News

ဘားကမ့်ပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

barcamplogoraw2

တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံပြီး အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ ပွဲတွေ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို အကြောင်း အရာတွေကို ဆွေးနွေး ပြောကြားမယ် ဆိုတာကို ပွဲအတွင်း ရောက်မှသာ ခံစား သိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက် လာသူတွေကသာ ပွဲကို ပုံဖော် သွားကြတဲ့အတွက် တစ်ဦးကနေ အများဆိုတဲ့ အစဉ်အလာ မဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္႑ အမျိုးမျိုးအတွက် ဆင်ယင် ကျင်းပလာကြပေမယ့် ဒီအစဉ် အလာကတော့ ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး၊ လူငယ်၊ ပညာရပ် နည်းပညာ စတာတွေကို စုစည်း ပေါင်းဆုံပေးတဲ့ ပေါင်းကူးလို့လည်း ပြောလို့ ရပါတယ်။

ဘားကမ့်ရန်ကုန် ပထမ အကြိမ်တုန်း ကတော့ နိုင်ငံတကာ ဘားကမ့်တွေထက် ပိုမို စည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန် ထပ် လုပ်ခဲ့တာ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ ထပ်မံ ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးတွေနဲ့ အာရှ အထူးသဖြင့် အရှေ့တောင် အာရှ မှာဆိုရင်လည်း ဘားကမ့်တွေကို တစ်မြို့ပြီး တစ်မြို့၊ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံ ဆက်လက် ကျင်းပလာတာကို ကြည့်ခြင်းအားဖြင့် ဘားကမ့်တွေရဲ့ ထိရောက် အောင်မြင်မှုကို ခံစား သိရှိ နိုင်မှာ ဖြစ်ပါတယ်။

ပထမအကြိမ် ဘားကမ့် ရန်ကုန်ကို ကျင်းပခဲ့စဉ်က စီစဉ် ဆောင်ရွက်သူတွေ၊ ပူးပေါင်း ပါဝင်သူတွေ၊ တက်ရောက်သူ တွေကြောင့် ကမ်ဘာတစ်ဝှမ်း ကျင်းပခဲ့တဲ့ ဘားကမ့်တွေထဲမှာ အထူးခြားဆုံးနှင့် တက်ရောက်သူ အများဆုံးဖြင့် မော်ကွန်း တင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်မှာ ဆက်လက် ကျင်းပခဲ့တဲ့ ဘားကမ့်ရန်ကုန်မှာလည်း လူပေါင်း မြောက်များစွာဖြင့် ဆက်လက် အောင်မြင်စွာ နည်းပညာနယ်ပယ်နဲ့ အခြား ပညာရပ်နယ်ပယ် အသီးသီးက လူကြီး၊ လူငယ်များ စုံလင်စွာ တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီ့အပြင် အွန်လိုင်းမှာ ရီချက်စတာ လုပ်ထားသူများအတွက် တီရှပ်အကျႌအပြင် ဘားကမ့်တံဆိပ်ပါ လွယ်အိတ်များ လက်ဆောင်ပေးတဲ့အပြင် ကိုကာကိုလာ အချိုရည် ကုမ္ပဏီမှ အချို ရည်များ ဖောက်တိုက်ခြင်း၊ ထို့နောက် ပရီမီယာ ကော်ဖီမစ်မှ လာသမျှ လူများကို ကော်ဖီမစ် အခမ့ဲ တိုက်ခြင်း တို့ကိုလည်း အားရ ၀မ်းသာစရာ မြင်တွေ့ခဲ့ရပါတယ်။

တချို့နိုင်ငံတွေမှာ ဘားကမ့်ကို တစ်ကြိမ်မက ကျင်းပခဲ့ကြတဲ့အတွက် Barcamp NY4, Barcamp Bangkok 4, Barcamp Singapore 2012 အဲဒီလို နာမည်လေးတွေ တပ်ပြီး ကျင်းပကြပါတယ်။ ပထမတစ်ကြိမ်တုန်းကတော့ ဘားကမ့်ရန်ကုန် ၂၀၁၀လို့ အမည် တပ်ခဲ့သလိုပဲ ဒုတိယအကြိမ် လုပ်တဲ့ ပွဲကိုလည်း Barcamp YGN2 ဒါမှ မဟုတ် Barcamp Yangon 2လို့ သတ်မှတ်ထားခဲ့ကြပြီး ယခု ၂၀၁၃ခုနှစ် မှာလည်း ဘားကမ့်ရန်ကုန်ကို လူပေါင်း မြောက်မြားစွာဖြင့် ထပ်မံ ကျင်းပခဲ့ပါတယ်။

ဘားကမ့်ရန်ကုန်၂၀၁၃ ရဲ့ ရည်ရွယ်ချက်တွေကတော့ ဘားကမ့် တိုင်းမှာ ရည်ရွယ်ချက်တွေက တစ်ညီ တစ်ညာတည်း ရှိတတ်ကြပါတယ်။ ဘုံရည်မှန်းချက်လို့လည်း ခေါ်လို့ ရပါတယ်။ ဘာလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပညာရပ် နယ်ပယ်တွေနဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း ကွာခြားချက်တွေကို ပိုမို ကျဉ်းမြောင်းသွားစေဖို့နဲ့ အတူယှဉ်တွဲ ပူးပေါင်း ဆောင်ရွက်သွားနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ပေါ်ပေါက်လာစေဖို့ နီးကပ်စွာ ဆောင်ရွက်ကြပြီး သာလွန် ကောင်းမွန်တဲ့ လူသားအကျိုးပြု၊ နည်းပညာတွေကို ထိထိ ရောက်ရောက် ဆောင်ရွက်လာနိုင်ဖို့ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ကနေပြီး ချုပ်ကိုင် ဆောင်ရွက်လာမှုတွေကို တားဆီးပြီး လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေ ဆက်လက် ပေါ်ပေါက် ရှင်သန်ကြဖို့ပဲ ဖြစ်ပါတယ်။

ဘားကမ့်ရန်ကုန် ၂၀၁၃ ရဲ့ ရည်ရွယ်ချက်တွေကလည်း ထို့အတူ ပြည်တွင်းမှာ ရှိကြတဲ့ လူကြီး လူငယ်တွေအနေနဲ့ မိမိတ့ို စိတ်ပါဝင်စားစရာ နယ်ပယ်တွေမှာ ဝါသနာတူတွေ ပိုမို စုစည်းစေနိုင်ဖို့၊ မိမိတို့ ရရှိထားတဲ့ နည်းပညာတွေ အသိပညာတွေကို အများသူငါကို လွတ်လပ်စွာ မျှေ၀စေနိုင်ဖို့၊ အဖွဲ့ အစည်းတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို မြင့်တက်လာစေရန် ကြိုးစားပြီး မြန်မာ့ သတင်းအချက်အလက်နဲ့ နည်းပညာ အသိုင်းအ၀ိုင်းကို လက်ရှိ အနေအထားထက် ပိုမို ပွင့်လင်းလာတဲ့ အခွင့်အလမ်းနဲ့ ပိုမိုကောင်းမွန်တဲ့ အနေအထား ဖြစ်လာအောင် ဝိုင်း၀န်း တည်ဆောက်ကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတော့တယ်။ ဘားကမ့်ရန်ကုန် ၂၀၁၃ ကိုတော့ ဖေဖော်ဝါရီလ (၁၉)ရက်၊ (၂၀)ရက်တို့တွင် မြန်မာအင်ဖိုတက်မှာ မနက် (၉)နာရီမှ ညနေ ( ၆)နာရီအထိ ကျင်းပခဲ့ပြီး အသိပညာ၊ အတတ်ပညာများ ပိုမို တိုးပွားစေဖို့ ရည်ရွယ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ လာမည့် နှစ်များမှာလည်း ဒီ့ထက် ပိုမိုတဲ့ နည်းပညာများ တိုးတက် ပွားများပြီး ပိုမို စည်ကားတဲ့ ပွဲအဖြစ် စောင့်မျှော်နေပါတယ်ရှင်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *