Graphic Cards, Graphics, Review

ထိုင်ဝမ်ထိပ်တန်းအမှတ်တံဆိပ်ဖြစ်ခဲ့တဲ့ Biostar

Biostar Micro International ကော်ပိုရေးရှင်းဟာ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး motherboards, video cards, expansion cards, thermal grease, headphones, home theater PCs, remote controls, desktops, system-on-chip solutions နဲ့ စက်မှုလုပ်ငန်းသုံး PCs စတဲ့ ကွန်ပျူတာ hardware ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချပေးပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ထိပ်တန်းအမှတ်တံဆိပ် ၂၀ စာရင်းမှာ ၂၀၀၈ ခုနှစ်က ထည့်သွင်းအသိအမှတ်ပြုခံရပြီးတော့ သူ့အမှတ်တံဆိပ်ရဲ့ ခန့်မှန်းခြေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းရှိပါတယ်။ တရုတ်ပြည်မကြီးက iCafe အတွက်လည်း နံပါတ်တစ် motherboard တွေကို ထုတ်လုပ်ပေးနေပါတယ်။

ကုမ္ပဏီကို ၁၉၈၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီးတော့ ၁၉၉၉ ခုနှစ်မှာ ထိုင်ဝမ်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ISO 9001 လက်မှတ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ Nvidia nForce အခြေခံတဲ့ motherboards တွေအဖြစ် အောင်မြင်စွာပေါင်းစည်းနိုင်ခဲ့ပါတယ်။ Nvidia ရဲ့ဂရမ်ဖစ်ဖြေရှင်းနည်းတွေနဲ့ ပထမအဆင့်မိတ်ဖက်အဖြစ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း Biostar က ကြေညာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ မေလတုန်းကလည်း built-in Wireless LAN ပူးတွဲပါဝင်တဲ့ motherboard ကို ပထမဆုံးထုတ်လုပ်သူဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။

အဲဒီနောက် Gaming motherboards တွေကို ဈေးကွက်ထဲမှာ မျက်နှာပန်းလှလှနဲ့ ရောင်းချနိုင်အောင် Biostar က အထူးကြိုးပမ်းခဲ့ပါတယ်။

Biostar အမှတ်တံဆိပ်နဲ့ motherboard အမျိုးမျိုးကို ICT.com.mm မှာ ရနိုင်ပါပြီ။

https://www.ict.com.mm/brand/biostar/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *