News

မကြာမီ ကာလအတွင်း မြန်မာနိုင်ငံမှ Dell ချစ်သူများ၏ လက်တစ်ကမ်း သို့ ရောက်ရှိ လာတော့မည့် Dell Ultra XPS 12 နှင့် Dell Vostro 5460

အဆိုပါ Dell ကုန်ပစ္စည်း နှစ်မျိုးနှင့် ပက်သက်တဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ရက်နေ့ ညနေ ၆း၀၀အချိန်က ရန်ကုန်မြို့ Park royal ဟိုတယ်၌ ကျင်းပရာ Dell၏ အင်ဒိုချိုင်းနား ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ဒါရိုက်တာနှင့် အထွေထွေ မန်နေဂျာဖြစ်သူ Mr. Anothi Wettayakornနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ Dellအရောင်း ကိုယ်စားလှယ်ကြီးများနှင့် Dell Productများကို အစဉ်တစိုက် ဝယ်ယူ အားပေးသူများ တက်ရောက် ကြပါတယ်။ အဆိုပါ ပွဲတွင် Mr. Anothi Wettayakornကိုယ်တိုင် ပစ္စည်းများအကြောင်း အသေးစိတ် မိတ်ဆက် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

မျက်နှာပြင် Full HD ၁၅လက်မခွဲ အရွယ်ရှိ Ultra XPS 12 Touch Screen Ultrabook မှာ Processorအားဖြင့် 3rd Gen Intel® Core™ i5ကို အသုံးပြုထားကာ Windowကိုလည်း နောက်ဆုံးဖြစ်တဲ့ Window 8 Pro ကိုအသုံးပြုထားပါတယ်။ ခိုင်ခံ့မှု အနေအထားမှာ လည်း ပစ္စည်းတစ်ခု တစ်ခုလုံးကို ကာဘွန်ဖိုက်ဘာ
ဖြင့် ပြုလုပ်ထားသာကြောင့် ပေါ့ပါးခိုင်ခံ့ မာကျောမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Ultra XPS 12 Touch Screen Ultrabook၏ ထူးခြားချက် တစ်ခုမှာ Ultrabookရဲ့ Lidကို အလွယ်တကူ ပြောင်းပြန် လှန်ကာ ပိတ်ပြီး Tablet တစ်ခုကဲ့သို့ အသုံးပြု နိုင်တာဟာလည်း Dellရဲ့ စွမ်းဆောင်ချက် တစ်ခုပင် ဖြစ်ပါတယ်။ Touchscreenအတွက် လက်ဆယ်ချောင်းလုံး တပြိုင်နက် အသုံးပြုနိုင်မည့် Multi-Touch ကို Window 8နှင့် လိုက်လျောညီစွာ အသုံးပြုရန် ထည့်သွင်းထားပါတယ်။

ထို့အပြင် မျက်နှာပြင် LED ၁၄လက်မအရွယ်ရှိ Vostro 5460 Laptop ဟာ အထူ ၁၈.၃မီလီမီတာ ရှိပြီး အလေးချိန်အားဖြင့် ၁.၅၄ကီလိုဂရမ် ရှိသောကြောင့် သွားလေရာပေါ့ပေါ့ပါးပါးသယ်ဆောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Window 8 Consumer (64bit) ၊ Window 8 Business (64bit) နှင့် Ubuntu Window စသည်ဖြင့်ရွေးချယ် ဝယ်ယူနိုင်ပြီး CPUကို 3rd Gen Intel® Core™ i3 နှင့် i5 processorများကို အသုံးပြုထားခြင်းကြောင့် သင်ရဲ့အလုပ်များကို အချိန်နှင့် တစ်ပြေးညီ လျှင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ Vostro 5460 Laptopကို မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ၅၉၉ဒေါ်လာဖြင့် ဖြန့်ဖြူးသွားမှာ
ဖြစ်တဲ့အတွက် ဈေးနှုန်းအားဖြင့်လည်း သင့်တင့်တာကို တွေ့ရပါတယ်။

အဆိုပါ ပစ္စည်းများကို မကြာမီကာလအတွင်း KMD နှင့် Myanmar Dragon Powerတို့မှ တရားဝင်ဖြန့်ချီသွားမည်ဟု သိရပါတယ်။ အသေးစိတ်အချက်အလက်များကိုတော့ www.dell.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref : idealab.talkingpointsmemo.com, www.superadrianme.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *