News

$25 ကနေ $848,000 ငွေပွားသွားသူ

Norway နိုင်ငံက လူတစ်ယောက်ဟာ ၂၀၀၉ ခုနှစ်လောက်က Bitcoins ၅၀၀၀ ၀ယ်ယူခဲ့ပြီး အသုံးပြုခဲ့ခြင်းလည်း မရှိဘဲ ဒီအတိုင်း မေ့လျော့နေခဲ့ပါတယ်။ အခုအချိန်မှာ သူ့ရဲ့ Bitcoin တွေရဲ့တန်ဖိုးကိုတွက်ချက်ကြည့်မိတဲ့အခါမှာ $848,000 တန်ကြေးဖြစ်သွားတဲ့အတွက် အိမ် တောင်၀ယ်ယူလိုက်ပါတယ်။

Bitcoin ဆိုတာဘာလဲ?

Bitcoin အကြောင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့ တစ်ယောက် (peer to peer )တိုက်ရိုက် ငွေလွှဲပို့  လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေ၀ယ်လို့ ရောင်းလို့ရတဲ့နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ၀က်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့် ကွန်ပြူတာက နေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။အဲဒီ လို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။ အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့ မှာလည်း အသုံးပြုနိုင်ပါတယ်။ Bitcoin အသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေကိုလည်း Canada နိုင်ငံ Vancouver မှာစတင်ပြီးတပ်ဆင်တော့မှာလည်းဖြစ်ပါတယ်။ Bitcoin အကြောင်းကို လေ့လာချင်ရင် www.bitcoin.org မှာလေ့လာပါ။

eqGA8IgjoXBFN-22_v0MSAKLWNpY-8e8merFXyUQEDlw

အပေါ်မှာပြောခဲ့တဲ့ဇာတ်လမ်းကို ဆက်ပြောရရင် Norway နိုင်ငံက Koch ဆိုတဲ့ လူတစ်ယောက် ဟာ ၂၀၀၉ ခုနှစ် တုန်းက အွန်လိုင်းကနေဈေး၀ယ်ဖို့အတွက် 150 kroner($25.43 ၀န်းကျင်)  တန်ကြေးရှိတဲ့ Bitcoin တစ်ချို့၀ယ်ယူခဲ့ပါတယ်။ အဲဒီ Bitcoin ကိုလည်း အသုံးပြုခဲ့ခြင်းမရှိဘဲ မေ့လျော့နေခဲ့ပါတယ်။ တစ်နေ့တော့ သတင်းတစ်ပုဒ်မှာ ငွေကြေး အကြောင်းတွေ့ရှိပြီး သူ့ရဲ့  Bitcoin တွေရဲ့တန်ဖိုးကိုတွက်ချက်ကြည့်တဲ့အခါမှာတော့ Norway ငွေကြေးဖြစ်တဲ့ krone ငါး သန်း တန်ကြေးရှိနေတာသိလိုက်ရပါတယ်။( $848,000 ၀န်းကျင်ဖြစ်ပါတယ်။)

စစချင်းမှာတော့ သူ့ရဲ့  Encrypted Password ကိုမေ့လျော့နေခဲ့ပါသေးတယ်။ အခုတော့ သူ့ရဲ့  Bitcoin တွေကနေ တစ်နေ့ကို $75,000 လောက် ထုတ်ယူနေပါတယ်။ အခုဆိုရင် အဲဒီက ရတဲ့ ပိုက်ဆံ တွေကနေ အိမ် တစ်လုံးတောင်၀ယ်ယူပြီးပါပြီ။

စာဖတ်သူရော Bitcoin တွေအသုံးပြုဖို့စိတ်၀င်စားလားဆိုတာ ကွန်းမန့်ရေးပေးခဲ့ပါအုံး။

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *