ဂျပန် နိုင်ငံ၏ ကားလုပ်ငန်းကုမ္ပဏီကြီး ဖြစ်သည့် တိုယိုတာကားကုမ္ပဏီ က ကားသွားနေစဉ် လမ်း၌ထိုး ရပ်သည့် စက်ချွတ်ယွင်းမှုအနည်း ငယ်ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်းလုံး ရှိ ၎င်း၏ကားအစီး ၃၇ဝဝဝဝ အား ပြန်လည်ရုပ်သိမ်း လျက်ရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။ ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီ ဖြစ်သည့် Toyotaက ပြောကြားသည်မှာ ကား စီးရေ၁၇ဝဝဝဝ အား ပြန်လည်ရုပ်သိမ်းလျက် ရှိကြောင်း၊ အဓိက အကြောင်းမှာ အင်ဂျင်ထဲရှိ ဘားထိန်းချုပ်မှု မူလီတံချောင်၍ ဖြစ်ကြောင်း သိရသည်။ အဆိုးဆုံးဖြစ်ရပ်မှာ ဤချွတ်ယွင်းမှု အနည်းငယ်ကြောင့် အင်ဂျင်ထိုးရပ် သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ပြန်လည်ရုပ်သိမ်းသော ကားများတွင် ၂၀၀၅ခုနှစ် ဇူလိုင်နှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း ထုတ်လုပ်သည့် Crown, Mark X နှင့် ဂျပန်၌ Lexusမျိုးစုံ ပါဝင်ကြောင်း TOYOTA၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြား ခဲ့သည်။ တိုယိုတာသည် လောင်စာ ပြောင်းလဲမှု ကိရိယာ ချွတ်ယွင်းမှုကြောင့် ဟိုက်ဘရစ်ကား၂၀၀၀၀၀ အား ပြန်လည် ရုပ်သိမ်းခဲ့ရ သေးသည်။ ပြန်လည်ရုပ်သိမ်းရသော ကားများတွင် တိုယိုတာ Harrier Hybrid ၎င်းကားအား Lexus RX ဟုလည်း ရောင်းချခဲ့သည်။ နိုင်ငံခြားဈေးကွက်များတွင်မူ ဤကားအား High Landerဟု လူသိများကြသည်။