Automobile

Range Rover 2013

Range-Rover-2013

Range Rover 2013ဟာ အရွယ်အစား ကြီးကြီးမားမားနဲ့ Four-Wheel Dirve SUVကားတစ်စီးပဲ ဖြစ်ပါတယ်။ စက်စွမ်းအား ကောင်းမွန်မှု၊ လမ်းကြမ်း လမ်းချောမရွေး ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်မှု အပြင် အဆင့်အတန်း မြင့်မားပြီး သက်သောင့်သက်သာ စီးနင်းဖို့ ကျယ်ဝန်းတဲ့ အတွင်းခန်း စတာတွေနဲ့ ပြည့်စုံနေတဲ့ Range Roverနဲ့သာဆိုရင် လမ်းမထက်မှာ အရှိန်အဟုန်နဲ့ လွင့်မျောဖို့ ဘာကို ဂရုစိုက်နေဦးမှာလဲ။ Range Rover 2013ဟာ Range Rover Seriesရဲ့ လေးဆက်မြောက် မျိုးဆက်ဖြစ်ပြီး၊ မိခင်ကုမ္ပဏီ Land Roverက ထုတ်လုပ်တာပါ။ Base Modelမှာဆိုရင် 5.0L V8 အင်ဂျင်က တစ်မိနစ်မှာ အင်ဂျင်လည်ပတ်နှုန်း 6500RPMနဲ့ မြင်းကောင်ရေ 375HP အား ရှိပါတယ်။ အော်တိုဂီယာ ၈ချက် Transmissionနဲ့မို့လို့ တကယ်ကို စွဲမက်ဖွယ် စွမ်းအားပဲ ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ ဆီတစ်ဂါလံကို မြို့တွင်း ၁၄မိုင်နဲ့ ဟိုင်းဝေးလမ်းပေါ်မှာ မိုင်၂၀မောင်းလို့ ရမှာ ဖြစ်ပြီး ဆီတိုင်ကီက ၂၇.၇ဂါလံ ထည့်ထားလို့ ရမှာဖြစ်လို့ ဆီအပြည့်ဖြည့်ထားရင် မြို့တွင်း ၃၈၈မိုင်နဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ၅၅၄မိုင်လောက် ဆက်တိုက် ပြေးနိုင်မှာ ဖြစ်ပါတယ်။ Supercharged Modelမှာ ဆိုရင်တော့ 5.0L V8 Supercharger အင်ဂျင်က မြင်းကောင်ရေ 510HP အားရှိပါတယ်။ Transmissionကတော့ အော်တိုဂီယာ ၈ချက်ခြင်း အတူတူပါပဲ။ အင်ဂျင်ရုန်းအား ကွာခြားသွားပေမယ့် ဆီစားနှုန်းကတော့ သိပ်မကွာပါဘူး။ ဆီတစ်ဂါလံကို မြို့တွင်း ၁၃မိုင်နဲ့ ဟိုင်းဝေးလမ်းမှာ ၁၉မိုင် မောင်းနှင်နိုင်မှာပါ။ အပြင်ပန်းက ကြည့်မယ်ဆိုရင် သေသပ်ကျနစွာ တပ်ဆင်ထားတဲ့ ရှဲလ်၊လေခွင်းအား ကောင်းမွန်တဲ့ Body ကောက်ကြောင်းတွေနဲ့ Range Roverရဲ့ မူပိုင်ဟန်ကို မပျောက်စေဘဲ ခေတ်မီလှပနေတဲ့ Ranger Rover 2013ဟာ အခက်အခဲ အားလုံးကို မိုက်မိုက်ကန်းကန်း ဖြတ်ကျော်ဖု့ိ အသင့်ဖြစ်နေတဲ့ စစ်သည်တော် တစ်ယောက်လိုပါပဲ။

Base Modelမှာ ၁၉လက်မ အရွယ်အစားရှိပြီး Supercharged မှာဆိုရင် ၂၂လက်မ အရွယ်အစားရှိတဲ့ အလွိုင်းဝှီးတွေနဲ့ Range Rover 2013ဟာ တောင်တက်တောင်ဆင်းလမ်းတွေမှာ တာယာကုပ်အား အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ရေလွှမ်းနေတဲ့ လမ်းတွေ (သို့မဟုတ်) တောတွင်းလမ်းက ရေအိုင်ငယ်တွေကို ဖြတ်ကျော်ရမယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ ၃၅.၄လက်မအနက်ရှိတဲ့ ရေပြင်ကို ကောင်းကောင်း ထိုးခွဲ ဖြတ်ကျော်နိုင်ပါတယ်။ ချောမွေ့တဲ့ လမ်းတွေပေါ်မှာ ဇိမ်ခံကား တစ်စီးရဲ့ ငြိမ့်ညောင်းတဲ့ အရသာအပြည့် ပေးစွမ်းနိုင်တဲ့ ဒီကားဟာ လမ်းကြမ်းကြမ်းတွေပေါ်မှာ ရွံွ့ှနံွ့တွေ ရေအိုင်တွေနဲ့ မတ်စောက်လှတဲ့ အတက်အဆင်းတွေကို ကောင်းစွာ ရင်ဆိုင်ဖို့ အသင့်ပါပဲ။ Entertainmentပိုင်းအနေနဲ့လည်း Sirius XM Satellite Radioပါဝင်ပါတယ်။ DVD Playerနဲ့ 380Watts ရှိတဲ့ Meridian Premium Brand Stereo System စပီကာ ၁၃လုံး ပါဝင်ပါတယ်။ USB Port ပါဝင်သလို iPodနဲ့ iPhoneတု့ိနဲ့ ချိတ်ဆက်ပြီးလည်း သီချင်းတွေ ဖွင့်နိုင်မှာ ဖြစ်ပြီး Bluetooth Connectionနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Driver ထိုင်ခုံကို Base Modelမှာ ပုံစံ ၈မျိုးနဲ့ Superchargedမှာ ပို့စ် ၁၂မျိုး ပြောင်းနိုင်ပါတယ်။ နှင်းကျတဲ့နိုင်ငံတွေမှာ မှန်တွေနဲ့ လည်သာခုံတွေကို အနွေးဓာတ်ပေးနိုင်ဖို့ အပူပေးစနစ်လည်း ပါဝင်ပါတယ်။ Cruse Control, Three Zone Climate Control စတဲ့ နည်းပညာတွေအပြင် Parking ထိုးရာမှာ အဆင်ပြေစေဖို့ ရှေ့/နောက် Parking Sensorတွေ ပါဝင်ပြီး နောက်ကြည့် ကင်မရာလည်း ပါဝင်ပါတယ်။ Safety Featureတွေအနေနဲ့ ဘီးလေးဘီးစလုံးပေါ်မှာ မျှတစွာ သက်ရောက်စေမယ့် 4-Wheel ABS စနစ်၊ Traction Control, Stability Control စတာတွေ ပါဝင်သလို နေ့ခင်းဘက်မှာပါ ကိုယ့်ရဲ့ကားကို သတိထားမိစေအောင် Daylamp ဇီနွန်မီးလုံးတွေလည်း ပါဝင်ပါတယ်။

ထူးခြားတဲ့ အချက်တစ်ခုအနေနဲ့ အောက်ပိုင်း ဆိုင်းထိမ်းစနစ်ကို ပုံစံငါးမျိုး ပြောင်းနို်င်မှာ ဖြစ်ပါတယ်။ သာမန်လမ်းမျိုးမှာ မောင်းနှင်နေချိန်နဲ့ နှင်းကျနေတဲ့လမ်း၊ ရွှံ့နွ့ံထူထပ်တဲ့လမ်းနဲ့ ကျောက်တုံး၊ ကျောက်ခဲ ပေါများတဲ့ တောင်တက် တောင်ဆင်းလမ်း စတာတွေပေါ်မှာ မောင်းနှင်ခြင်း စတဲ့ အချက်တွေကို မူတည်ပြီး စိတ်ကြိုက် ရွေးချယ် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မရွေးချယ်ချင်ဘူးဆိုရင်လည်း Auto Modeကို ရွေးချယ်ထားရင် သင့်တော်မယ့် ဆိုင်းထိမ်းစနစ်ကို အလိုအလျောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အသေးစိတ်အကြောင်းကို သိချင်တယ်ဆိုရင် (သို့မဟုတ်) ဝယ်ယူ လိုတယ်ဆိုရင်တော့ Golden Dragon Trading, LLC Co.,Ltd.ဖုန်း – 09-732-543-35သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

One thought on “Range Rover 2013

  1. Hla Phone Khine says:

    I want this car. 🙂

Leave a Reply

Your email address will not be published. Required fields are marked *