News

Google Plus ရဲ့ Pages , Profile တွေအတွက် မှတ်ရလွယ်တဲ့ ကိုယ်ပိုင် လိပ်စာ တွေရပြီ

Google က Google Plus မှာ Features တစ်ချို့ကို ပြုလုပ်ပေးလိုက်ပါပြီ။ အဲဒါကတော့ Pages , Profile တွေရဲ့လိပ်စာကို မှတ်ရလွယ်ပြီး နှစ်သက်ရာ လိပ်စာတွေပြုလုပ်နိုင်တာဖြစ်ပါတယ်။ Facebook, Google Plus စတဲ့ Social Networks တွေက Profile လိပ်စာတွေဟာ ရှည်လျားပြီးမှတ်ရခက်ပါတယ်။ အခုတော့ မှတ်ရလွယ်တဲ့ လိပ်စာ ကိုပြောင်းနိုင်တဲ့အတွက် မိမိ Profile , Pages တွေရဲ့လိပ်စာကိုအလွယ်တကူမှတ်သားလို့ရပြီဖြစ်ပြီး သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကို အလွယ်တကူပြောပြလို့ရပါပြီ။

နှစ်သက်ရာလိပ်စာ ပြုလုပ်နိုင်တယ်ဆိုတာကို သိပ်မရှင်းတဲ့သူတွေအတွက် ဥပမာ ပေးရမယ်ဆိုရင် သင့်ရဲ့  Google Plus Profile URL က https://plus.google.com/u/0/103897375441006577816/  ဆိုပါစို့။ အဲဒီလိပ်စာက ရှည်လျားပြီးမှတ်ရခက်ပါတယ်။ အဲဒီလိပ်စာကို https://plus.google.com/+emil  ဒီလို မှတ်ရလွယ်တဲ့ လိပ်စာအဖြစ်ပြောင်းလို့ရလာတာဖြစ်ပါတယ်။

custom-url

ဒါပေမယ့် လူတိုင်းပြောင်းလို့မရသေးဘဲ ကန့်သတ်ချက်အနည်းငယ်ရှိပါတယ်။

  • Profile Photo တင်ထားရပါမယ်။
  • အနည်းဆုံး Follower (၁၀) ယောက်ရှိရပါမယ်။
  • အကောင့်ပြုလုပ်ထားတာ ရက်(၃၀) ပြည့်ရပါမယ်။

စီးပွားရေးလုပ်ငန်းတွေ ကလည်း သူတို့၀က်ဆိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ Pages တွေရှိရင် Custom URL ကိုတောင်းဆိုလို့ရပါတယ်။ Pages တွေဟာ Verified ဖြစ်ဖို့လိုပြီး အသေးစိတ်ကို Google Plus Help Center မှာလေ့လာပါ။

အပေါ်ကအချက်တွေပြည့်စုံတယ်ဆိုရင် Google က Custom URL ကိုပြုလုပ်ပေးပါမယ်။ သင့် Google Plus Profile , Pages ကိုသွားပြီး ကိုယ်ပိုင်လိပ်စာပြုလုပ်နိုင်ပါတယ်။ တကယ်လို့ပြုလုပ်လို့မရသေးရင်  ရက်အနည်းငယ်စောင့်ရပါမယ်။ Google က ဒီတစ်ပတ် အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြုလုပ်ပေးမယ်လို့သိရပါတယ်။

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *