Cameras, Review

စောင့်ကြည့် ကင်မရာတွေထဲမှာ စျေးကွက် ချဲ့ထွင်လာတဲ့ Dahua

Dahua အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်တဲ့ Zhejiang Dahua နည်းပညာကုမ္ပဏီလီမိတက်ဟာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗီဒီယိုခြေရာခံစောင့်ကြည့်ထောက်လှမ်းတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကမ္ဘာ့ဈေးကွက်ထဲ ထုတ်လုပ်ဖြန့်ချိနေပါတယ်။

ကမ္ဘာ့နေရာအသီးသီးမှာ Dahua ဝန်ထမ်းပေါင်း ၁၃,၀၀၀ ရှိနေပြီး နိုင်ငံပေါင်း ၁၈၀ ကျော်ကနေ Duhua ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုနေကြပါတယ်။

အာရှ၊ အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတို့မှာ Dahua ဟာ တခြားတရုတ်ကုမ္ပဏီတွေနည်းတူ ဈေးကွက်သစ်တွေ ချဲ့ထွင်လျက်ရှိပါတယ်။

တရုတ်အမျိုးသားအဆင့်မြင့်နည်းပညာလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ Dahua ဟာ Shenzhen စတော့အိတ်ချိန်းမှာ ၂၀၀၈ ခုနှစ်၊ မေလက စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

ကုမ္ပဏီဟာ ဗီဒီယိုနည်းပညာတွေအပေါ် အခြေခံပြီး ပေါ်ထွက်လာမယ့် အခွင့်အလမ်းတွေကို ဆက်လက်လေ့လာသုတေသနပြုနေပြီး စက်ပစ္စည်းထိန်းသိမ်းမောင်းနှင်မှုစောင့်ကြည့်စနစ်တွေ၊ ဗီဒီယိုကွန်ဖရင့်စနစ်တွေ၊ ပရော်ဖက်ရှင်နယ်မောင်းသူမဲ့လေယာဉ်တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ ဦးတည်ချက်ထားရှိပါတယ်။

ယနေ့ Dahua ရဲ့ထုတ်ကုန်တွေကတော့ Network ကင်မရာ၊ HDDVI ကင်မရာ၊ PTZ ကင်မရာ၊ Thermal ကင်မရာ၊ Network Recorders, HDCVI Recorders, EZ-IP, ဗီဒီယိုအင်တာကွန်း၊ ဗီဒီယိုကွန်ဖရင့်စနစ်၊ IVS, Drone, Dedicated Products, Machine Vision, Kits, လုံခြုံရေးပုံဖော်စနစ်နဲ့ အခြားအီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး စသည်တို့ဖြစ်ပါတယ်။

Dahua က ထုတ်လုပ်တဲ့ စောင့်ကြည့်ကင်မရာအမျိုးမျိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို ICT.com.mm မှာ ဝယ်ယူရရှိနိုင်ပါပြီ။

https://www.ict.com.mm/brand/dahua/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *