How-to

Browserတွေရဲ့ Password Managerများကို နှိုင်းယှဉ်ကြည့်ခြင်း

ဒီနေ့ခေတ် Browserတွေမှာ Password Managerတွေ Built-Inပါရှိလာပါတယ်။ ဒီဆောင်းပါးမှာ Firefox,Chrome,Internet Explorerစတဲ့ Browserသုံးခုရဲ့ Password Managerတွေကို နှိုင်းယှဉ် ရေးသားထားပါတယ်။ convenience, security, sync features, and supported devices and operating systemsစတဲ့ အချက်တွေကို အခြေခံပြီး နှိုင်းယှဉ် သုံးသပ်သွားပါမယ်။

Mozilla Firefox
How It Works

၀က်ဆိုက်တစ်ခုမှာ Passwordရိုက်ထည့်လိုက်တာနဲ ့ Firefoxက Saveလုပ်မလား မေးပါလိမ့်မယ်။ Remember Passwordကိုနှိပ်လိုက်တာနဲ့ သိမ်းပေးမှာဖြစ်ပြီး နောက်တစ်ခါ အဲဒီ၀က်ဆိုက်မှာ Login လုပ်ရင် Firefoxကသိမ်းထားတဲ့ Passwordကိုအလိုလို ဖြည့်ပေးပါလိမ့်မယ်။ သိမ်းထားတဲ့ Password တွေကို Optionsထဲမှာ ကြည့်နိုင်ပါတယ်။

Convenience

Firefoxရဲ့ Password Managerကိုအသုံးပြုရတာ လွယ်ကူလှပါတယ်။ Clickတစ်ချက် နှိပ်လိုက်တာနဲ့ Passwordတွေကို သိမ်းပေးနိုင်ပြီး နောက်အခါများမှာ အလိုလို ဖြည့်ပေးနိုင်ပါတယ်။

Security

Firefoxရဲ့ Optionထဲမှာ Master Passwordကို အသုံးပြုလို့ ရပါတယ်။ Master Passwordကို သုံးရင် သင့် Passwordတွေကို Encryptလုပ်ပြီး သိမ်းပေးမှာဖြစ်သလို Password Managerကို သုံးဖို့  Master Passwordလိုအပ်တဲ့အတွက် သင့် Passwordတွေကို တစ်ခြားသူတွေ အလွယ်တကူ မသိနိုင်ပါဘူး။

Sync Features

Passwordတွေကို Firefox Serverကနေတစ်ဆင့် သင့်ရဲ့ Deviceတွေမှာ Sync လုပ်ပေးနိုင်ပါတယ်။ Encryptလုပ်ပြီး Syncလုပ်ပေးတာဖြစ်လို့ စိတ်ချရပါတယ်။

Supported Devices for Sync

Windows, Mac, Linux, and Androidစတဲ့ Devicesတွေမှာ Syncလုပ်လို့ ရပါတယ်။ IOS Devices တွေအတွက် ပြုလုပ်ထားတဲ့ Firefox Home appကိုတော့ Firefoxက ဆက်ပြီး Support မပေးတော့တဲ့ အတွက် iPhone,iPadစတဲ့ Deviceတွေမှာတော့ Syncလုပ်လို့ မရတော့ပါဘူး။

In Summary

အားသာချက်အနေနဲ့ Master Passwordနဲ့ လုံခြုံစေအောင် ပြုလုပ်ထားလို့ ရပေမယ့် အားနည်းချက် အနေနဲ့ကတော့ IOS Devicesတွေမှာ Syncလုပ်လို့မရတာ ဖြစ်ပါတယ်။

Google Chrome
How It Works

Firefoxလိုပဲ Chromeကလည်း Passwordတွေကို မှတ်သားပေးနိုင်ပြီး အလိုလို ဖြည့်ပေးနိုင်ပါတယ်။ Setting Pageမှာ Passwordတွေကို ကြည့်နိုင်ပါတယ်။

Convenience

Clickတစ်ချက်နှိပ်ရုံနဲ့ Passwordတွေကို သိမ်းပေးနိုင်ပြီး အလိုလို ဖြည့်ပေးနိုင်တဲ့အတွက် Firefox လိုပဲ အဆင်ပြေလှပါတယ်။

Security

Firefoxနဲ့မတူတဲ့ အချက်ကတော့ Chromeက Passwordတွေကို Windows user accountနဲ့ Encryptလုပ်ပြီး သိမ်းပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် User Accountနဲ့ အသုံးပြုတဲ့သူ မှန်သမျှ Passwordတွေကို တွေ့မြင်နိုင်တာ ဖြစ်တဲ့အတွက် လုံခြုံမှု မရှိပါဘူး။

Sync Features

Passwordတွေကို Google Serversတွေကနေ တစ်ဆင့် Encryptလုပ်ပြီး သင့် Deviceတွေမှာ Sync လုပ်ပေးနိုင်ပါတယ်။ Google Accountဒါမှမဟုတ် Passphraseကို အသုံးပြုနိုင်ပါတယ်။

Supported Devices for Sync

Windows desktop, Windows 8, Mac, Linux, Chrome OS, Android, and iOSစတဲ့ Device အားလုံးမှာ Syncလုပ်နိုင်တဲ့ အချက်က Chromeရဲ့အားသာတဲ့ အချက်တစ်ခုပါ။

In Summary

Chromeရဲ့ Deviceအားလုံးမှာ Syncလုပ်နိုင်တဲ့ အားသာချက်ရှိပေမယ့် Firefoxလို Master Passwordကို အသုံးပြုလို့ မရပါဘူး။ အဲဒီအတွက် Securityပိုင်းကို အလေးထားရင် Firefoxကို အသုံးပြုပါ။

Internet Explorer
How It Works

၀က်ဆိုက်တစ်ခုမှာ Passwordဖြည့်ရင် သိမ်းပေးဖို့ IEက ပြောပါလိမ့်မယ်။ နောက်တစ်ခါ အဲဒီ၀က်ဆိုက်ကို Login၀င်ရင်တော့ အလိုလို မဖြည့်ပေးနိုင်ပါဘူး။ Username Boxမှာတစ်ချက် Click ပြီးမှ အကောင့်ကို ကိုယ်တိုင် ရွေးချယ်ပေးရမှာပါ။ နောက်ပြီး IEမှာသိမ်းထားတဲ့ Passwordတွေကို ကြည့်လို့မရပါဘူး။ ကြည့်ချင်ရင် IE PassViewလို Third-Party Toolတစ်ခုကို အသုံးပြုရမှာပါ။

Convenience

Firefox,Chromeတို့လို ပဲ Passwordတွေကို အလွယ်တကူ မှတ်သားပေးနိုင်ပေမယ့် အလိုလို မဖြည့်ပေးနိုင်တာက IEရဲ့အားနည်းချက် တစ်ခုပါ။ နောက်ပြီး သိမ်းထားတဲ့ Passwordတွေကို မကြည့်ရှုနိုင်ပါဘူး။

Security

Chromeလိုပဲ IEက Passwordတွေကို Windows user accountနဲ့ Encryptလုပ်ပြီး သိမ်းပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် User Accountနဲ့အသုံးပြုတဲ့ သူတွေက IE PassViewလို Toolတွေ သုံးပြီး သင့်Passwordတွေကို တွေ့မြင်နိုင်တာ ဖြစ်တဲ့အတွက် လုံခြုံမှုမရှိပါဘူး။ ဒီအချက်မှာ Firefox က Chrome,IEတို့ထက်သာလွန် ကောင်းမွန်ပါတယ်။

Sync Features

IEကတော့ Windows 8 Deviceတွေမှာပဲ Syncလုပ်ပေးနိုင်တာ ဖြစ်တဲ့အတွက် Sync Features မှာတော့ Firefox,Chromeတို့လောက် မကောင်းတာ တွေ့ရမှာပါ။

Supported Devices for Sync

အပေါ်မှာ ပြောခဲ့သလိုပဲ Windows 8 Deviceတွေမှာပဲ Syncလုပ်လို့ရပြီး Windows Version အဟောင်း များမှာရော တစ်ခြား OSသုံး Deviceများမှာပါ Syncလုပ်လို့မရပါဘူး။ Windows Phone မှာတောင် Syncလုပ်လို့ မရဘူးလို့ ဆိုပါတယ်။

In Summary

အချုပ်အားဖြင့် IEက Firefox, Chromeတို့နဲ ့နှိုင်းယှဉ်လိုက်ရင် အည့ံံဆုံး Browserဖြစ်တာကို တွေ့ရမှာပါ။ Passwordကိုအလိုလို မဖြည့်ပေးနိုင်တာတွေ၊ Passwordကိုကြည့်ဖို ့ Third-Party Tool တွေ အသုံးပြုရတာတွေ၊ Windows 8ကလွဲပြီးတစ်ခြား Deviceတွေမှာ Sync လုပ်လို့ မရတာတွေဟာ IE ရဲ့အားနည်းတဲ့ အချက်တွေပါပဲ။

ဘယ် Browserအကောင်းဆုံးလဲ ?

အခုဆိုရင် အားနည်းချက်၊ အားသာချက်တွေကို စာဖတ်သူတွေ့ မြင်နိုင်ပါပြီ။ အကြံပေးချက် သုံးခုရှိပါတယ်။

– Passwordတွေကို Master Passwordနဲ့ လုံလုံခြုံခြုံ သုံးချင်ရင် Firefoxကိုသုံးပါ။

– IOS Deviceတွေကို အသုံးပြုတဲ့သူ ဆိုရင်တော့ Chromeကိုသုံးပါ။

– ၀င်းဒိုး User Accountကို တစ်ခြားသူတွေနဲ့ Shareလုပ်ပြီး သုံးနေရတယ် ဆိုရင်တော့ Online Bank Accountလို အရေးကြီးတဲ့ Passwordတွေကို မမှတ်ထားသင့်ပါ။

Browserတွေရဲ့ Password Managerတွေမှာ အားနည်းချက်တွေ ရှိပါတယ်။ ဒါကြောင့်မို့လည်း LastPassလို Password Managerတွေ တည်ရှိနေတာပါ။ LastPassမှာ Strong Passwordတွေကို Generateလုပ်ပေးနိုင်တာတွေ၊ Google Authenticator Appကိုသုံးပြီး သင့်အကောင့်ကို သော့နှစ်ထပ်ခတ်ပြီး ကာကွယ်ထားနိုင်တာတွေ၊Secure Note မှတ်သားနိုင်တာတွေ၊ Formတွေကို အလိုလို ဖြည့်ပေးနိုင်တာတွေ စတဲ့ အားသာချက်တွေ အများကြီးရှိတဲ့ Password Managerတွေ ကိုလည်း စမ်းသုံးကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Browserတွေရဲ့ Password Managerများကို နှိုင်းယှဉ်ကြည့်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *