News

Dropbox မှ App များအား Offline အသုံးပြုနိုင်ခြင်း…

Dropbox ၏ CEO တစ်ဦးဖြစ်သူ Drew Houston က “အသုံးပြုသူတွေအနေနဲ့ ၄င်းတို့ရဲ ့ internet connection မရှိဘဲနဲ့လည်း App တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်ရှိ နေရာတိုင်းသည်လည်း အင်တာနက် အသုံးပြုမှု အဆင်ပြေစေမည်မဟုတ်ပေ။ သင့်အနေဖြင့် သင်၏ Twitter တွင် Tweet မရသည်ဖြစ်စေ၊ Facebook တွင် News Feed များတက်မလာသည်ဖြစ်စေ၊ Instagram တွင် photo များ တင်၍ မရသည်ဖြစ်စေ၊ G-mail အဟောင်းများကို ဖွင့်ဖတ်၍ မရသည်ဖြစ်စေ အင်တာနက် ကွန်နက်ရှင်နှေးကွေးသည့် အခါ Application များ၏ Data လုပ်ဆောင်မှုများ ကျဆင်းသွားတတ်သည်။

နှစ်ကာလများစွာ ကျွနု်ပ်တို့သည် ကမ္ဘာကြီးကို Internet ဖြင့်လွှမ်းမိုးခဲ့ကြသော်လည်း ၄င်း Internet က အမြဲတစေ လွယ်ကူလျင်မြန်နေမည် မဟုတ်ချေ။ ဤအချက်ကို ကျွနု်ပ်တို့အားလုံး သတိပြုသင့်သည်။ Dropbox မှ အင်ဂျင်နီယာတစ်ဦး ဖြစ်သူ Aditya Agarwal ကလည်း “အရာတိုင်းမှာ အမြဲတမ်း ကျွနု်ပ်တို့ စဉ်းစားနေပါတယ်။ ဒီနေ့ Offline ဖြစ်ပေမယ့် နောက်နေ့ နည်းနည်းနှေးတဲ့ Speed မျိုးနဲ့ Internet Connection တစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။Dropbox သည် လက်ရှိအချိန်တွင် အသုံးပြုသူပေါင်း ၁၇၅ သန်းခန့် ရှိနေပြီး ၄င်းတို့၏ Data နှင့် File များကို အချိန်မရွေး၊ နေရာမရွေး အသုံးပြုနိုင်တော့မည် ဖြစ်သည်။

Ref : http://techcrunch.com/2013/07/09/it-shouldnt-matter-if-youre-off-or-on/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *