News

“အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကြမ်း” ကိုလွှတ်တော်သို့ ပြန်လည်အစားထိုး တင်သွင်း

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကိုပြန်လည်ရုပ်သိမ်းပြီး ၄င်းအစားနိုင်ငံတကာစံနှုန်း အပေါ်အခြေခံ၍ လူ့အခွင့်အရေး ပြဌန်းချက်များနှင့်ချိတ်ဆက်ထားသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာ ၂၉ရက်တွင်ကျင်းပသည့် ပြည်သူလွှတ်တော် အစည်းအေ၀းသို့ တင်သွင်းခဲ့သည်ဟု သိရသည်။

ယခင်ပြည်သူလွှတ်တော်၊ပြည်သူရေးရာစီမံခန့်ခွဲမှု ကော်မတီကတင်သွင်းခဲ့ပြီး ဆွေးနွေးဆောင်ရွက်ဆဲဖြစ်သည့် “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း”ကိုပြန်လည်ရုပ်သိမ်းကာ ၄င်းအစား ယခုကဲ့သို့ပိုမိုပြည်စုံသည့် “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို “လွှတ်တော်သို့ ပြန်လည်အစားထိုးတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှုး ဦးတင်မောင်ဦးက မူလတင်သွင်းခဲ့သည့် အသင်းအဖွဲ့များ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ အသင်းအဖွဲ့များနှင့် တွေဆုံဆွေးနွေးမူ အရ၄င်း ထက်ပိုမိုကောင်းမွန်သည့် ဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်သည့်အတွက် ပြန်လည်ရုပ်သိမ်းခွင့် ပြုရန်ခွင့်တောင်း ခြင်းကို လွှတ်တော်က သဘောတူခဲ့သည်ဟု သိရသည်။

ထို့နောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်က “ယခုတင်သွင်းလာတဲ့ ဥပဒေ ကြမ်းမှာနိုင်ငံတကာ စံနှုန်းများအပေါ်အခြေခံပြီး လူအခွင့်အရေး ပြဌာန်းချက်များနှင့် ချိတ်ဆက်ထားတဲ့ ဥပဒေကြမ်းဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်” ဟု တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါအသင်းအဖွဲ့များမှ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို လွှတ်တော်တွင်လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *