News

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခု အသစ်ဖွင့်လှစ်ရန် စီစဉ်နေ

University-of-Fishery

ရေလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး အသိပညာ၊ အတတ်ပညာရှင်များ ဖြစ်ထွန်း မွေးထုတ်နိုင်ရန်အတွက် ငါးလုပ်ငန်း တက္ကသိုလ် တစ်ခုကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရပါသည်။

မြန်မာနိုင်ငံ ဘက်စုံ ဖံွ့ဖြိုးရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပိုမို ဖြစ်ထွန်း မွေးထုတ်ပေးရန်အတွက် ကြိုးစားလျက်ရှိရာတွင် အဆိုပါ ငါးလုပ်ငန်း တက္ကသိုလ်မှာ နိုင်ငံအတွက် လိုအပ်နေသော တက္ကသိုလ် တစ်ခုလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေကြေး အကုန်အကျခံ တည်ဆောက်မည် ဖြစ်ပြီး၊ နိုင်ငံတကာမှ ငွေကြေး အထောက်အပ့ံ အကူအညီများ ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက လာမည့်နှစ် အနည်းငယ်အတွင်း ကျောင်းသားများကို လက်ခံ သင်ကြား ပေးနိုင်ရေး ကြိုးစားသွားမည်ဟု ဆိုပါသည်။ ၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး တက်ရောက် သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ၊ ရေလုပ်ငန်းဆိုင်ရာများ၊ ငါးဖမ်းခြင်း၊ ငါးမွေးမြူခြင်းနှင့် ငါးအပါအဝင် ရေထွက် ကုန်ပစ္စည်းများ နိုင်ငံတကာအဆင့်မီ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်နိုင်မည့် ပညာတတ် လူငယ်များ မွေးထုတ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *