Gaming

Kokoro Connect

kokoro-connect

Kyoto Animationရဲ့The Melancholy of Haruhi Suzumiya Seriesမှ အဓိက အစချီပြီး Lucky Starနှင့် K-On!လို ချစ်ဖို့ကောင်းတဲ့ Moe’ ဇာတ်ကောင် ဒီဇိုင်းတွေ ပါဝင်တဲ့ ဇာတ်လမ်းတွဲတွေ အောင်မြင် ပြီးနောက်မှာတော့ Slice of Life Anime Seriesအများစုရဲ့ Character Designတွေကလည်း တဖြည်းဖြည်း ပြောင်းလဲလာတာ တွေ့ရမှာပါ။ Kokoro Connect ဇာတ်လမ်းဟာလည်း အမှတ်တမဲ့ ကြည့်လိုက်ရင် K-On!ဇာတ်ကောင် တွေရဲ့ Character Designပုံစံမျိုး အသုံးပြုထားတယ် ထင်ရပေမည့် K-On! ဇာတ်လမ်းတွဲရဲ့ Character Designer ဖြစ်သူ Shiromizakanaဖန်တီး ပေးထားတဲ့ ဇာတ်လမ်း ဖြစ်နေတာကို တွေ့ရမှာပါ။ Shiromizakanaဟာ Kokoro Connect Animation ဇာတ်လမ်းတွဲ မထွက်ခင်ကတည်းက စာရေးဆရာ Sadanatsu Andaရဲ့ Kokoro Connect Light Novelစာအုပ် ဇာတ်လမ်းတွဲတွေမှာ သရုပ်ဖော်ပုံများ ရေးဆွဲ ပေးခဲ့ဖူးပါတယ်။ Kokoro Connect Animation ဇာတ်လမ်းတွဲကတော့ K-On!နှင့် YuruYuriတို့လို Slice of Life ဇာတ်လမ်းတွေသာမက အခြား စိတ်ဝင်စားဖွယ် စိတ်ကူးယဉ် အဖြစ်အပျက် ဇာတ်လမ်းလေးတွေလည်း ပါဝင်တဲ့အတွက် High School Comedy ပရိသတ်တွေအပြင် Fantasy ဇာတ်လမ်း နှစ်သက်သူတွေနှင့်ပါ သင့်တော်တာကို တွေ့ရမှာပါ။
Kokoro Connect ရဲ့ အဓိက ဇာတ်လမ်းကတော့ Yamaboshi အထက်တန်းကျောင်းရဲ့ ယဉ်ကျေးမှု အသင်းဝင် ငါးယောက်ဖြစ်တဲ့ Taichi, Iori, Himeko, Yoshifumiနှင့် Yuiတို့ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်ကြား စိတ်ချင်း ကူးပြောင်းသွားပုံကို ဇာတ်လမ်း ဆင်ထားပြီး နောက်ပိုင်းမှာတော့ Taichiတို့ သူငယ်ချင်း ငါးယောက်ကို စိတ်နှင့် ခန္ဓာကိုယ် ပြောင်းလဲအောင် လုပ်ဆောင်နေသူမှာ Heartseed အမည်ရ အမျိုးအမည်မသိ သက်ရှိ တစ်ယောက်ကြောင့် ဖြစ်ကြောင်း သိရှိလာရပြီး ဇာတ်လမ်း နောက်ပိုင်းမှာတော့ အခြား ထူးခြားပြီး အခက်တွေ့စေမည့် အဖြစ်အပျက်များဖြင့် ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စိတ်ချင်း သို့မဟုတ် ခန္ဓာကိုယ်ချင်း ပြောင်းလဲသွားတဲ့ Comedy ဇာတ်လမ်းတွေဟာ Freaky Fridayလိုမျိုး၊ Hollywoodရုပ်ရှင်တွေမှာကော TV Seriesနှင့် Mangaဇာတ်လမ်း အများစုမှာပါ မြင်နေကျ ဖြစ်ပေမည့် ဇာတ်လမ်း အများစုကတော့ ဟာသဆန်ဆန် ကမောက်ကမ အဖြစ်အပျက်တွေကိုပဲ အသားပေး တင်ဆက်ထားတာ မြင်တွေ့ရပေမည့် Kokoro Connectမှာတော့ Heartseedကြောင့် စိတ်ချင်း ပြောင်းလဲသွားတဲ့ သူငယ်ချင်းတွေဟာ သူတို့ရဲ့ နေ့စဉ် ဘဝအတွက် ပုံစံမျိုးစုံနှင့် ကြိုတင် ပြင်ဆင်ရပုံတွေ၊ ကောင်လေးကနေ ကောင်မလေးကိုယ်ကို ပြောင်းသွားရင် မဟုတ်တာတွေ မလုပ်ဖို့ ကြိုတင် သဘောတူညီမှု ယူတာတွေ အစရှိသဖြင့် ရှုထောင့်မျိုးစုံက တင်ဆက်ထားသလို ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ လျှို့ဝှက်ချက်တွေကြောင့် ဟာသအခန်းတွေမှာ ရယ်ရသလို၊ အတည်ပေါက် ဇာတ်လမ်းတွေလည်း ပါဝင်တာ တွေ့ရမှာပါ။
Nitro+ရဲ့ Steins; Gateဇာတ်လမ်းနှင့် Visual Novel မှာ ဆိုရင်လည်း အမြဲ မြင်နေကျ အချိန်ခရီးသွားတဲ့ ဇာတ်လမ်းကိုပဲ ပုံစံကွဲပြားအောင် တင်ဆက်နိုင်ခဲ့သလို Kokoro Connectရဲ့ Body Swapping ဇာတ်လမ်းဟာလည်း အခြား မြင်နေကျ ဇာတ်လမ်းပုံစံနှင့် မတူဘဲ တစ်မူ ထူးခြားတဲ့အတွက် Comedyနှင့် Fantasy ဇာတ်လမ်း ပရိသတ်များ အကြိုက်တွေ့ဦးမှာ ဖြစ်ပါတယ်။ TV Seriesကိုတော့ Episode 13မှာ အဆုံးသတ်ထားပြီး ဇာတ်သိမ်းပိုင်း အစစ် Episode 14မှ 17 အထိကိုတော့ မကြာမီက DVD Special Episode အဖြစ် ဖြန့်ချိထားပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *