News

ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံတော်မှ နှစ်ရှည်ချေးငွေ ပေးဦးမည်ဟု သိရ

ဌာနဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့ရသည့် လစာ၏ ဆယ်ဆကို နှစ်ရှည်ပေးသွင်းစနစ်ဖြင့် အစိုးရမှ ငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြားသည်ဟု သိရသည်။

“ဝန်ထမ်းတစ်ယောက်က လစာတစ်သိန်းရတယ်ဆိုရင် ဆယ်သိန်းအထိ ချေးမယ်။ ပြီးမှ လစာထဲက အရစ်ကျ ဖြတ်သွားမယ်”ဟု ၎င်းက ပြောသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ထုတ်ချေးနိုင်ရန်အတွက် ယခင်အစိုးရလက်ထက်က ချေးငှားဖူးသည် ဝန်ထမ်းများ၏ စာရင်းများကို ကောက်ယူလျက်ရှိပြီး ယခင်အကြွေးများ အားလုံး ပြန်ရပြီးပါက လစာ၏ ၁၀ဆကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

“တကယ်သာ ထုတ်ချေးမယ်ဆိုရင်တော့ ဝန်ထမ်းတွေအတွက် ဝမ်းသာစရာပေါ့”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ အကြီးတန်း ဘဏ်စာရေးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ထုတ်ချေးရာ၌ ဝန်ထမ်းများ၏ လုပ်သက်များ၊ ပင်စင်ယူမည့် အချိန်နှင့် ၎င်းတို့၏ အသက်များကို တွက်ချက်ကာ ပြန်ဆပ်ရမည့် လစဉ်ငွေပမာဏကို တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ သတင်းသာ အတည်ဖြစ်ပါက ဌာနဆိုင်ရာ ဝန်ထမ်းများ ဝမ်းသာစရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများကို လစာများ တိုးပေးမည် ဟုလည်း ကောလာဟလ ထွက်နေသည်။ ယခုကဲ့သို့ နှစ်ရှည်ချေးငွေ ချေးပေးမည်ဆိုလျှင်လည်း မဆိုးပါ။ လစာ၏ ဆယ်ဆဆိုသဖြင့် ယခင်ကြွေးကျန် ရှိသူများလည်း ဖြစ်သည့်နည်းနှင့် ပြန်ဆပ်ကြရလိမ့်မည်။ ကြွေးများ ကျေမှ ချေးငွေကို ရကြရမှာ ဖြစ်ပါသည်။ ငွေချေးပြီးလျှင်တော့ ဘာလုပ်ကြမည်နည်း။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံတော်မှ နှစ်ရှည်ချေးငွေ ပေးဦးမည်ဟု သိရ

  1. TSuAung says:

    good

Leave a Reply

Your email address will not be published. Required fields are marked *