါတယ်။ ကိုယ်ထည် အရွယ်အစားက အလျား ၃.၉၈ လက်မ၊ အမြင့် ၂.၃၀ လက်မနဲ့ အထူကတော့ ၀.၇၆ လက်မပဲ ရှိမှာ ဖြစ်ပါတယ်။

Performance
HD Videoတွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်ပြီးတော့ MP 4 Format အဖြစ်နဲ့ ပြန်လည် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ စွမ်းအားက 16.1 Mega Pixel ရှိမှာ ဖြစ်လို့ စွမ်းအားပိုင်း မနည်းလှပါဘူး။ ဓာတ်ပုံတွေကို ပြန်လည် ထုတ်ပေးနိုင်မယ့် Formatက JPEG ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် ဘာသာစကား တွေက ဂျပန်၊ အင်္ဂလိပ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်ဘာသာ စကားတွေ ဖြစ်ပါတယ်။ Memory အပိုင်းမှာ Built in Memory လည်း ပါ၀င်ပြီး SD Cardတွေလည်း ထည့်သွင်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ Speakerလည်း ပါ၀င်မှာ ဖြစ်ပေမယ့် Monoအမျိုးအစား အသံတွေကိုပဲ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Recording and Price
ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်မှုနှုန်းက အမြင့်ဆုံး တစ်စက္ကန့်ကို ၁.၃ ပုံနှုန်း ဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ ပုံပေါင်း ၈၀ကို ရိုက်ကူး မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ Videoရိုက်ကူးရေး အပိုင်းမှာ တစ်စက္ကန့်မှာ Frameပေါင်း ၂၅ခု ကို အမြန်ဆုံး ရိုက်ကူးနိုင်မှာပါ။ MP4 Formatအဖြစ်နဲ့ အကြာဆုံး မှတ်တမ်းတင်နိုင်မှာက မိနစ် ၅၀ ခန့်ဖြစ်ပြီး ဓာတ်ပုံတွေ အတွက်ဆိုရင်တော့ မိနစ် ၁၀၀ခန့် ရိုက်ကူးပေးနိုင်မှာပါ။ ဈေးနှုန်းကတော့ ကျပ် ၁၈၅,၀၀၀ ဖြစ်ပြီးတော့ Panasonic Showroomမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: www.cnet.com

Leave a Reply

Your email address will not be published. Required fields are marked *