How-to

Google Plus မှာ Text Formatting စွမ်းဆောင်ချက် အသုံးပြုမယ်

Google Plus မှာ Text Formatting ပြုလုပ်လို့ရတဲ့ စွမ်းဆောင်ချက် သုံးခုပါရှိပါတယ်။ Special Character တွေကို အသုံးပြုပြီး Format ပြုလုပ်ရတာဖြစ်တဲ့အတွက် ရှုပ်ထွေးပါတယ်။

စာသားတွေကို Bold လုပ်ချင်ရင် * Character ကို အသုံးပြုရပါတယ်။ Bold လုပ်ချင်တဲ့စာသား ရဲ့ အရှေ့နဲ့ အနောက်မှာ * ကို ထည့်ပေးရပါမယ်။ ဥပမာအားဖြင့် *စာသား* ဖြစ်ပါတယ်။

စာသားတွေကို Italics လုပ်ဖို့ _ Character ကို အသုံးပြုရပါတယ်။ Italics လုပ်ချင်တဲ့စာသားရဲ့ အရှေ့ နဲ့ အနောက်မှာ _ ကို ထည့်ပေးရပါတယ်။ ဥပမာအားဖြင့် _စာသား_ ဖြစ်ပါတယ်။

စာသားတွေကို မျဉ်းနဲ့ ဖြတ်ဖို့အတွက် – Character ကို အသုံးပြုရပါတယ်။ ဥပမာအားဖြင့် -စာသား- ဖြစ်ပါတယ်။

2

အဲဒီ Text Formatting စွမ်းဆောင်ချက် ကို Interface ပုံစံ နဲ့ အလွယ်တကူ အသုံးပြုချင်ရင် Post Editor for Google Plus ဆိုတဲ့ Chrome Extension ကို အသုံးပြုနိုင်ပါတယ်။ Extension ကို အင်စတော လုပ်ပြီးရင် Google Plus Editor မှာ Editing Toolbar ကို မြင်တွေ့နိုင်ပါတယ်။ စာသားတွေကို Select လုပ်ပြီး Bold, Italics, Strikethrough စတာတွေ လုပ်နိုင်ပါတယ်။ ဒါ့အပြင် Symbols တွေကိုပါ ထည့်သွင်းနိုင်ပါတယ်။

1

တစ်ခုမှတ်ထားရမှာက စာသားတွေကို အရင် ရွေးချယ်ပြီးမှ Format ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Format ကို အရင်ရွေးချယ်ပြီး မှ စာရိုက်လို့မရပါဘူး။

Google Plus မှာ Post တွေကို လှလှပပ နဲ့ ထိထိရောက်ရောက် တင်ဖို့အတွက် Post Editor for Google Plus ကို အောက်က လင့် မှာ အင်စတော လုပ်နိုင်ပါတယ်။

Install Post Editor for Google Plus

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *