News

e-Government ဆိုင်ရာ သရုပ်ပြ ရှင်းလင်းပွဲအတွက် အဆိုပြုလွှာများ ဖိတ်ခေါ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အရာရှိကြီးများအား ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းမှ IT Training သင်တန်း ပို့ချလျက်ရှိပြီး e-Yangon Solution Awareness အတန်းတွင် e-Goverment ဆိုင်ရာ နည်းပညာများအား သရုပ်ပြ ရှင်းလင်းရန် စိတ်ပါ ၀င်စားသူများအတွက် အဆိုပြုလွှာများ ဖိတ်ခေါ်ထားရှိသည်။

ယင်း အတန်းတွင် တစ်ချိန်လျှင် တစ်နာရီနှုန်းဖြင့် အတန်းချိန် ၁၅ချိန်အတွက် e-Government ဆိုင်ရာ သရုပ်ပြ ရှင်းလင်းမည့် ခေါင်းစဉ် ၁၅ခုအား စိစစ် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။ စိစစ် ရွေးချယ်ရာတွင် လက်တွေ့အကောင်အထည် ဖော်နိုင်မှုကို အခြေခံထား ရွေးချယ်မည်ဖြစ်ပြီး e-Government စနစ်ကို အထောက်အကူပြုနိုင်သော solution, production? Prototypeများ ဖြစ်ရမည့်အပြင် တစ်နာရီအတွင်း တင်ပြ နိုင်ရန် လိုအပ်ကြောင်း၊ Commercial Solution သို့ Product ပြသခြင်းကို ဦးစားပေး တစ် Prototype ပြသခြင်းကို ဦးစားပေး နှစ် အနေဖြင့် စိစစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: www.myanmartutorials.com

Related Posts

2 thoughts on “e-Government ဆိုင်ရာ သရုပ်ပြ ရှင်းလင်းပွဲအတွက် အဆိုပြုလွှာများ ဖိတ်ခေါ်

  1. may thu kyaw says:

    ကောင်းပါတယ်….ပညာတွေတိုးတာပေါ့

  2. ei hnin phyo says:

    ကောင်းပါတယ် အစဉ်ပြေတာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *